cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ရွှေအပ်မှို စိုက်ပျိုးနည်း

. Planting
အားလုံးပဲ မင်္ဂလာပါရှင်။ ဒီတစ်ပတ်မှာတော့ ဆေးဖက်ဝင်အာနိသင်များ ပါဝင်ပြီး အရသာကောင်းမွန်ရုံမက ကျန်းမာရေးအတွက်ပါ အထောက်အကူပြုသည့် သီးနှံတစ်မျိုးဖြစ်တဲ့ ရွှေအပ်မှိုအကြောင်းနှင့် စိုက်ပျိုးနည်းကို တင်ပေးလိုက်ပါတယ်ရှင့်။
  • ရွှေအပ်မှိုသည် ရိုးတံရှည်ပြီး သေးသွယ်သော မှိုတစ်မျိုးဖြစ်ပါသည်။ အလေ့ကျပေါက်သည့် မှိုသည် ရိုးတံတိုပြီး အရောင်ပါရှိပါသည်။ စိုက်ပျိုးမှိုမှာမူ ရိုးတံရှည်ပြီး အရောင်ဖြူကာ အပွင့်သေးပါသည်။ ပတ်ဝန်းကျင်အခြေအနေချင်းမတူသည်နှင့် အမျှ ထွက်လာသည့် မှိုပွင့်လည်း လုံးဝမတူဘဲ အလင်းရောင်ရရှိလျှင် အရောင်ညိုပြီး ရိုးတံတိုကာ အပွင့်ကြီးလာတတ်ပြီး အလင်းရောင်နည်းပါက အရောင်ဖြူပြီး ရိုးတံရှည်ကာ အပွင့်သေးလာပါသည်။ ထို့ကြောင့် ဂျပန်မှိုပညာရှင်များက အလင်းရောင်နည်းသော အခန်းထဲတွင် ပလပ်စတစ်ဗူးများဖြင့် စိုက်ပျိုးကြရန် ထောက်ခံချက် ပေးထားပါသည်။


    ရွှေအပ်မှိုစိုက်ပျိုးရန်အတွက် ရောစပ်စာပြုလုပ်နည်းမှာ အခြားမှိုမျိုးများအတိုင်း ဖြစ်ပြီး အသုံးပြုသည့် လွှစာတွင် ဝက်သစ်ချလွှစာထက်ဝက်ခန့် ရောနှောစပ်ပေး၍ ဖွဲနုကိုလည်း ၅-၇% အထိထည့်မှသာ မှိုမျှင်ဆင်းအား ကောင်းမွန်ကြောင်း စမ်းသပ်ချက်များအရ သိရှိရပါသည်။ မှိုမျိုးထည့်ပြီးသော စိုက်ထုပ်/စိုက်ဗူးကို မှိုမျှင်ရင့်ကျက်စေသော ကာလအတွင်း အပူချိန်ကို ၂၀-၂၃ ဒီဂရီစင်တီဂရိတ်နှင့် လေထုစိုထိုင်းဆ ၈၀-၉၀% အတွင်း ထိန်းထားပေးရန် လိုအပ်ပါသည်။ မှိုမျိုးထည့်ပြီး ၂၀ရက်မှ ၃၀ရက်အတွင်း မှိုမျှင်ပြည့်လာနိုင်ပါသည်။


    စိုက်ပျိုးနည်း


    မှိုမျှင်များပြည့်လာပါက စိုက်ခန်းချ စိုက်ပျိုးနိုင်ပြီ ဖြစ်ပါသည်။ ရွှေအပ်မှိုကို အပူချိန် ၁၀ဒီဂရီစင်တီဂရိတ်မှ ၁၈ဒီဂရီစင်တီဂရိတ်အတွင်း စိုက်ပျိုးနိုင်သော်လည်း အသင့်တော်ဆုံး အပူချိန်မှာ ၁၃ဒီဂရီစင်တီဂရိတ်မှ ၁၅ဒီဂရီစင်တီဂရိတ်အတွင်း ဖြစ်ပြီး လေထုစိုထိုင်းဆ ၈၀-၉၀% အတွင်း ထိန်းထားပေးရပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ရာသီဥတုနှင့်ဆိုလျှင် လေအေးပေးစက်အသုံးပြုပြီး စိုက်ပျိုးမှသာ ဖြစ်ထွန်းအောင်မြင်နိုင်ပါသည်။


    စိုက်ခန်းအတွင်း အလင်းရောင်များပြီး ကာဘွန်ဒိုင်အောက်ဆိုဒ်ပါဝင်မှု 1000 ppm ထက်နည်းပါက ရိုးတံတိုတုတ်ပြီး အပွင့်ပွင့်လာနိုင်သောကြောင့် အပွင့်သေးပြီး ရိုးတံရှည်ကာ အရောင်ဖြူသည့် ဈေးကွက်ဝင်မှိုများ ရရှိစေရန်အတွက် အလင်းရောင်နည်းသည့် အခန်းထဲတွင် စိုက်ပျိုးသင့်ပါသည်။ မှိုသန္ဓေခဲများ စတင်ထွက်ရှိလာလျှင် ကာဘွန်ဒိုင်အောက်ဆိုဒ်ပါဝင်မှု ပိုမိုများပြားလာစေရန်အတွက် ဗူးနှုတ်ခမ်းမှိုပွင့်ထွက်မည့် နေရာတွင် ဖလင်ပြားပတ်ထားပေးရန် လိုအပ်ပါသည်။ မှိုပွင့်၏ ရိုးတံအရှည် ၁၅စင်တီမီတာခန့် ရှိလာလျှင် စတင်ခူးဆွတ်နိုင်ပါသည်။


    ပထမအကြိမ်ခူးဆွတ်ပြီးလျှင် အစိုဓာတ်နည်းပါက ရေပါးပါးဖျန်းပေးသင့်ပြီး ရက်သတ္တပတ် ၂-၃ ပတ်ကြာချိန်တွင် ဒုတိယအကြိမ် ပြန်လည်ခူးဆွတ်နိုင်ပါသည်။ ရွှေအပ်မှိုသည် အရသာ၊ နူးညံ့မှု၊ အနံ့၊ အရာင် အစရှိသည့် စားသုံးမှုဆိုင်ရာ အရည်အသွေးကောင်းရုံသာမက ဆေးဘက်ဝင်အာနိသင်များစွာ ပါရှိသောကြောင့် စားသုံးသင့်သလို စိုက်ပျိုးသင့်သော မှိုတစ်မျိုးလည်း ဖြစ်ပါသည်။


    Reference- စိုက်ပျိုးရေးဦးစီးဌာန (မှိုမျိုးစုံစိုက်ပျိုးထုတ်လုပ်နည်းများစာအုပ်)

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ - https://bit.ly/htwettoev2


  • article
likes28comments1
views1586