cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ဘော်ဒိုမှိုသတ်ဆေးရည်နှင့် သီးနှံပင်များတွင် ကာကွယ်နိုင်သော ရောဂါများ

. Home Garden
ဘော်ဒိုမှိုသတ်ဆေးရည်နှင့် သီးနှံပင်များတွင် ကာကွယ်နိုင်သော ရောဂါများ
မည်သည့်သီးနှံများရှိရောဂါများကိုကာကွယ်နိုင်သနည်း?
ပိန္နဲ၊ ကျွဲကော၊ ရာဘာ၊ ကော်ဖီ၊ လက်ဖက်၊ ဒူးရင်း၊ ထောပတ်၊ သရက်၊ ရှောက်သံပုရာ၊ စပျစ်၊ အုန်းသီး၊ ကွမ်း၊ ကွမ်းသီး၊ နှင်းဆီ၊ ပန်းမန်များ ဟင်းသီးဟင်းရွက်များ နှင့် သစ်သီးပင်များတွင်ကျရောက်သော မှိုရောဂါများကို ကောင်းစွာကာကွယ် နှိမ်နှင်းနိုင်သောဆေးတမျိုးဖြစ်ပေသည်။
ဘော်ဒိုဆေးရည်ဆိုသည်မှာ အဘယ်နည်း?
သမိုင်းကြောင်းအရ ပြင်သစ်နိုင်ငံ ဘော်ဒိုတက္ကသိုလ် (Bordeaux University)မှ စတင်သုံးစွဲခဲ့သောကြောင့် တက္ကသိုလ်အမည်အစွဲပြု၍ ဘော်ဒိုဆေးရည်ဟုခေါ်ကြပါသည်။ ဆေးရည်တွင် ဒုတ္ထာ၊ ထုံး နှင့် ရေတို့ကို အချိုးကျ ‌ရောနှောဖျော်စပ်ထားသော မှိုသတ်ဆေးဖြစ်ပေသည်။
မည်သည့်နည်းများဖြင့် အသုံးပြုနိုင်သနည်း?
*ဘော်ဒိုမှိုသတ်ဆေးအားနည်း၂နည်းဖြင့်အသုံးပြုနိုင်ပါသည်။
၁။ ဘော်ဒိုဖျန်းဆေး
၂။ ဘော်ဒိုသုတ်ဆေး ( ဥယျဥ်ခြံသစ်ပင်သစ်သီးပန်းမန်းများ)
သဘာဝဘော်ဒိုမှိုသတ်ဆေးဖျော်စပ်ရာတွင် မည်သည့်ပစ္စည်းများပါဝင်သနည်း?
၁။ ဒုတ္ထာ ( ကောပါးဆာလဖိတ်)
၂။ ထုံး (ထုံးကျောက် CaCO3၊ မဖောက်ထုံး CaO ၊ ဖောက်ထုံး Ca(OH)2 )
၃။ ရေ
ဘော်ဒိုဆေးရည်မဖျော်စပ်မည် မည်သည့်အချက်များကို သတိထားရမည်နည်း?
၁။ ဒုတ္ထာအမှုန့်များကိုသာသုံးပါ။
၂။ မဖောက်ထုံးအားလေလုံအောင်ထား၍ အသုံးပြုရန်။
၃။ ဒုတ္ထာဖျော်ရည်သည် သံ၊ သွပ်၊ ကြေးစသည့် သတ္ထုပစ္စည်းများကိုစားတတ်သောကြောင့်ပလပ်စတ်၊သစ်သား၊ မြေအိုး၊ ကြွေ နှင့် ပုံးများကိုသာ ဖျော်စပ်ရာတွင်သုံးရမည်။
သဘာဝဘော်ဒိုသုတ်မှိုသတ်ဆေးကို မည်သည့်အချိုးအစားများဖြင့် ဖျော်စပ်နိုင်သနည်း?
