cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

Fomesafen (ဖော်မီဆာဖန် ပေါင်းသတ်ဆေး)

. Weeds Management
Fomesafen (ဖော်မီဆာဖန် ပေါင်းသတ်ဆေး)
  • article
  • ဖော်မီဆာဖန် ပေါင်းသတ်ဆေး ရွေးချယ်အာနိသင်ရှိတယ်။ ညွှန်းကြတယ် preplant (အပင်မစိုက်ခင်), pre emergence (အပင်မပေါက်မီ) သုံးလို့ရတယ်ဆို​ပေမယ့် တကယ်က သူ့မှာ systemic (ပင်လုံးပြန့်) ထက် contact (ထိသေ) အာနိသင်သာပိုများတာမို့ post emergence (အပင်ပေါက်ပြီးချိန်) မှာ သုံးတာသာ အထိ​ရောက်ဆုံး။


    ​ပေါင်းသတ်​ဆေးနဲ့ပက်သက်ပြီး ကျ​နော် post တခုမှာ​ရေးဖူးတယ်။ ​ဆေး​တွေသည် ပုံမှန်ရှင်သန်​နေတဲ့​နေရာက ​ပေါင်းနဲ့ ​ခြောက်​သွေ့ ​ရေပြတ် ​မြေဆီမ​​ကောင်းတဲ့​နေရာက​ပေါင်း ၂ မျိုးအ​ပေါ်မှာ ဖျန်းကြည့်။ အမြန်ဆုံးထိ​ရောက်တာက ပုံမှန်ရှင်သန်​ဖို့​ကောင်းတဲ့အ​နေအထားမှာ ​ပေါက်​နေတဲ့​ပေါင်းအ​ပေါ်မှာပဲ ပိုအာနိသင်ပြတယ်။


    ​ဆေးတမျိုးကို စိုက်ခင်းထဲက​မြက်အ​ပေါ်နဲ့ လမ်း​ဘေးက မြက်အ​ပေါ် ဖျန်းကြည့်။ ဘယ်ဟာက ပိုသိသာသလဲလို့။ ဆိုလိုတာက ​ပေါင်းသတ်​ဆေးများသည် ကျန်းမာသန်စွမ်း​သော အပင်ရဲ့အရွက်တစ်ရှူးထဲမှာ ပိုမိုထိ​ရောက်စွာပျံ့နှံ့ပြီး အာနိသင်ပြနိုင်လို့ဖြစ်တယ်။


    ထားပါ​တော့ Fomesafen (ဖော်မီဆာဖန် ပေါင်းသတ်ဆေး) အ​ကြောင်းဆက်​ပြောရရင် .......

    သူက post emergence contact (အပင်ပေါက်ပြီးမှသုံးတဲ့ ထိသေဆေး)ဆို​ပေမယ့် ​ပေါင်းပင်အရမ်းကြီး​နေပြီဆိုရင်​တော့ အပြီးသတ်မ​ပေးနိုင်တတ်ဘူး။ 


    ဆို​တော့ကာ......​ပေါင်းပင် ငယ်စဥ်မှာပဲ အသုံးပြုသင့်တဲ့​​ဆေး။ အဲဒါအပြင် ​ပေါင်းသတ်​ဆေးတိုင်းလိုလိုမှာ အညွန်းက မြက်၊ မြက်မုန်ညင်းနှင့် ရွက်ပြန့်​ပေါင်းများကို ​​သေ​စေသည်ဆိုတာချည်းပဲ။ အဲဒါကိုလည်း လက်ခံ​နေကြတာပဲ။


    တကယ်​တော့ ​ပေါင်းသတ်​ဆေး ai (မူလပါဝင်သောဆေးအာနိသင်) တခုစီတိုင်းက အားသာချက်တခုစီရှိကြတယ်။ Fomesafen (ဖော်မီဆာဖန် ပေါင်းသတ်ဆေး)ဆိုရင် ရွက်ပြန့်​ပေါင်း​တွေ ငယ်စဥ်မှာ အ​တော်ထိ​ရောက်တယ်။ တခါတရံမှာ သီးနှံပင်ကို ​လောင်တတ်တယ်။ ပါဝင်တဲ့ safener (ပေါင်းမဟုတ်သောအပင်များကို ထိခိုက်မှု မရှိစေရန်အတွက်ထည့်ထားသော ဓါတုဓါတ်ပေါင်း) အရ​ပေါ့။

    ဒါ​ပေမယ့်သူက Sodium salt (ဆိုဒီယမ်ဆား) ပုံစံ​ဆေးဖြစ်တာ​ကြောင့် သီးနှံပင်ဟာ ​ဆေး​လောင်ပြီး မကြာခင်မှာပဲ အတက်အလက်​တွေထပ်ထွက်ပြီး recovered (ပြန်ပြီးနလန်ထခြင်း) ဖြစ်လာနိုင်တာလည်း ​တွေ့ရတယ်။


    ​အထူးသတိပြုရမှာက

    Fomesafen (ဖော်မီဆာဖန် ပေါင်းသတ်ဆေး) ကို ​ရေရှိတဲ့စိုက်ခင်းမှာ မသုံးသင့်ပါဘူး။ ​မြေအစိုဓါတ် ၈၀% အထက်မှာရှိရင် မသုံးသင့်ပါဘူး။ သုံးပြီးရင် ​ရေမ​လောင်းရပါဘူး။ မိုးလွတ်မှလည်းဖျန်းသင့်ပါတယ်။ ​(ရေရှိ​သောအ​ခြေအ​နေမှာ half life (ဆေးအာနိသင်) သည် နာရီပိုင်းအတွင်း​ရောက်သွားနိုင်လို့ ​​ပေါင်းပင်အ​ပေါ် မထိ​ရောက်နိုင်လို့ပါ)


    အာလူး၊ ပဲပုပ်၊ ကြက်သွန် အစရှိ​သောစိုက်ခင်းများအတွက်​တော့ အ​စောပိုင်းကာလ ​ပေါင်းရှင်းဖို့ ဆိုရင် ဒီ ai (​မူလပါဝင်သောဆေးအာနိသင်) လေးက မဆိုးပါဘူး။

    ​ဆေးနှုန်းထားမှန်ဖို့ အလွန်အ​ရေးကြီးပါတယ်။

    သူရဲ့ half life (ဆေးအာနိသင်)သည် ​မြေကြီးထဲမှာ အစိုဓါတ် ၅၀ % ရှိခဲ့ပါက ၄၅ ရက်ခန့်ဖြစ်ပါတယ်။ သီးနှံ တရာသီအတွက် အ​စောပိုင်းကာလမှ တကြိမ်သာအသုံးပြုသင့်​သော ai (​မူလပါဝင်သောဆေးအာနိသင်) ဖြစ်ပါတယ်။

    မူရင်းရေးသားသူ -Dr. DaDa(Ph.D Entomology) မှကူးယူဖော်ပြပါသည်။

    တောင်သူများနားလည်လွယ်စေရန် တချို့ အင်္ဂလိပ်စကားလုံးများကို မြန်မာမှု ပြုထားပါသည်။


    ကူးယူဖော်ပြခွင့်ပေးပါသော Dr. DaDa(Ph.D Entomology) ကိုထွက်တိုးမှ ကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျ။

    ------------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://bit.ly/htwettoev2


likes
27
comments
0
views
2053