မိုးစပါးမရိတ်သိမ်းမှီနှင့် ရိတ်သိမ်းပြီးနောက် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းကောင်းများ
- မရိတ်သိမ်းခင် (၁၀-၁၅) ရက်အလိုတွင် ရေဖြတ်ထားပေးရမည်။• စပါးစေ့၏ အရောင်နှင့် အစိုဓါတ်ကို ကြည့်ခြင်းအားဖြင့် ရိတ်သိမ်းချိန်ကို ခန့်မှန်းနိုင်သည်။• အချိန်စောပြီး ရိတ်သိမ်း မယ်ဆိုလျှင် မရင့်မှည့်သေးသော စပါးနှံများနှင့် အဆံ မအောင်တာတွေ ပါဝင် လာတတ်သောကြောင့် စပါးကြိတ်တဲ့အခါ အလွယ်တူ ကျိုးပဲ့ ပျက်စီးစေနိုင်တဲ့ အပြင် မျိုးစေ့အဖြစ် ပြန်လည် အသုံးပြုတဲ့ အခါမှာလည်း “မျိုးစေ့မမှန် ပင်မသန်”ဆိုတဲ့ စကားအတိုင်း မျိုးအောင်နိုင်မှာ မဟုတ်ပါဘူး။• နောက်ကျမှ ရိတ်သိမ်းသောအခါ စပါးနှံများ ကြွေကျပြီး ငှက်များ၏ ရန်ကြောင့် ပျက်စီးခြင်းများ ကြုံကြိုက်နိုင်သဖြင့် ပျက်စီးဆုံးရှုံးမှု ပမာဏ ပိုမိ များသွားနိုင်ပါသည်။• ရာသီဥတုဒဏ်ကြောင့်လည်း စပါးအရည်အသွေး ကျဆင်းနိုင်သောကြောင့် အချိန်မှန် ရိတ်သိမ်းခြင်းကသာ အကောင်းဆုံး ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် စပါးပန်းပွင့်ပြီး (၂၅-၃၀)ရက် ကြာပြီးနောက်မှာ စပါးခင်း အပြည့်နီးပါး စပါးနှံများ မှည့်ဝင်းလျှင် ရိတ်သိမ်းဖို့ အကောင်းဆုံး အချိန် ဖြစ်ပါတယ်။• မရိတ်သိမ်းမီ အောက်ဘက်နား ရောက်နေသော စပါးနှံများအား မာမမာ သွားဖြင့် ကိုက်၍ စမ်းသပ်ကြည့်ပါ။ မာဆတ်ဆတ် ဖြစ်နေပြီဆိုပါက ရိတ်သိမ်းရန် သင့်တော်နေပြီ ဖြစ်ကြောင်း သိရှိရမှာ ဖြစ်ပါတယ်။.• စပါးရိတ်သည့်အခါ မြေပြင်အထက် (၄-၅) စင်တီမီတာ အထက်လောက်မှ ရိတ်သိမ်းသင့်သည်။• လက်ကျန် ရိုးပြတ်တွေကို တက်နိုင်သမျှ အတိုဆုံး ဖြစ်အောင် ရိတ်ပစ်ရမည်။ ထိုမှသာ နောက်အတွက် မြေပြင်သည့် အခါ ရိုးပြတ်များကို မြေကြီးနှင့်အတူ ရောမွှေပြီး အလွယ်တကူ ဆွေးမြေ့စေရန် ဖြစ်သည်။• စပါးရိတ်ပြီးသည့်အခါ လက်ကျန် ရိုးပြတ်များအတွင်းသို့ ဆစ်ပိုးကောင်များ ခိုအောင်း နေတက်ပြီး မျိုးဆက် ပြန့်ပွားနိုင်ပါသည်။• စပါးရိတ်ပြီးသည့် အခါ ရိုးပြတ်မှ အနှံပြန်လည် ထွက်လာသည့် တိုင်အောင် မထားပါနှင့်။ ထိုသို့ထားပါက စိုက်ခင်းထဲတွင် ရောဂါ၊ ပိုးမွှားများ ခိုအောင်းနေတက်ပြီး ရရှိလာသည့် အစေ့အအဆန်မှာလည်း အရည် အသွေးမပြည့်မီသောကြောင့် ဖြစ်သည်။.