cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

အပင်ရောဂါဒဏ် ခံနိုင်ပြီး သီးနှံအထွက်တိုးစေသည့် ဂျစ်ပ်ဆမ် ကျောက်မှုန့် မြေသြဇာ(Gypsum)

. Plant Nutrition
အပင်ရောဂါဒဏ် ခံနိုင်ပြီး သီးနှံအထွက်တိုးစေသည့် ဂျစ်ပ်ဆမ် ကျောက်မှုန့် မြေသြဇာ(Gypsum)
  • (၁) ရောဂါဒဏ် ခံနိုင်ရည်ရှိခြင်း

    သီးနှံပင်များသည် ၎င်းတို့အတွက် လိုအပ်သော အာဟာရဓာတ်တစ်မျိုးဖြစ်သော “ကန့်”ဓာတ် (sulphur) ကို မြေဆီလွှာအတွင်းမှ စုပ်ယူ စားသုံးကြပါသည်။ သို့သော် ယခုမျက်မှောက်ခေတ်တွင် စိုက်ပျိုးမြေ အားလုံးနီးပါးမှာ “ကန့်”ဓာတ် (sulphur) ချို့တဲ့မှု ပြဿနာနှင့် ရင်ဆိုင်နေကြရပါသည်။ အဆိုပါ ချို့တဲ့မှု ပြဿနာကို အကောင်းဆုံး ဖြေရှင်းပေးနိုင်မည့် အဖြေမှာ ဂျစ်ပ်ဆမ်ကို သုံးစွဲပေးခြင်းပင် ဖြစ်ပါသည်။ အကြောင်းမှာ သီးနှံပင်များ၏ အထွက်နှုန်းကောင်းမွန်စေရန်နှင့် ရောဂါဒဏ်ခံနိုင်ရည်ရှိစေရန်တို့အတွက် လုပ်ဆောင်ပေးသော “ကန့်”ဓာတ် (sulphur) ကို ဂျစ်ပ်ဆမ် ကျောက်မှုန့်မှ ရရှိနိုင်သောကြောင့် ဖြစ်သည်။

    (၂) အဆိပ်သင့်မှုကို လျှော့ချပေးခြင်း

    ဂျစ်ပ်ဆမ်သည် မြေဆီလွှာအတွင်းရှိ အလူမီနီယမ် အဆိပ်သင့်မှုကို လျှော့ချပေးနိုင်ပါသည်။ ထို့အပြင် ၎င်းကို အချဉ်ဓာတ်များသည့် စိုက်ပျိုးမြေများတွင် သုံးစွဲပေးခြင်းဖြင့် မြေဆီလွှာ၏ ချဉ်ငံဓာတ်ကို ထိန်းညှိ ပေးပါသည်။ ဂျစ်ပ်ဆမ်ကို ထည့်သွင်း အသုံးပြုပေးခြင်းသည် သီးနှံပင်များ၏ အမြစ်ပိုင်း ကြီးထွားမှုကိုလည်း အထောက်အကူပြုစေပါသည်။

    (၃) မြေငံများအတွက် အထူးသင့်လျော်ခြင်း

    ဂျစ်ပ်ဆမ်ကို နှစ်စဉ် အမြဲတမ်း သုံးစွဲပေးခြင်းဖြင့်လည်း မြေဆီလွှာအတွင်းတွင် အငံဓာတ်များ ပျံ့နှံ့မှုကို ဟန့်တား ကာကွယ်ပေးနိုင်ပါသည်။ ဂျစ်ပ်ဆမ်တွင် ပါဝင်သည့် ကယ်လစီယမ်သည် မြေဆီလွှာ၏ ဖွဲ့စည်း တည်ဆောက်ပုံကိုလည်း ပိုမိုကောင်းမွန်စေပါသည်။

    (၄) အသီးအားပေးဓာတ် ဆုံးရှုံးမှုကို ကာကွယ်ပေးခြင်း

    ဂျစ်ပ်ဆမ်၏ အဓိကကျသည့် လုပ်ဆောင်ချက်တစ်ခုမှာ အသီးအားပေးဓာတ် (ဖော့စဖိတ်)ဆုံးရှုံးမှုကို ကာကွယ်ပေးခြင်း ဖြစ်ပါသည်။ 

    Credit- စိုက်ပျိုးရေးဦးစီးဌာန၊ညောင်ဦးမြို့


  • article
likes25comments1
views1838