cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

စိုက်ပျိုးသူများ သိမှတ်လေ့လာ အပင်ရောဂါ

. Diseases
စိုက်ပျိုးသူများ သိမှတ်လေ့လာ အပင်ရောဂါ
  • ကျွန်တော်တို့ လူသားများနဲ့ တိရစ္ဆာန်တွေမှာ ရောဂါကျရောက် စွဲကပ်မှုရှိသလို သီးနှံပင်များ၊ သစ်ပင်များမှာလည်း သက်ရှိများဖြစ်ကြသဖြင့် ရောဂါကျရောက်ပါတယ်။ ကောက်ပဲသီးနှံများမှာလည်း ရောဂါကျပါတယ်။ ကျွန်တော်တို့ ရောဂါဖြစ်ရင် ပိန်ချုံး၊သေဆုံးဖြစ်ရသလို အပင်တွေလည်း ရောဂါကျရင် ကြုံလှီသေးကွေး၊ မကြီးထွားဘဲ နောက်ဆုံး သေဆုံးကြရပါတယ်။

    ကြိုတင်ကာကွယ်မှုဟာ ရောဂါအပေါ် နိုင်နင်းသက်သာနိုင်ပါတယ်။ အပင် လောကမှာတော့ ကျန်းမာအောင်၊ ရှင်သန် ကြီးထွားအောင်၊မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့စိုက်ပျိုးတာ၊ မြေသြဇာကျွေးတာ၊ စနစ်တကျစိုက်ပျိုးတာ၊ ပိုးတွေကလည်း ရောဂါဖြစ်စေနိုင်တာကြောင့်ပိုးမွှား ကာကွယ်နှိမ်နင်းတာတွေဟာ အပင်တွေမှာ ရောဂါမကျအောင် ကြိုတင်ကာကွယ်ခြင်း တစ်နည်းဖြစ်ပါတယ်။

    အပင်ဖျက်ဆီးပျက်စီးနိုင်မှုမှာ ရာသီဥတု အပြင် ပိုးမွှားနဲ့ ရောဂါတို့လည်း ရှိကြပါတယ်။ ရောဂါနဲ့ ပိုးမွှားခွဲခြားမသိကြခြင်းကြောင့်၊ ကုသနှိမ်နင်းရာမှာ မှားယွင်းမှုကြောင့် ငွေကုန်၊ လူပင်ပန်း ဖြစ်ကြရမှုများ တောင်သူ လယ်သမားတွေ ကြုံတွေ့နေရပါတယ်။ သီးနှံသစ်ပင်တွေဟာမျိုးဗီဇလိုက်၍ အရွက်၊ အခက်၊ အလက်၊ အပင်ပုံဏ္ဌာန် မတူညီကြပါ။ အပွင့်၊ အရွက်၊ အကိုင်း၊ အခက်၊ ပင်စည်၊ အမြစ်မကျန်၊အစိတ်အပိုင်းအားလုံးမှာ သူ့အလုပ်သူလုပ်ကြပါတယ်။

    မလုပ်နိုင်ပါက ရောဂါကျခြင်း ဖြစ်နိုင်သကဲ့သို့ လုပ်ငန်းစဉ်တွေ သွေဖည်သွားကြပါတယ်။ အမြစ်ဟာ ရေစုပ်ယူမှု၊ အရွက်ဟာ အစာချက်လုပ်မှု ပုံမှန်မလုပ်နိုင်ဘဲ ရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အပင်ရောဂါနဲ့ အပင်ဖျက်ပိုးတို့ဟာ အခြေခံသဘာဝချင်း မတူကြပါ။ ဖြစ်ပေါ်လာရင် မြင်ရတဲ့ လက္ခဏာများကလည်း ကွာခြားပါတယ်။

