cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ရာဘာကိုင်းပွားခြင်းအကြောင်း

. Grafting and Budding
ရာဘာကိုင်းပွားခြင်းအကြောင်း
  • article
  • အားလုံးမင်္ဂလာပါဗျဒီနေ့ကျွန်တော်မျှဝေပေးမဲ့အကြောင်းအရာကတော့ ရာဘာကိုင်းပွားခင်းအကြောင်းဘဲဖြစ်ပါတယ်။ရာဘာမိသားစုများအနေနဲ့ ရာဘာခြံစိုက်ပျိုးတည်ထောင်တော့မယ်ဆိုရင် မျိုးရွေးမှန်ကန်ဖို့ လိုအပ်ပါမယ်။ ကိုယ်စိုက်ပျိုးမဲ့ ရေမြေရာသီဉတုနှင့်ကိုက်ညီမည့် မျိုးကိုရွေးချယ်ရမည်ဆိုတာကို ရာဘာမိသားစုများသိပြီးသားဖြစ်သလို ကိုင်းဆက်အဖူးကူးပျိုးပင်ကို ဘာကြောင့်ရွေးချယ်စိုက်ပျိုးသင့်သလဲဆိုတာကိုလဲသိပြီးသာဖြစ်မှာပါ။ ရာဘာပင်သည် နှစ်ရှည်သီးနှံပင်ဖြစ်သည့်အတွက် စိုက်ပျိုးပြီး အနည်းဆုံး ၆နှစ် သို့မဟုတ် ၇နှစ်ကြာမှ မိမိခြံရဲ့ ရာဘာအထွက်နှုံးကို သိရသည့်အတွက် မျိုးရွေးချယ်မူ့ မှားခဲ့ပါက အစေးလှီးရမည့်အချိန်ရောက်လို့ အများနည်းတူရာဘာအစေးမရရှိခဲ့ရင် ခြံရှင်အနေနဲ့များစွာ နစ်နာဆုံးရူံးရပါလိမ့်မယ်။ဒါကြောင့်မို့ ရော်ဘာကိုင်းဆက်ပျိုးပင်ထုတ်လုပ်ရောင်းချတဲ့သူတွေက မဖြစ်မနေ ကိုင်းပွားခင်းတည်ထောင်ရပါတယ်။ကိုင်းပွားခင်းကိုတည်ထောင်တဲ့နေရာမှာလည်း မိမိကိုင်းပွားခင်းမှာစိုက်ပျိုးမွေးမြူမည့် ပျိုးပင်ကို တက်သိနားလည်သော ပညာရှင်များနှင့် တိုင်ပင်ပြီးမှ ဝယ်ယူတည်ထောင်သင့်ပါတယ်။ ဒါကြောင့် ကိုင်းဆက်ပျိုးပင်ဝယ်ယူသည့်သူများအနေနဲ့လည်း မိမိဝယ်ယူ့မည့်ကိုင်းဆက်ပျိုးပင်ကို စိက်ချဝယ်ယူနိုင်မှာဖြစ်ပါတယ်။အောက်မှာတော့ ရာဘာကိုင်းပွားခင်းစိုက်ပျိုးတည်ထောင်ခြင်းနှင့် ဘယ်လိုထိန်းသိမ်းပြုစုရသလိုဆိုတာကို ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်နော်။(က) စိုက်ပျိုးတည်ထောင်ခြင်း မျိုးသန့်အဖူးကူး ပျိုးပင်များအား ပျိုးထောင်ထုတ်လုပ်ရန် အတွက် တည် ထောင်ရပါသည်။ ရော်ဘာစိုက်ပျိုးမည့် ဧရိယာတွင် အဖူးများလုံ လောက်စွာ ရရှိရန်အတွက်မျိုးကိုင်းပွါးခင်းအား(၂ )နှစ် ကြိုတင်ပြီး ထောက်ခံထားသော မျိုးကိုင်းပွါးခင်းကိုတည်ထောင် ရပါသည်။ စိုက်ခင်းတွင် မြေပြင်သည့် အတိုင်းမြေပြုပြင်ပြီး ပင်ကြား၊တန်းကြား(၁မီတာ×၁မီတာ) စိုက်သင့်ပြီး စိုက်ပျိုးရာ တွင်မျိုးမရောစေရန်၊ ထိန်းသိမ်း မျိုးကိုင်းရရှိမှု၊ ခန့်မှန်း တွက်ချက်မှု လွယ်ကူရန် မျိုးအလိုက်အကွက်များခွဲပြီး အကွက် တစ်ခုနှင့်တစ်ခုကြားတွင် ၂မီတာအကျယ်ထားသင့်သည်။ ကိုင်းပွါးခင်း တစ်ဧကတွင် ပျမ်းမျှ အပင် (၄၀ဝဝ) အနည်းဆုံးဝင်ဆန့် စိုက်ပျိုး နိုင် မည်ဖြစ်ပါသည်။ (ခ)မျိုးကိုင်းပွါးခင်းပြုစုထိန်းသိမ်းခြင်း စိုက်ခင်းပင်များကိုထိန်းသိမ်းပြုစုသည့်နည်းအတိုင်း မျိုးကိုင်းပွါးခင်းကိုထိန်းသိမ်းပြုစုရပါသည်။မြေသြဇာကျွေးခြင်းထယ်ထိုး၊ ထွန်မွှေခြင်းမပြုမီ အခြေခံမြေသြဇာကို ကျွေးပြီး နောက် အပင်ဖြတ်ပြီးသောအခါ Urea ကို နှစ်စဉ်ကျွေးရမည်။ကိုင်းဖြတ်ခြင်းFalse Shoot (အရိုင်းတက်) များဖယ်ထုတ်ခြင်း။ ကိုင်းပွားခင်းတွင် မျိုးရောခြင်း(မှားယွင်းခြင်း)မဖြစ်စေရန်။ root stock (အမြစ်ပင်စည်) မှ ထွက်လာသော Shoot အရိုင်းတက်များကို ဂရုတစိုက်မှန်မှန်ဖယ်ရှားပေးရန် အလွန်အရေးကြီးသည်။Axillary branches (ကြားဖူး) များဖယ်ရှားခြင်း အဖူးကိုင်း ဖွံ့ဖြိုးချိန် အတွင်းအချို့ကြားဖူးများသည်ကိုင်းစ တင် ထွက်ပေါ်နိုင်၍ ထိပ်ဖူးကြီးထွားရန် ၊ အဖူးကိုင်း ထောင်မတ်ရန်နှင့် အဖူးကိုင်းကို အလွယ်တကူ အသုံးပြုနိုင် ရန် ကြားဖူးမှထွက်သောကိုင်းများကို ချက်ချင်းဖယ်ရှားရန် လိုအပ်ပါသည်။ အပင်ငယ်စဉ်တွင်တစ်ပင်တွင်အသန်စွမ်းဆုံး(၂-၄) ကိုင်းသာ ချန်ထားရန်။အရွက်များဖြတ်တောက်ခြင်း- အဖူးကူးခြင်း(အဖူးယူခြင်း)ကို အလွယ်တကူပြုလုပ်နိုင်ရန် Leaf petiole (အရွက်ရိုးတန်) များကို ဖယ်ရှားပေး ရန်။- အဖူးကိုင်းမှ အဖူးများကို ဒဏ်ရာမရရှိစေဘဲ ဆောင်ရွက်ရန်။- အဖူးမယူမီ (၅-၇)ရက်ကြိုတင်ပြီး နောက်ဆုံးရွက်စုံမှလွဲ၍ ကျန်အရွက်များအားအရင်းမှ (၁-၂) စင်တီမီတာ ချန်၍ ဖြတ်ပေးရန်။- ကျန်သော petiole ရွက်ရိုးတံအပိုင်းသည်ခြောက်၍ ရက်အနည်းငယ်ကြာပါက ကြွေကျသွားမည်။အဖူးကိုင်းများဖြတ်တောက်ခြင်းနှင့်မွေးမြူခြင်း အဖူးကူးချိန်ပြီးသည့်နောက် အဖူးကူးပင်စည်အား Union မှ (၄၅ စင်တီမီတာ) အမြင့်တွင် ကိုင်းဖြတ်လွှဖြင့် ဖြတ်ပေးရန်။  အပင်ငယ်စဉ်တွင် ကျန်းမာသန်စွမ်းသော ဆန့်ကျင်ဘက် shoots (ကိုင်း)နှစ်ခုသာချန်၍ ကျန်သော shoots (ကိုင်း)များ ဖယ်ရှားရန်။ တစ်ကိုင်းတွင် ဘေးကိုင်း(၄)ခုသာချန်၍ကျန်သော Young shoots (ကိုင်းနု) များကို ဖယ်ရှားပေးရမည်ဖြစ်ပါသည်။ထိုသို့ဆောင်ရွက်ခြင်းဖြင့် ကိုင်ကူးရာတွင် ကျန်းမာသန်းစွမ်းသော အဖူးများရရှိမည့် အပြင် အဖူးကူးအောင်မြင်ရာခိုင်နှုံမြင့်မားကာ ကိုင်းဆက်ပျိုးပင်များလည်းအပင်ငယ်စဉ်တွင်ပင် ရှင်သန်ဖွံဖြိုးမည်ဖြစ်ပါသည်။အရေးကြီးဆုံအချက်ကတော့ ကိုင်းပွားခင်ရေအလုံအလောက်ရရှိရန်လိုအပ်ပါသည်။ သို့မှာသာ အဖူးကိုခွာရာတွင် လွယ်ကူပါသည်။ အထူးသတိပြုရမည့်အချက်မှာ ကိုင်းဆက်ပျိုးပင်ထုတ်ရန် ပျိုးထောင်ထားသော ကိုင်းပွားခင်ကို မျိုးကိုင်းအသုံအပြုမီ တစ်လအလိုကတည်းကပင် မြေဩဇာကိုဖြတ်တောက်ထားရမည်ဖြစ်ကာ ရေကို အလုံအလောက်ပေးသွင်းရမည်ဖြစ်ပါသည်။ကျွန်တော်အနေနဲ့ယခုလိုရာဘာနဲ့ပက်သက်တဲ့ဆောင်းပါးများကိုအားလပ်ချိန်များတွင်သာရေးသားပြုစုရတဲ့အတွက်ရာသီချိန်မဟုတ်သေးပေမဲ့လိုအပ်သူများကြိုတင်လေ့လာဖတ်ရူ့လို့ရအောင်မျှဝေပေးခြင်းဖြစ်ပါသည်။ စိုက်ပျိုးရာသီရောက်ရင်လည်းပြန်လည်ပြီး မျှဝေပေးသွားမှာဖြစ်ပါသည်။ယနေ့မျှဝေရေးသားချက်များတွင် တစ်စုံတစ်ရာမှားယွင်းမှုနှင့် လိုအပ်ချက်များ မပြည့်စုံချက်များ ရှိခဲ့ပါက ရေးသားပြုစုသူများ၏ အားနည်းချက်သာ ဖြစ်ပါကြောင်းနှင့် ယခုရေးသားချက်များကို ၂၀၁၇ ခုနှစ် ရော်ဘာစိုက်ပျိုးထုတ်လုပ်ခြင်း (ဆရာလက်စွဲ) စာအုပ်မှလည်းပြန်လည်ကူယူကိုးကာဖော်ပြပေးထား ခြင်းဖြစ်ပါသည်။ ဖြည့်စွက်အကြံပြုမှုများကိုလည်း ကြိုဆိုလျက်ရှိပါသည်။ ဤမျှဝေခြင်းမှ ရာဘာမိသားစုများအနေနှင့် တစ်စုံတစ်ရာ ဗဟုသုတရမယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျာ။တင်ပြီးသမျှ ရာဘာဆောင်းပါးများကိုတစ်နေရာတည်းမှာ ပြန်လည်ဖတ်ရူ့လိုပါက ( အနာဂတ်မြန်မာ့ရာဘာ Future Myanmar Rubber ) Group တွင်ဝင်ရောက်ဖက်ရူ့ လေ့လာနိုင်ပါတယ်ခင်ဗျာ။ရာဘာမိသားစုဝင်များအားလုံးစနေနေ့ ညချမ်းမှာ ကျန်းမာချမ်းသာ၍ ရာဘာလုပ်ငန်းဖြင့် စီးပွားများတိုးတက်ပါစေကြောင်း ဆုတောင်းရင်း ထွန်းသိန်း (B.Agr.Sc) - ရာဘာနည်းပညာအကြံပေး ခင်ဌေးမော်(B.Agr.Sc) - ရာဘာနည်းပညာအကြံပေး အနာဂတ်မြန့်မာ့ရာဘာအဖွဲ့ ( Future Myanmar Rubber Group)


likes14comments0
views5452