cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

🐛 မြေပဲခင်းတွေကို ဆိုးဆိုးရွားရွား ဖျက်ဆီးတတ်တဲ့ ရွက်လိပ်ရွက်ကပ်ပိုး 🐛

. Pests Management
🐛 မြေပဲခင်းတွေကို ဆိုးဆိုးရွားရွား ဖျက်ဆီးတတ်တဲ့ ရွက်လိပ်ရွက်ကပ်ပိုး 🐛
မြေပဲပင်တွေမှာ ရွက်လိပ်ရွက်ကပ်ပိုး ကျရောက်ဖျက်ဆီးခံရရင် မြေပဲရွက်ပေါ်မှာ သေးငယ်ပြောင်လက်တဲ့ ရွက်ထွင်းလမ်းကြောင်းငယ်လေးများကို အပေါ်ဘက်မျက်နှာပြင် ရွက်လယ် ကြော အလယ်နားတို့မှာ တွေ့ရတတ်ပါတယ်။ ရွက်ကြောအတွင်းဘက်မှာ လောက်ကောင်များ ကြီးလာတာ နဲ့အမျှ ရွက်ထွင်းလမ်းကြောင်းများလည်း ကျယ်ပြန့်လာမှာဖြစ်လို့ အရွက်တစ်ခုလုံး အညိုရောင် ပြောင်းလာကာ ခြောက်သွေ့သွားပါမယ်။ ဆိုးဝါးတဲ့ အခြေအနေမှာ ပိုးကျထားသော အပင်ရွက်များဟာ မီးလောင်ခံထားရသလို ခြောက်နေမှာ ဖြစ်ပါတယ်။

ပိုးဘဝစက်ဝန်း

🐛 ဥများ - မြေပဲရွက် အောက်ဘက်မျက်နှာပြင်မှာ တောက်ပတဲ့ အဖြူရောင် ဥလေးတွေကို တစ်လုံးချင်းစီ တွေ့ရတတ်ပါတယ်။

🐛 လောက်ကောင် - အနက်ရောင် ဦးခေါင်းနဲ့ အစိမ်းရောင် ကိုယ်ထည်ရှိပါတယ်။

🐛 အရွက်ရောက်ပိုးကောင် - အညိုဖျော့ရောင်ဖလံကောင် ဖြစ်ပြီး ကိုယ်ထည် (၆) မီလီမီတာခန့်ရှည်ကာ အတောင်မှာ ၁၀ မီလီမီတာခန့် ရှည်ပါတယ်။ အရှေ့ဘက် အတောင်များ၏ ဘေးအနားသတ်လိုင်းများမှာလည်း အဖြူရောင် အစက်များဖြင့် ဖြစ်နေတတ်ပါတယ်။

ရွက်လိပ်ရွက်ကပ်ပိုး ကျရောက်မှုအား စိုက်ပျိုးနည်း စနစ် များဖြင့် ကာကွယ်နှိမ်နှင်းခြင်း

🐛 မြေပဲကို ဖြစ်နိုင်ပါက ထောင်ချောက်သီးနှံများဖြစ်တဲ့ လူး၊ ဆပ်၊ ပဲလွမ်းစသည်တို့နဲ့ ရောနှောစိုက်ပျိုး သင့်ပါတယ်။

🐛ပဲမျိုးရင်းဝင် သီးနှံများ မဟုတ်တဲ့ ပြောင်း၊ ဝါနှင့် နှံစားပြောင်း စသည်တို့နဲ့ သီးလှည့်စိုက်ပေးပါ။ ဝါ၊ နှံစားပြောင်း၊ မြေပဲ ပေါင်းစည်းသီးလှည့်စနစ်ဟာ ရွက်လိပ်ရွက်ကပ်ပိုး ကျရောက်မှုကို လျော့ကျစေရန်နဲ့ အထွက်ကောင်း ရရှိစေဖို့အတွက် အကောင်းဆုံးသီးလှည့်စနစ် ဖြစ်ပါတယ်။

🐛 ရွက်လိပ်ရွက်ကပ်ပိုး ကျရောက်တဲ့ ဒေသများမှာ ခံနိုင်ရည်ရှိတဲ့ မျိုးများကို ရွေးချယ် စိုက်ပျိုးပေးခြင်းဖြင့် အထွက်နှုန်း တိုးစေနိုင်ပါတယ်။

ဇီဝသက်ရှိများနှင့် ကာကွယ်နှိမ်နှင်းခြင်း

🐛 သဘာဝ မိတ်ဆွေပိုးများဖြစ်တဲ့ ပင့်ကူ၊ ဦးမျှင်ရှည်နှံကောင်၊ ပုရွက်ဆိတ်၊ ပုစဉ်း၊ လိပ်ခုံးကျိုင်း၊ ပုရစ်တို့ အရေအတွက် တိုးလာစေဖို့ ထိန်းသိမ်းမွေးမြူပါ။

