cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

နေရာကျဉ်းအိမ်တွင်း ဟင်းသီးဟင်းရွက်စိုက်ခင်း တည်ထောင်ခြင်း

. Cultivation Methods
ငရုတ်သီး အိုးဖြင့်စိုက်ပျိုးနည်း

ငရုတ်သီးသည် အိုးဖြင့်စိုက်ပျိုးနိုင်သည့် ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်ပါသည်။ အိုးဖြင့် စိုက်ပျိုးခြင်းဖြင့် ကောင်းမွန်စွာ သီးနိုင်ပြီး အကောင်းဆုံး ဖွံ့ဖြိုးကြီး ထွားနိုင်ရန်အတွက် စိုက်ပျိုးမည့် အိုးသည် အနည်းဆုံး ၁၂ လက်မ အနက် နက်သင့်ပါသည်။

ရာသီဥတုနှင့် မြေအမျိုးအစား

အပူချိန် ၁၅-၃၅ဒီဂရီ စင်တီဂရိတ် ရှိပြီးရက် ၁၃၀-၁၅၀အတွင်း နှင်းခါးကျရောက်မှု ကင်းလျှင် ငရုတ်စိုက်ပျိုးရန် သင့်တော်သည်။ မြေကြီး၏ အပူချိန်သည် ၁၀ဒီဂရီ စင်တီဂရိတ်နှင့်အောက် လျော့နည်းလျှင် အပင်၏ ကြီးထွားမှုကို တုံ့နှေးစေသည်။ အပူချိန်၄၀ ဒီဂရီစင်တီဂရိတ် အထက်ကျော်လျှင် အသီးတင်မှု ညံ့ရုံသာမက ဆိုးဆိုးဝါးဝါး အသီးကြွေကျမှုကိုလည်း ဖြစ်စေသည်။

ငရုတ်အား မြေအမျိုးအစား အတော်များများတွင် စိုက်ပျိုးနိုင်သော်လည်း ရေစီးရေလာ ကောင်းပြီး မြေသြဇာထက်သန် ပေါကြွယ်ဝနေသော နှုန်းမြေသည် ငရုတ်စိုက်ပျိုး ထုတ်လုပ်ရန် အကောင်းဆုံးဖြစ်သည်။ ရေဝပ်မှုဒဏ်ကို ခံနိုင်ရည်မရှိသော အပင်ဖြစ်သည်။သင့်တော်သော မြေချဉ်ငံဓါတ်မှာ ၅.၅-၆.၅ဖြစ်သည်။

ပုံမှန်အားဖြင့် ပြောင်းရွေ့စိုက်ပျိုးခြင်းကို ပျိုးထောင်ပြီးနောက် (၄၀-၅၀)ရက်သားတွင် ပြုလုပ်ကြသည်။ ပြောင်းရွေ့မစိုက်မီ (၁၀)ရက်ခန့်အလိုတွင် ငရုတ်ပျိုးပင်၏ အရွက်များအား ဖြတ်ညှပ်တိပေးလျှင် ပြောင်းရွေ့စိုက်ပျိုးသော ပျိုးပင်အား ပို၍လန်းဆန်းရှင်သန် စေပါသည်။ ပျိုးပင်အား  ပိုပြီးခံနိုင်ရည်ရှိလာအောင် လုပ်ပေးခြင်းကို ပြောင်းရွေ့မစိုက်မီ ၁ပတ်ခန့်တွင် ပျိုးခင်းအား ရေလောင်းပေးခြင်းကို ထိန်းညှိပေးခြင်းဖြင့် စတင်သင့်သည်။ ပုံမှန်အားဖြင့် ပြောင်းရွေ့စိုက်ပျိုးခြင်းကို ပျိုးထောင်ပြီးနောက် (၄၀-၅၀)ရက်သားတွင် ပြုလုပ်ကြသည်။ ပြောင်းရွေ့မစိုက်မီ (၁၀)ရက်ခန့်အလိုတွင် ငရုတ်ပျိုးပင်၏ အရွက်များအား ဖြတ်ညှပ်တိပေးလျှင် ပြောင်းရွေ့ စိုက်ပျိုးသော ပျိုးပင်အား ပို၍လန်းဆန်းရှင်သန် စေပါသည်။ ပျိုးပင်အား  ပိုပြီးခံနိုင်ရည်ရှိလာအောင် လုပ်ပေးခြင်းကို ပြောင်းရွေ့မစိုက်မီ ၁ပတ်ခန့်တွင် ပျိုးခင်းအား ရေလောင်းပေးခြင်းကို ထိန်းညှိပေးခြင်းဖြင့် စတင်သင့်သည်။

