ငရုတ်ပင်ကို ဘွန်စိုင်းပင်အဖြစ်ပြုလုပ်ခြင်း အနုပညာ
အရင်ဆုံး ငရုတ်ပင်(ငြုပ်)ကို ဘွန်စိုင်းပင် ဖြစ်အောင် ပြုလုပ်နည်း ပြောပြပေးပါ့မယ်။
မိမိမှာ အပင်အမျိုးအစားအပေါ်မှုတည်ပြီး Bonsai pots လို့ခေါ်တဲ့ အပင်ထည့်စိုက်ရန်အတွက် စောက်တိမ်ပြီး အောက်ခြေ၌ အပေါက်ငယ်လေးများ ဖောက်ထားသော အင်တုံ အိုးငယ်လေးများ အဆင်သင့် ရှိထားရပါမယ်။ပထမဆုံး မိမိစိုက်ပျိုးလိုသော ငရုတ်ပင် တစ်ပင်ကို အမြစ်များပါရှိအောင် နုတ်ယူပါ...နုတ်ယူပြီးပါက အပင်ရဲ့ အကိုင်းအတက်များကို သေချာသန့်စင်အောင် ဖြတ်တောက်ပစ်ပါ။ နုတ်ယူပြီးသော ငရုတ်ပင်မှ မြေဆွေးများကို ကုန်စင်အောင် ခါချပြီး အပင်၏ အလယ်တည့်တည့်၌ရှိသော ရေသောက်မြစ်လို့ခေါ်တဲ့ အမြစ်မကြီးကို အပင်၏ အောက်ခြေအရင်းမှ ကတ်ကြေးဖြင့် ဖြတ်တောက်ပစ်လိုက်ပါ။ အခြားကျန်ရှိသော အမြစ်ငယ်များကို ဖြတ်တောက်မပစ်ပါနဲ့..
.ရေသောက်မြစ် ဖြတ်တောက်ပြီးပါက Bosai potလို့ခေါ်တဲ့ အောက်ခြေ၌ အပေါက်ဖောက်ထားသော အိုးငယ်အတွင်းသို့ ပထမဆုံး မြစ်ကျောက်ခဲလေးများကို အောက်ခြေ၌ အနည်းငယ် ခင်းထားပေးပါ။ ကျောက်တုံး ကျောက်ခဲလေးများပေါ်တွင်ငရုတ်ပင်ကို အိုး၏ အလယ်တည့်တည့်၌ တည့်မတ်ပြီး ပင်စည်တွင် ကျန်ရှိနေသော အမြစ်ငယ်လေးများကို ကျောက်တုံး ကျောက်ခဲများပေါ်၌ သေချာအောင် ဖြန့်ဖြူးပေးပါ ။အမြစ်ငယ်များ ကျောက်တုံးများပေါ်တွင် သေချာဖြန့်ဖြူး ခင်းကျင်းပြီးပါက အမြစ်များပေါ်သို့ မြေဆွေးထပ်မံ၍ ဖုံးအုပ်ပေးပြီး ရေကို စိုစွတ်ရုံမျှ လောင်းပေးရပါမယ်။ ရေလောင်းပြီးပါက မြေဆွေးများပေါ်သို့ မိမိ၏အနီးအနားပတ်ဝန်းကျင်ရှိ ရေတွင်းရေကန်များ၌ ပေါက်ရောက်သော ရေညှိစိမ်းများကို ခွာယူပြီး ၎င်း အပေါ်မှ ခပ်ပါးပါး ထပ်မံဖုံးအုပ်ပေးထားရပါမယ်။
ဤသို့ အဆင့်ဆင့်ပြုလုပ်ပြီးပါက အပင်ကိုနေရိပ်ထဲသို့ပြောင်းရွေ့ထားပြီး အပင်ရှင်သန်လာအောင် နေ့စဉ် ဂရုစိုက်ပေးရပါမယ်။ တစ်ပတ်အတွင်း အပင်ရှင်သန်သွားပါက ၎င်း ပင်စည်မှ အပင်အတက်လေးများဟာ စတင်ထွတ်ရှိလာပြီး တစ်နေ့တခြား ကြီးထွားရှင်သန်လာပါလိမ့်မယ်။ ထွက်ရှိလာသော အကိုင်းအတက်များကို မိမိလိုချင်သလို ကြေးနန်း ဝါယာကြိုးဖြင့် လိုသလိုပုံစံသွင်းယူရပါမယ်။သွပ်ကြိုးဖြင့်မလုပ်ပါနဲ့ သွပ်ကြိုးဟာ များမကြာမှီမှာ သံချေးတက်ပြီး ပြတ်တောက်သွားတတ်ပါတယ်။ အပင်တစ်ပင်ကို ရေသောက်မြစ်ဖြတ်တောက်ထားခြင်းကြောင့် ရှေ့ဆက်မကြီးထွားနိုင်တော့ပဲ မိမိဟာ တစ်ပေခန့် ဖြတ်တောက်ထားရင် တစ်ပေအမြင့်သာ အစဉ်ထာဝရ ရှင်သန်ပြီး အသီးအပွင့်များ ဝေဆာပွင့်လန်းနေမှာဖြစ်ပါတယ်။(မှတ်ချက်)မည်သည့်အပင်မျိုးမဆို ဒီနည်းအတိုင်း Bonsaiပင်ဖြစ်အောင် ပြုလုပ်လို့ရပါတယ်။
Credit: original writer
ဗဟုသုတကျေးရွာ
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


NewsFeed
Communities
Explore
Inbox
Me
Market Price