🐛 နဂျီကောင်များကို ၁ ဧကမှာ အကောင် ၄၀,၀၀၀ နှုန်း လွှတ်ပေးပါ။

🐛 ရွက်လိပ်ရွက်ကပ်ပိုးများကို ကပ်ပါးနဂျီကောင်လို မိတ်ဆွေပိုးများနဲ့ သဘာဝအတိုင်း နှိမ်နင်းပါ။ ဒီကပ်ပါးနဂျီကောင်များဟာ ရွက်လိပ်ရွက်ကပ်ပိုးဥတွေကို ကပ်ပါးပြုနှိမ်နင်းပေးနိုင်ပါတယ်။

ဘက်စုံကာကွယ်နှိမ်နှင်းခြင်း နည်းစနစ်များ

🐛 ဦးကြီးတို့က စိုက်ခင်းဝန်းကျင်မှာရှိတဲ့ ပေါင်းပင်တွေကို ရှင်းလင်းဖယ်ရှား ပေးမယ်ဆိုရင် ရွက်လိပ်ရွက်ကပ်ပိုး ပျံ့ပွားမှုကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

🐛မြေပဲသီးနှံ အစောပိုင်းကာလမှာ ရွက်လိပ်ရွက်ကပ်ပိုး ဆိုးရွားစွာကျရောက်မယ်ဆိုရင် စိုက်ခင်းကို ရေလွှမ်းပြီး ချက်ချင်း ရေပြန်ထုတ်ပေးနိုင်ပါတယ်။ ရေပြန်ထုတ်လိုက်တဲ့အခါ ရေနဲ့အတူ ရွက်လိပ်ရွက်ကပ်ပိုးတွေလည်း ပါသွားမှာ ဖြစ်ပါတယ်။

🐛ရွက်လိပ်ရွက်ကပ်ပိုး ကျရောက်မှုကို ကာကွယ်ဖို့ တမာပိုးသတ်ဆေးကို ဆေးဖြန်းပုံးတစ်ပုံးမှာ စားပွဲတင်ဇွန်း ၁၂ ဇွန်းနှုန်းနဲ့ ဖြန်းပေးနိုင်ပါတယ်။

🐛ဖလံအမများကို ဖမ်းဖို့ အဝါရောင် စေးကပ်ထောင်ချောက်များကို အသုံးပြုနိုင်ပါတယ်။

🐛ဘောင်စနစ်ဖြင့် စိုက်ပျိုးထားတဲ့ မြေပဲရွက်များပေါ်ရှိ ဥများကိုတော့ လက်ဖြင့် အဆင်သင့်သလို ကောက်ယူဖယ်ရှားနိုင်ပါတယ်။

🐛ပိုးကျခံထားရတဲ့ အရွက်များကို တွေ့ရှိတာနဲ့ ခူးယူ ဖျက်ဆီးပစ်ပါ။

🐛ဥအစုအဝေးရှိမရှိ ပုံမှန်စစ်ဆေးပြီး တွေ့ရှိတာနဲ့ ချက်ချင်း ဖျက်ဆီးပစ်ပါ။

🐛 စိုက်ခင်းထဲမှာ ဖလံများကို စတွေ့ပါက မီးထောင်ချောက်များကို ညဘက်မှာ အသုံးပြုပေးပါ။ (ဥပမာ - LED ဓာတ်မီး၊ လျှပ်စစ်မီးသီး၊ ဒါမှမဟုတ် ရေနံဆီမီးအိမ်ကို ရေဇလုံ အပေါ်ဘက်မှာ ထားပေးပါ)

ဓာတုနည်းဖြင့် ကာကွယ်နှိမ်နှင်းခြင်း

မြေပဲပင်များကို ရွက်လိပ်ရွက်ကပ်ပိုးရန်မှ ကာကွယ်ဖို့ ဖော်ပြပါ ပိုးသတ်ဆေးများကို အသုံးပြုနိုင်ပါတယ်။

(၁) ကလိုပိုင်ရီဖော့ (Chlorpyrifos)

(၂) လမ်ဒါဆိုင်ဟေလိုသရင် (Lambda-cyhalothrin)

(၃) ကာတက် ဟိုက်ဒရိုဂလိုရိုဒ် (Cartap hydrochloride)

(၄) အဆီဖိတ် (Acephate) စတဲ့ ဆေးအဆိပ်ပါတဲ့ ပိုးသတ်ဆေးတစ်မျိုးမျိုးကို အညွှန်းအတိုင်း အသုံးပြုပေးနိုင်ပါတယ်။

ဆေးထုပ်တွင် မြန်မာဘာသာဖြင့် ရေးထားသောအညွှန်းကို သေချာ ဖတ်၍ ဆေးနှုန်းထား၊ ဆေးဖျန်းသင့်သည့် အချိန်၊ အများဆုံးဆေးဖျန်းသင့်သည့် အကြိမ် အရေအတွက်၊ သီးနှံပင် မရိတ်သိမ်းခင် စောင့်ဆိုင်းရမည့်ရက် နှင့် ဆေးဖျန်းသည့် အခါ အဝတ် အစားများကိုလည်း လုံခြုံအောင်ဝတ်ဆင်ရန် စသည်ဖြင့် ညွှန်ကြား ထားသည်များကို သေချာစွာလိုက်နာ ရန် လိုအပ်ပါတယ်။

ထွက်တိုး
  • article
likes
23
comments
0
views
3975