cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ဆူးပုပ်ပင် ကိုင်းဖြတ်မျိုးပွားခြင်းအကြောင်း သိကောင်းစရာ

. Grafting and Budding
ဆူးပုပ်ပင် ကိုင်းဖြတ်မျိုးပွားခြင်းအကြောင်း သိကောင်းစရာ
ဆူးပုပ် ဟာ နှစ်ရှည်ပင် အမျိုးအစားဖြစ်ပြီး တခါစိုက်ရုံမျှဖြင့် တသက်စားမကုန်နိုင်တဲ့ မြန်မာတို့ အကြိုက် စျေးကွက်ဝင် အသီးအရွက်တစ်မျိုးပဲဖြစ်ပါတယ်။ ကိုင်းကူးရာတွင်မြေထုပ်စည်း၍ ကိုင်းကူးနိုင်သလို ကိုင်းဖြတ်၍ ပျိုးပင်အဖြစ်မြေဆွးထဲသို့ ထည့်လည်း ပျိုးနိုင်သည်။
ဆူးပုပ် မျိုးပွားမည့် ပင်စည်ကိုင်းခတ်အား ရွေးချယ်ခြင်းမြေထုပ်စည်းမျိုးပွားရာတွင် မြေထုပ်စည်းမျိုးပွားမည့် ကိုင်းသည် ကျန်းမာသန်စွမ်းပြီး ပိုးမွှားရောဂါကင်းရမည်။ သက်တမ်းမှာ တစ်နှစ်သားခန့်ရှိပြီး မရင့်လွန်း၊ မနုလွန်းသည့် ကိုင်းလုံးပတ် (လက်မဝက် မှ ၁ လက်မ) အရွယ် အပွေးတက်စ ကိုင်းဖြစ်ရမည်။
ဆူးပုပ်စိုက်ခင်းတွင် မြေထုပ်စည်းပင် စိုက်ပြီး(၆)လခန့်အကြာတွင် အပင်မှ အတက်ကြီးများ ထွက်လာသည်။ ထိုအတက်ကြီးများကို(၁)ပေခန့်မြင့်လာလျှင် ဖြတ်ပေးရသည်။ ထိုအတက်များသည် အရွက်နုထွက်မည့် ကိုင်းတက်များဖြစ်လာသည်။ ထိုအတက်ကြီးများမှ အညွန့်သစ်များ လိုက်လာ၍ ခူးရန်အနေတော်ဖြစ်လျှင် အောက်ဆုံးအရွက် တစ်လက်ချန်၍ ခူးရသည်။
အောက်ဆုံးအရွက် တစ်လက်ချန်ရခြင်းမှာ အညွန့်သစ်ထပ်မံ လိုက်နိုင်ရန် ဖြစ်သည်။ ဆူးပုပ်သည် ကင်ပွန်းချဉ်ကဲ့သို့ ကိုင်းများစွာ ချိုင်ခြင်းကို မနှစ်သက်ချေ။ ကိုင်းဖြတ်များပါက အပင်သေသည်အထိ ဖြစ်နိုင်သည်။ သို့ရာတွင် ကိုင်းခြောက်များ၊ နာနေသောအကိုင်းများ ကိုမူ ဖြတ်တောက်ဖယ်ရှားပေးသင့်သည်။
မျိုးပွားနည်း မျိုးကိုင်းအဖြစ် မြေထုပ်စည်းခြင်းကို သြဂုတ်လ၊ စက်တင်္ဘာလအတွင်း ပြုလုပ်ကြသည်။ နောက်တစ်လခန့်တွင် မြေထုတ်စည်းကိုင်းကို ဖြတ်ပြီး စိုက်ခင်းတွင်စိုက်ကြသည်။
မြေထုတ်စည်းရန် အသက်တစ်နှစ်သားခန့်ရှိပြီး လုံးပတ်လက်သန်းလုံးမှ လက်ညှိုးလုံးခန့်ရှိ၍ စိမ်းစိုနေသော အကိုင်းကို မြေထုတ်စည်းရန် ရွေးချယ်ရသည်။
အခွံခွာ စနစ်ဖြင့် မြေထုပ်စည်း မျိုးပွားနိုင်သည်။ အတွင်းသား အမျှင်တွေကုန်စင်အောင်ခြစ်ထုပ်ပစ်ပါ။
ရေတည စိမ်ထားတဲ့ အုံးခွံမှုန့် ကို ဓားဖြင့်ခွဲပြီး အခေါက်ခွာထားတဲ့နေရာကို ထည့်ပါ ကြိုးဖြင့် တင်းတင်းချည်နှောင်ပါ။ ကိုင်းကူးပြီး ၃ ပတ်မှ ၅ပတ်အတွင်း အမြစ်ဆင်းလာပါမည်။
၅ပတ်လောက်ကြာလျှင် အမြစ်များရင့်ပြီး အရောင်လည်းပြောင်းနေပါမည် ကိုင်းကူးထားတဲ့ ပျိုးအိတ်အောက်မှ ညင်သာစွာ ဖြတ်ပါ လွှဖြင့် ဖြတ်ပါက ကောင်းပါသည်။
ဆွတ်ခူးခြင်းနှင့် အထွက် မြေထုတ်စည်းပင် စိုက်ပြီး(၆)လခန့်ရှိလျှင် ကိုင်းမကြီးများမှ ထွက်လာသော အညွန့်များကို အောက်ဆုံးမှ အရွက်တစ်လက်ချန်၍ ခူးရမည်။
အညွန့်သစ်ထွက်နိုင်ရန်အတွက် အရွက်တစ်လက်ချန်ရန် အရေးကြီးပါသည်။ အညွန့်ခူးခြင်းကို (၁)ရက်ခူး (၃)ရက်အနားပေး စနစ်ဖြင့် ခူးကြသည်။ ဆူးပုပ်ပင်သည် အသက်(၂၅)နှစ်ခန့် ရှိလျှင်အပင်အိုပြီး အထွက်နည်းလာတတ်သဖြင့် အပင်သစ်များ လဲလှယ်စိုက်ပျိုးနိုင်ပါက ပိုကောင်းပါသည်။ စိုက်ပြီးစ အပင်စတင်ခူးချိန်တွင် တစ်ဧက တစ်ကြိမ်ခူးလျှင် တစ်စည်း(၂-၃)ညွန့်ပါအစည်းပေါင်း (၄၀၀-၅၀၀)ခန့် ရသည်။ ဖေဖေါ်ဝါရီလမှ ဇွန်လအတွင်းခူးရာတွင် တစ်ဧက တစ်ကြိမ်ခူးလျှင် အစည်း(၁၀၀၀-၁၅၀၀)အထိ ထွက်သည်။ ဇူလိုင်လနှင့် သြဂုတ်လတွင် ပြန်နားပြီး စက်တင်္ဘာမှ နိုဝင်္ဘာလအတွင်း တစ်ဧက တစ်ကြိမ်ခူးရာတွင် အစည်း(၁၀၀၀-၁၅၀၀)ထွက်သည်။ ဒုတိယနှစ်တွင် တစ်ဧကတစ်ကြိမ်ခူးလျှင် အစည်း(၂၀၀၀-၃၀၀၀)အထိ ထွက်နိုင်သည်။ တတိယနှစ်မှ နောက်ပိုင်းတွင် တစ်ဧကတစ်ကြိမ်ခူးလျှင် အစည်း(၅၀၀၀)ခန့် အထိထွက်နိုင်သည်။
ကိုးကား - ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်း
  • article
  • article
  • article
  • article
  • article
  • article
  • article
likes
35
comments
2
views
3484