cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

အောင်မဲညိုပင် စိုက်ပျိုးနည်း

. Planting
ဆေးဖက်ဝင်ပီး ဈေးကွက်ဝင်ဆန့်လာပြီ ဖြစ်တဲ့ အောင်မဲညိုပင် စိုက်ပျိုးနည်း ဖော်ပြပေးလိုက်ပါတယ်
  • article
  • မြန်မာအမည် - အောင်မဲညိုပင်

    အင်္ဂလိပ်အမည် - Butterly Pea

    ရုက္ခဗေဒအမည် - Clitoria ternatea Linn

    မျိုးရင်းအမည် - Paplionaceae


    ၁။ မျိုးပြားများ

    ယခင်က အောင်မဲဖြူ ၊ အောင်မဲညို (အပြာရောင်အဆင်းရှိသောပန်း) အပြင် ယခုအခါ ပန်းနုရောင် ပန်းရင့်ရောင် ခရမ်းနုရောင် ခရမ်းရင့်ရောင်း စသဖြင့် အရောင်မျိုးစုံ နှင့် နှစ်ထပ်ရစ်အပွင့်များအထိ မျိုးစုံ ဝယ်ယူရရှိနိုင်ပီ ဖြစ်ပါတယ်။


    ၂။ ပေါက်ရောက်ရာ ဒေသ

    မြန်မာနိုင်ငံ အနှံ့အပြားတွင် တွေ့ရှိရပြီး အညာဒေသ မြန်မာနိုင်ငံ အထက်ပိုင်း ချင်းတောင်၊ မေမြို့၊ ဗန်းမော်၊ ရွှေဘို၊ မိတ္ထီလာနှင့် ရန်ကုန်တွင် တွေ့ရှိနိုင်သည်။


    ၃။ ရေမြေရာသီဥတု

    အခြေခံအားဖြင့် အေးမြသော ရာသီကိုကြိုက်သော်လည်း စွတ်စိုသော အပူပိုင်းမှ ခြောက်သွေ့သော အပူလျော့ပိုင်းအထိ စိုက်ပျိုးဖြစ်ထွန်းပါတယ်။ မြေအမျိုးအစားမရွေးစိုက်ပျိုးနိုင်သာလည်း သဲဆန်ပြီး မြေချဉ်သော မြေတွင် ပိုမို ဖြစ်ထွန်းသည်။ ရေများပီး ရွှံ့ ထူသော အခြေနေကို ခံနိုင်ရည်မရှိပေ။ထို့ကြောင့် ရေသွင်းရေထုတ် ဂရုစိုက်ရန် လိုအပ်သည်။


    ၄။စိုက်ပျိုးရာသီ

    မိုးများစွာ ရွာသွန်းသော ကာလမှလွဲ၍ တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ပါတယ်။ အပူလျော့ပိုင်းဒေသများတွင် နွေဦးကာလသည် စိုက်ပျိုးရမည့် အချိန် ဖြစ်သည်။


    ၅။ ပျိုးထောင်နည်း

    အစေ့မှဖြစ်စေ ကိုင်းဆက်၍ ဖြစ်စေ မျိုးပွားနိုင်သော်လည်း အစေ့စိုက်ပင်သည် နှစ်ချီ စောင့်ပြီးမှ အပွင့်တင်နိုင်သဖြင့် ကိုင်းကူးဆက်နည်းဖြင့်သာ မျိုးပွားလေ့ရှိပါတယ်။အစေ့ဖြင့် စိုက်မည်ဆိုလျှင် အစေ့ကို အစေ့ကို အခွံပါးသွားစေဖို့ မျက်နှာပြင်တခုခုနဲ့ ဖြေးဖြေး ပွတ်တိုက်ပေးပါ။ မစိုက်ခင် အခန်းအပူချိန်ထဲမှာ တညခန့် ရေစိမ်ပါ။ စိုက်စဉ် ပင်ကြား တန်းကြားမှာ ၃ ပေ × ၆ ပေ ဖြစ်ပါတယ်။တစ်ဧကလျှင် အပင် ၂၈၀၀ ခန့် စိုက်ပျိုးနိုင်ပါတယ်။ စိုက်ပျိုးပြီး ၂ - ၃ ပတ်ခန့်ကြာသော် အညောင့်ပေါက်လာသည်ကို တွေ့ရှိ ရနိုင်ပါတယ်။


    ၆။ မြေသြဇာကျွေးခြင်း

    သဘာဝမြေသြဇာကို အနှစ်သက်ဆုံးဖြစ်ကာ အပင်ငယ်လျှင် သစ်ရွက်ဆွေးနှင့် နွားချေး တစ်ပင်လျှင် တစ်တင်းနှုန်း ၊ အခြား သဘာ၀ ဓာတ်မြေသြဇာ တင်းဝက်ခန့် ထပ်ထည့်ပေးသင့်ပါတယ်။နွားချေး ၊ ကြက်ချေး အစရှိတဲ့ စွန့်ပစ်ပစ္စည်းတွေ သုံးနိုင်ပါသည်။ပိုးကျရင်တော့ ဆေးရွက်ကြီး စိမ်ထားတဲ့ ရေကို လောင်းပေးနိုင်ပါတယ်။


    ၇။ရေပေးသွင်းခြင်း

    နေရောင်ခြည် ရရှိမှု အပေါ် တုန့်ပြန်မှုမရှိသော အပင်မျိုးဖြစ်သည်။ ပူပြင်းသော ရာသီမျိုးတွင် အပင်ခြေရင်း ပတ်လည်ကို မြောင်းတူး၍ ရေပေးရပါမည်။ ရေဝပ်ခြင်းကို မနှစ်သက်သဖြင့် ရေထုပ်မြောင်းထဲမှ တစ်ဆင့် ထုတ်ပေးရပါမည်။


    ၈။ ဆွတ်ခူးခြင်း

    စစိုက်တဲ့ရက်မှ စ၍ ၂ လကျော်လျှင် အပွင့်စပွင့် လာပြီး အပင် ၄ လ ကျော်သည်နှင့် အပွင့်စုံလာပြီ ဖြစ်ပါတယ်။ တစ်ပင်မှာ ပျမ်းမျှ အပွင့် ၅၀ လောက်ရရှိနိုင်ပါတယ်။ အပွင့်ခြောက် ၁ ကီလိုလျှင် ပန့်ပွင့် အစို ၂၀၀၀၀ ခန့် အလေးချိန်နှင့် ညီမျှပါတယ်။ အပွင့်ခြောက်လေးတွေရဲ့ဈေးက ၁၀၀ ဂရမ် ကို ၅၀၀၀ ကျပ် ခန့် ဈေးရှိပါတယ်။

    Htwet Toe

    မှီငြမ်း - www. Gardeningknowhow.com

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe



likes
15
comments
2
views
1189