• လက်ကျန်ရိုးပြတ်ပင်မှ နောက်ထပ် စပါးနှံဖြစ်အောင် ထားမယ်ဆိုရင် -- ပန်းပွင့်ခြင်း၊ စပါးအစေ့အဆန်တည်ခြင်း၊ ရင့်မှည့်တဲ့ ကာလတွေမှာ ဆစ်ပိုးနှင့် နှံစုပ်ဂျပိုးတို့ အတွက် ခိုအောင်းနေထိုင် နိုင်ပြီး နောက်ပိုင်း ဆိုးဝါးစွာ ကျရောက်တဲ့ အအြေနေကို ကြုံတွေ့နိုင်ပါတယ်။- ရိုးပြတ်မှ နောက်ထပ်ရရှိလာသည့် စပါးနှံများသည် အရည်အသွေးညံ့ပြီး စပါးကြိတ်သည့် အခါ အကျိုးအကြေ များနိုင်သည်။ ခြွေလှေ့ခြင်းရိတ်ပြီးပြီးချင်း စပါးကို ချက်ခြင်း ခြွေလှေ့နိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။• ခြွေလှေ့ပြီးသည့်နောက် စပါးကို နေပူသည့် အချိန်၌ အပြင်ဘက်သို့ ထုတ်လှန်းခြင်း (သို့မဟုတ်) အမိုးအကာရှိသည့် အတွင်းဘက်၌ လေသလပ်ခံထား အခြောက်ထားခြင်း ကို ပြုလုပ်ပေးရမည်။• ရိတ်ပြီးသား ကောက်လှိုင်း (သို့မဟုတ်) စပါးထုံးများကို မိုးမိ၍ ရေစိုသွားပါက မခြွေလှေ့ခင် အခြောက်ခံရန် လိုအပ်ပါတယ်။• နံနက် အစောပိုင်းမှာ စပါးကို ရိတ်သိမ်းပြီး နေ့ခင်းပိုင်းအချိန်တွင် ခြွေလှေ့နိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။• ခြွေလှေ့သည့် အခါ လွှင့်စင်သွားသည့် စပါးစေ့များကို အလေအလွှင့် မဖြစ်စေရန် အတွက် မိုးကာ (သို့မဟုတ်) ပလတ်စတစ်စ ခင်းထားသင့်သည်။အခြောက်ခံခြင်း• ခြွေလှေ့ပြီးသော စပါးများကို မိုးကာ(သို့မဟုတ်) ပလတ်စတစ်စပေါ် ဖြန့်ခင်းပြီး နေပူထဲ၌ အခြောက်လှန်းနိုင်သည်။• စပါးအခြောက်လှန်းသည့် အခါ နာရီဝက် တစ်ခါ အထက်အောက် လှန်ပေးမည်။• စပါးကို ဖြေးဖြေးခြင်း အခြောက်ခံပါက စပါးကြိတ်သည့် အခါ ကျိုးပဲ့ ပျက်စီးမှုနှုန်းလျှော့နည်းစေပါတယ်။ မြန်မြန် အခြောက်ခံခြင်းသည် စပါးကြိတ်သည့် အချိန်တွင် ကျိုးပဲ့ ပျက်စီးမှုကို ပိုများစေပါတယ်။• နေရောင်ခြည်ဖြင့် (၂-၃) ရက်ခန့် အခြောက်ခံခြင်းကတော့ အကောင်းဆုံးပင် ဖြစ်သည်။သန့်စင်ခြင်း• စပါးကို ဖုန်၊ သဲ၊ အမှိုက်၊ အဖျင်း အမှော်၊ တခြားသော အစေ့ အဆန်များ ရောပါ မလာအောင် ခြွေလှေ့၍ အခြောက်ခုံပြီးသည့် အခါ သေချာ သန့်စင်ဖို့ လိုအပ်ပါတယ်။• စပါးကို ဆန်စက်ထဲကို ထည့်ကြိတ်တဲ့ အခါ အဖျင်းအမှော် နှင့် ဖုန်၊ သဲ၊ ခဲ များရောပါနေမယ်ဆိုရင် စပါး၏ အလေးချန်ကိုသာတိုးစေပြီး စားသုံဖို့ ရည်ရွယ်ပြီး ကြိတ်တဲ့ စပါးက သေချာခြောက်သွေ့ပြီး သန့်စင်မှသာလျှင် အရည်အသွေးကောင်းတဲ့ ဆန်ကို ရရှိမှာ ဖြစ်ပါတယ်။• သန့်စင်မှု မရှိတဲ့စပါး၊ အဖျင်းအမှော်၊ ဖုန်၊ သဲ၊ ကျောက်စရစ်ခဲ့ ပါသည့် စပါးကို ဆန်အဖြစ်ကြိတ်ခွဲဖို့ အတွက် မရွေးချယ်သင့်ပါ။အဆင့်ခွဲခြားခြင်း• အစိုဓါတ် ပါဝင်မှုကို စစ်ဆေးခြင်း• စပါးကြိတ်တဲ့ အခါ ကျိုးကြေပျက်စီးတဲ့ ရာခိုင်နှုန်းကို စစ်ဆေးခြင်း (Head rice and broken percentage)• ဆန်သား ကျိုးကြေမှု ရှိမရှိ စစ်ဆေးခြင်း• သန့်စင်မှု ရှိမရှိ စစ်ဆေးခြင်း ( အမှိုက်များ၊ ဖုန်၊ သဲ၊ ကျောက်စရစ်ခဲ)• အဖျင်းအမှော်ပါ မပါ စစ်ဆေးခြင်း။ စပါးကြိတ်တဲ့ အခါ စပါးစေ့၏ အစိုဓါတ် ရာခိုင်နှုန်းကို စစ်ဆေးဖို့ လိုအပ်ပါတယ်။ ကြိတ်ခွဲမည့် စပါးတွင် အစိုဓါတ်ပါဝင်မှု