၁။ ဒုတ္ထာ - ၁ပိဿာ
၂။ ထုံး - ၁ပိဿာ
၃။ ရေ - ၄ဂါလံ
အဆင့် ၁ - ဒုတ္ထာအမှုန့် ၁ပိဿာကို ရေ ၂ဂါလံဖြင့် ဒုတ္ထာမှုန့်များရေတွင်ပျော်ဝင်သည်ထိ မွေပေးပါ။
အဆင့် ၂ - မ‌ဖောက်ထုံး ၁ပိဿာကို ရေ ၂ ဂါလံဖြင့် ထုံးများကြေသည်ထိ မွေပေးရန်လိုအပ်ပါသည်။ ထုံးသည် ဒုတ္ထာထက်ပျော်ဝင်မှုနှေးသောကြောင့်ဂရုတစိုက်မွေပေးရန်လိုအပ်ပါသည်။
အဆင့် ၃ - ဒုတ္ထာဖျော်ရည်ထဲသို့ ထုံးဖျော်ရည်အားထည့်၍ မွေပေးပြီး ဘော်ဒိုဆေးရည်သုတ်မှိုသတ်ဆေးအား အသုံးပြုနိုင်ပေသည်။
ဘော်ဒိုဆေးအားမည်သို့စနစ်တကျအသုံးပြုမည်နည်း?
ဘော်ဒိုဆေးရည်ကို ဖျော်စပ်ပြီး မှိုသတ်ဆေးစွမ်းအားအာနိသင်ကောင်းသော ၂၄ နာရီအတွင်း အကုန်ဖျန်းရန်လိုအပ်ပါသည်။ ဆေးရည်သည် အလွယ်တကူအနည်ထိုင်သောကြောင့် မကြာခနမွေပြီး ဖျန်းသင့်ပေသည်။ သဘာဝမှိုသတ်ဆေးဖျန်းရာတွင် ရောဂါဖြစ်စေတတ်သော မှို၊ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ နီမတုပ် စသည့်သက်ရှိတို့၏သဘာဝသည် အပင်များ၏ ဆဲလ်အတွင်းပိုင်းတွင် များသော
အားဖြင့်ရှိနေတတ်သောကြောင့် သီးနှံပင်ပေါ် ကောင်းစွာနှံ့စပ်စိုရွှဲနေအောင် ဖျန်းပေးရပေမည်။ သီးနှံပင်၏ အပင်အရွယ်အစား၊ အသက်အရွယ်၊ အပင်အစိပ်အကြဲများပေါ်မှုတည်ပြီး ဆေးကိုလိုအပ်သလို ဖျန်းပေးရပေမည်။ သစ်သီးပင်နှင့်နှစ်ရှည်ပင်များတွင်ကျရောက်သော မှိုရောဂါများ ကိုင်းဖျားခြောက်ရောဂါ၊ပင်စည်ပုတ်ရောဂါ၊သံချေးမှိုရောဂါ နှင့်အခြားသောမှိုရောဂါများကို ကောင်းစွာကြိုတင်ကာကလယ်ပေးနိုင်သော ဆေးခါးကြီးတလက်ဖြစ်ပေသည်။ မိုးများသည့် နှင်းဆီခြံများတွင် ဘော်ဒိုဆေးရည်ကို နှင်းဆီအနက်စက်ပြောက်ရောဂါကို ကာကွယ်ရန် ၇ ရက်မှ ၁၀ ရက်လျှင် တစ်ကြိမ်နှုန်း ဖျန်းပေးရသည်။ ကိုင်းကူးကိုင်းဆက်ပြုလုပ်ပြီးပါက ကိုင်းဖြတ်ရာများကို သုတ်လိမ်းထားပါက ရောဂါကူးဆက်ခြင်းမှ ကာကွယ်နိုင်သည်။
Htet Zaw Htun
Organic Farming Coach
  • article
  • article
  • article
  • article
  • article
  • article
  • article
likes
14
comments
1
views
1300