    အပင်ရောဂါများဟာ မှို၊ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ နီမာတုတ်၊ မိုက်ကိုရိုင်ဇာစတဲ့ သက်ရှိတွေကြောင့် ဖြစ်ရတယ်။ မည်းမည်းအမှုန့်၊အလုံး၊ မှိုမျှင်ချောင်းတို့ တွေ့ရမယ်။ ပုပ်ရိ၊ ပျော့ရိ၊ နုထွတ်၊ စိမ်းဝါရောင်ပြောက်ကျားကွက်၊ တွန့်လိမ်၊ ကုပ်ကွေး၊ အရောင်ပျက်၊ပုံသဏ္ဌာန်ပျက်၊ အညိုကွက်၊ အဝါကွက်၊ အရွက်တွေ တွန့်လိမ်ကောက်ကွေး၊ အောက်ဘက်ကုပ်မှု၊ အရွယ်အစားသေးမှုတို့ကို တွေ့ရတော့တယ်။ ပိုးမွှားကြောင့် ဖြစ်ရခြင်းဟာ ကိုက်ဖြတ်၊ ထိုးစုပ် စားသောက်ကြသဖြင့် အပေါက်အပြဲ၊ အကွဲ၊ စုတ်ပြတ်တဲ့ကိုက်ရာ၊ဖောက်ရာဒဏ်ရာများအပြင် မြေကြီးထဲရှိအမြစ်များလည်း ပျက်စီးရတယ်။ အပင်တစ်ဝိုက်မှာ ပိုးချေး၊ ပိုးအရေခွံ၊ ပိုးကောင်ကို ရှာဖွေကြည့်ရင် တွေ့နိုင်ပါတယ်။ ရောဂါနဲ့ ပိုးမွှားကို ခွဲခြားသိမှ ထိရောက်တဲ့နှိမ်နင်းမှုရပါတယ်။

    အပင် ရောဂါ ဘာကြောင့်ဖြစ်ရသလဲ။

    အချက်သုံးချက်ကို တွေ့ရပါမယ်။ ပထမဆုံးကတော့ ရာသီဥတုပါပဲ။ ပုံမှန်မဟုတ်ဘဲ ဖောက်ပြန်မှု အထူးသဖြင့် ပုံမှန်ထက်ပိုမိုပူပြင်းခြင်း၊ မိုးရွာမှုပိုများခြင်းနဲ့ မိုးခေါင်ခြင်းတို့ ဖြစ်ပါတယ်။ ရောဂါပိုးမွှား ပေါက်ပွားမှုပိုများလာတယ်။ ဒုတိယကတော့ အပင်ကိုအစာအာဟာရ၊ ဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာကျွေးမှု စနစ်မကျတာပါ။ အထူးသဖြင့် ဓာတ်မြေသြဇာချို့တဲ့မှု၊ လွန်ကဲမှုတို့ကြောင့်ရောဂါဖြစ်ရမှု ရှိပါတယ်။ တတိယအချက်ကတော့ ရောဂါသက်ရှိများဟာ အပင်အတွင်း တစ်နည်းနည်းနဲ့ ဝင်ရောက်တာကြောင့် ဖြစ်ရပါတယ်။

    ဆဲလ်တွေ၊ ပရိုတိုပလာဇမ်တွေ ပျက်စီး၊ အစာပြွန်၊ ရေပြွန်ပိတ်ဆို့၊ အဆိပ်ဓာတ်တွေထွက် ဖြစ်ကုန်ပါတယ်။ရောဂါကျရင် တစ်ပင်က တစ်ပင်၊ တစ်ခင်းမှတစ်ခင်း၊ တစ်ကွင်းမှ တစ်ကွင်း၊ တစ်နယ်ကတစ်နယ် ကူးစက်ပျံ့နှံ့တာပါပဲ။ ဒါကြောင့်မြေကလည်း အရေးကြီးတယ်။ မျိုးကလည်း အရေးကြီးတယ်။ စိုက်နည်းစနစ် မှန်ကန်ဖို့ကလည်း အရေးကြီးတယ်။ စိုက်ပျိုးပြီးတာနဲ့ပြုစုယုယနေရပါတယ်။ အထူးသဖြင့် လက်ရှိကြုံတွေ့နေရတာကတော့ မြေနဲ့ ရာသီဥတုဖြစ်ပါတယ်။

    အပင်တွေ ရှင်သန်ကြီးထွားပွင့်သီးမှုအရေးပါတဲ့ မြေနဲ့ ရာသီဥတု ပြောင်းလဲဖောက်ပြန်လာရင်ဖြစ်စေ၊ ဖောက်ပြန်မှုဟာ အပင်တွေခံနိုင်ရည်ရှိတာထက် ပိုမိုလွန်ကဲလာရင်တော့ အပင်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဖျက်ပိုးတွေလည်း ကျရောက်လာနိုင်ပါတယ်။ ဒါတွေဟာ တောင်သူတွေမလိုလားတဲ့ အရာတွေပါပဲဗျာ။

    ကိုရဲ(စိုက်ပျိုးရေး)

    မြန်မာတောင်သူကြီးများ ဂျာနယ်

    -----------  

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857


  • article
likes
22
comments
0
views
4955