များပါက မှိုရောဂါ ဖြစ်လွယ်သည်။ စပါးကြိတ်ပြီးပြီးချင်း ရလာတဲ့ ဆန်ကို မချက်စားခင် ဆန်ကို သန့်စင်ပြီး အချိန်အတော်ကြာ သိမ်းဆည်း သိုလှောင်ထားဖို့ တော့ လိုအပ်ပါတယ်။ချိန်တွယ်ခြင်း• ချိန်တွယ်ခြင်းတွင် စပါးမကြိတ်ခင် အဆင့်တွင် ချိန်ခြင်းနှင့် ကြိတ်ပြီးနောက် ဆန်တင်း အရေအတွက် ဘယ်လောက် ရရှိနိုင်မလဲ ဆိုတာကို ခန့်မှန်း တွက်ချက်တာတွေ ပါဝင်ပါတယ်။• စပါး မကြိတ်ခင် မှာလည်း တိကျစွာ ချိန်တွယ်ဖို့ လိုအပ်သလို ကြိတ်ပြီး ရရှိလာတဲ့ ဆန်တင်း အရေအတွက်ကိုလည်း ချိန်တွယ်ဖို့ လိုအပ်ပါတယ်။ကြိတ်ခွဲခြင်း• စပါးကို စားသုံးဖို့တွက် ကြိတ်ခွဲတဲ့အခါ ဖုန်၊ သဲ၊ ခဲ နှင့် အမှိုက်ကင်းစင်ပြီး ကောင်းစွာ ခြောက်သွေ့ နေရပါမည်။• အဖျင်း အမှော် နှင့် ဖုန်၊ သဲ၊ ခဲ ပါနေတဲ့ စပါးဖြစ်လျှင် မကြိတ်ခွဲခင် ကောင်းစွာ သန့်စင်ဖို့တော့ လိုအပ်ပါတယ်။စပါး သိုလှောင်ခြင်းစပါးစေ့များ အစိုဓာတ်နည်းလာပြီး ခြောက်သွေ့ မာကြောလာမှသာ (သိရှိနိုင်ရန် အချို့သော စပါးစေ့များကို ကိုက်ကြည့်ပါ) ကာလကြာရှည် သိုလှောင်နိုင်မည် ဖြစ်ပါတယ်။• စပါးသိုလှောင်ဖို့ အတွက် အစိုဓါတ် ( ၁၀- ၁၂%)ခန့် ရှိရမည်။• စပါးအိတ်များကို မြေကြီးနှင့် ကပ်မနေစေဘဲ စင်ထိုးပြီး စနစ်တကျ သိုလှောင်ရမည်။• စပါးကို ကာလ ကြာရှည် သိုလှောင်နိုင်ဖို့ အတွက် အစိုဓါတ် နည်းဖို့ လိုအပ်ပါတယ်။• သိုလှောင်သည့် စပါးအိတ်ထဲမှာ ပါရှိတဲ့ စပါးစေ့၏ အစိုဓါတ် ရာခိုင်နှုန်း မြင့်နေမယ်ဆိုရင် အပူဓါတ်နှင့် အငွေ့လျှော့သွားစေရန် စပါးအိတ်ကို ဖွင့်ထားပေးဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ် အစိုဓါတ်မြင့်နေသည့် စပါးများကို သန့်ရှင်း ခြောက်သွေ့တဲ့ အခန်းထဲမှာ ပလတ်စတစ်ခင်းပြီး ဖြန့်ထားနိုင်ပါတယ်။• သိုလှောင်ထာသည့် စပါးအိတ်ကို ကြွက်၊ ငှက်နှင့် တခြားသော ပိုမွှားများ ဖျက်ဆီးခြင်း၊ မိုးရေစိုခြင်း မဖြစ်အောင် ဂရုစိုက်ရမည်။• စပါးများကို အိတ်များအတွင်း ထည့်သွင်းသိမ်းဆည်းပါက အိတ်အမြင့်ကို (၁၂)ပေ (၄မီတာ)ထက် မကျော်စေရန် သတိပြုပါ။• စပါးထည့်သွင်း သိမ်းဆည်းထားသည့် အိတ်များကို အမိုးအောက်၊ စပါးကျီ သို့မဟုတ် ရေစိုခံ တာပေါ်လင်စများအောက်တွင် လုံခြုံစွာ ထားရှိပါ။• အကယ်၍ စပါးများကို ပိုမိုလုံခြုံစွာနှင့် ပိုမိုကြာရှည်စွာ သိမ်းဆည်းချင်ပါက လေလုံအောင် ချိတ်ပိတ် သိုလှောင်ရသည့် လေလုံသိုလှောင်နည်းစနစ်သည် အကောင်းဆုံးဖြစ်ပြီး ၎င်းသိုလှောင်နည်းစနစ်က စပါးနှံများကို အစိုပြန်ခြင်းနှင့် ပိုးမွှားများရန်မှ ကာကွယ်ပေးမည် ဖြစ်ပေသည်။ - --------- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