ရေသွင်းပုံ

ငရုတ်ပင်များ မလှန်မချင်း လိုအပ်ပါက ၁နေ့ ရေ၃ကြိမ် လောင်းပေးရမည်။ အပင်လှန်ပါက ၁ နေ့ ၂ကြိမ် လောင်းပေးလျှင် လုံလောက်ပါသည်။ ဓါတ်မြေသြဇာနှင့် သဘာဝမြေသြဇာ အချိုးကျရောစပ် ကြဲပက်ပြီးပါက အပင်ခြေ ရေမဝပ်စေရန် စိုစွတ်ရုံမျှရေသွင်းပေးရမည်။ ထိုကဲ့သို့ ၁လလျှင် ၁ကြိမ်နှုန်းဖြင့် အသီးရင့်မှည့်လာသည် အထိ ၃ကြိမ်ခန့် ပြုလုပ်ပေးရမည်။ပန်းစပွင့်လျှင် ရေသွင်းခြင်းကို ဆောင်ရွက်ရမည်။

ငရုတ်ပင်ခူးဆွတ်ပုံ

ငရုတ်ပင်များ သီးရာတွင် အောက်ဆုံးခွသီး၊ အလယ်သီးနှင့် အဖျားသီးဟူ၍ ၃မျိုးရှိသည်။ ဆွတ်ခူးရာတွင်လည်း အောက်သီး၊ အလယ်သီးနှင့် အဖျားသီး ဟူ၍ ၃ကြီမ်ခူးဆွတ်နိုင်သည်။ ရွှေ့ပြောင်းစိုက်ပြီး (၄၅-၆၀) ရက်သားတွင် ပန်းစတင်ပွင့်ပါသည်။ အစိမ်းအဖြစ် ခူးမည် ဆိုပါက အရွယ်ရောက်ပြီး အစိမ်းရင့်ချိန်တွင် ခူးရမည်။ အသီးခူးရာတွင် အပွင့်များ မကြွေစေရန်၊ ကိုင်းနု၊ကိုင်းရင့်များ မကျိုးပဲ့စေရန် ဂရုစိုက်ခူးရမည်။ ၃ရက်ခြား၊ ၅ရက်ခြား၊၇ရက်ခြား မှန်မှန်ခူးပေးပါက ကျန်အသီးငယ်များ ကြီးထွားမှုကောင်းပြီး အထွက်တိုးလာနိုင်သည်။အသီးခူးပြီးတိုင်း ပုလဲနှင့် ပိုတက်ရှ် ဆတူရောကာ အပင်ရင်းမှ ခွာ၍ အပင်ပတ်လည်ကျွေးပြီး မိုးရေမရပါက ရေသွင်းရေလောင်းပြုလုပ်ပေးခြင်းဖြင့် အထွက်တိုးနိုင်ပါသည်။ အပင်၂ပင်ကြားတွင် မြေသြဇာ ၂၀ဝ ဂရမ် ၂ဇွန်းမှ ၄၀ဝဂရမ် ၄ဇွန်းအထိကျွေးသင့်ပါသည်။ မျိုးကို လိုက်၍ ၁၀ကြိမ်မှ အကြိမ် ၂၀ခန့်အထိ ခူးဆွတ်နိုင်ပါသည်။ ငရုတ် အခြောက်ပြုလုပ်လိုပါက ရင့်မှည့်၍ အနီရောင်သန်းနေသော ငရုတ်သီးများကို အရည်အသွေး ပျက်စီး လေလွင့်မှု မရှိစေရန် ခူးဆွတ်ရမည်။ထို့နောက် နေလှန်းခြင်း သို့မဟုတ် ရေနွေးဖျောခြင်းဖြင့် ငရုတ်ခြောက်ပြုလုပ်နိုင်သည်။ရေနွေးဖျောရာတွင် အပူချိန် ၅၀ဒီဂရီ စင်တီဂရိတ် ရှိသောအခါ ငရုတ်သီးများကို ထည့်၍မွှေပေးပါ။ ၁၀မိနစ် ၁၅မိနစ် ခန့် အကြာတွင် ဆယ်ယူ၍နေလှန်းရမည်။ရေနွေးဖျောခြင်းဖြင့်  အသီးပုပ်ခြင်း၊ ဖလံဖြူဖြစ်ခြင်း စသည့် မှိုရောဂါများကို ကာကွယ်နိုင်သည်။
  • article
likes31comments0
views5149