cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

သခွားသီး အခါးသီး မဖြစ်အောင်လုပ်ဆောင်သင့်သောအချက်များ

. Cultivation Methods
တချို့သော သခွားသီးများမှာတော့ သဘာဝအတိုင်း အသီးကို ခါးသီးစေနိုင်သည့် ကျူကာဘီတင်စင်ဟု လူသိများသည့် အော်ဂဲနစ်ဒြပ်ပေါင်းများနှင့် ပြည့်နေတတ်တဲ့အတွက် ခါးစေနိုင်ပါတယ်။
  • article
  • သခွားပင်တွေဟာ မှားယွင်းသော ကြီးထွားမှုအခြေအနေများ အောက်တွင်ကြီးထွားလာရသည့်အခါ ခါးသောအသီးများ (သို့မဟုတ်) အရသာကင်းမဲ့သော အသီးများကို ဖြစ်စေနိုင်ပါသည်။ အပူချိန် အေးလွန်းခြင်း သို့မဟုတ် ပူလွန်းခြင်းကဲ့သို့သော အပူချိန် အလွန်ကွဲပြားမှုများက သစ်သီးများရဲ့ အရသာကို ခါးစေနိုင်ပါတယ်။ သို့သော် တချို့သော သခွားသီးများမှာတော့ သဘာဝအတိုင်း အသီးကို ခါးသီးစေနိုင်သည့် ကျူကာဘီတင်စင်ဟု လူသိများသည့် အော်ဂဲနစ်ဒြပ်ပေါင်းများနှင့် ပြည့်နေတတ်တဲ့အတွက် ခါးစေနိုင်ပါတယ်။ 

    သခွားသီးတွေ မခါးအောင် လုပ်ဆောင်သင့်တဲ့ အချက်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ 

    ၁။ မြင့်မားတဲ့ အပူချိန်ကို ကာကွယ်ပါ။

    ၉၀ဒီဂရီဖာရင်ဟိုက် သို့မဟုတ် ၃၂ဒီဂရီဆဲစီးရပ်ထက် မြင့်မားသော အပူချိန်က အပင်ကို ဖိအားပေးနိုင်ပြီး အသီးအရသာတွေကို ခါးစေနိုင်ပါတယ်။ ဒါကြောင့် သခွားပင်တွေကို ပြင်းထန်တဲ့ မွန်းလွဲပိုင်း တိုက်ရိုက်နေရောင်ခြည်မထိအောင် ကာကွယ်ပေးသင့်ပါတယ်။

    ၃။ နေကြာပန်းပွင့်များနှင့်အတူစိုက်ပျိုးပါ။

    နေကြာပန်းပွင့်များသည် သဘာဝအလျောက် အဲလစ်စတက်စ်ဟုခေါ်သော သခွားသီးမှာရှိတဲ့ ကျူကာဘီတင်စင် အရေအတွက်ကို လျော့နည်းစေသည့် အင်ဇိုင်းတစ်ခုကို ထုတ်လွှတ်ပေးနိုင်တဲ့အတွက် နေကြာပန်းပွင့်များနှင့် အတူစိုက်ပျိုးပါ။

    ၄။ မှန်ကန်တဲ့နေရာနဲ့ ပင်ကြားတန်းကြား

    စိုက်ပျိုးသည့်အခါ နေရောင်ရတဲ့ နေရာ၌ စိုက်ပျိုးဖို့လိုပြီး ၁၀-၁၂ လက်မအကွာထားသင့်ပါတယ်။ ဘောင်တင်ပြီး စိုက်ပျိုးပါက ကောင်းစွာကြီးထွားစေရန် အခါးဓာတ်ရှိတဲ့ နေရာနှင့် အနည်းဆုံး ၃-၄ ပေ ကွာဝေးသောနေရာကို ခါးသီးမှုမရှိဘဲ ကြီးထွားစေပါ။

    ၅။ နှင်းကျရောက် မရှိစေရန် ဂရုပြုပါ။

    ချိုမြိန်သော သခွားသီးများ ရရှိနိုင်ရန်အတွက် အအေးမလွန်စေရန် ဂရုပြုပါ။ မြေဆီလွှာကို ၆၀ဒီဂရီဖာရင်ဟိုက် သို့မဟုတ် ၁၆ဒီဂရီဆဲစီးရပ်ကဲ့သို့ ပူနွေးစေတဲ့ အနေအထားမှာ စိုက်ပျိုးသင့်ပါတယ်။

    ၆။ အစိုဓာတ်ပုံမှန်ရရှိနိုင်စေရန် ထိန်းထားပါ။

    ကြီးထွားမှု၏ အစောပိုင်းအဆင့်များအတွင်း ရေငတ်ခြင်း သို့မဟုတ် ရေဝပ်ခြင်းကဲ့သို့သော အပင်အပေါ်ဖိစီးမှုများက ကျူကာဘီတင်စင် (ခါးသီးသောအရသာရှိသောဒြပ်ပေါင်း) ကို စုစည်းစေပြီး အသီးများကို ခါးစေနိုင်ပါသည်။

    တစ်ပတ်လျှင် ၂-၃ ကြိမ် နက်ရှိုင်းစွာ ရေလောင်းပါ သို့မဟုတ် ရေအစက်ချနည်းကို အသုံးပြုနိုင်ပါသည်။ သို့မှသာ မြေဆီလွှာသည် တစ်သမတ်တည်း အစိုဓာတ်ကို ထိန်းထားပေးနိုင်မည်ဖြစ်သည်။

    ၇။ မြေဖုံးပေးပါ။

    မြေဆီလွှာသည် ၇၀ဒီဂရီဖာရင်ဟိုက် သို့မဟုတ် ၂၁ဒီဂရီဆဲလ်စီးရပ်ကဲ့သို့ အပူချိန်မြင့်တက်လာသည့် အချိန်တွင် အနက်ရောင် ပလတ်စတစ် သို့မဟုတ် အော်ဂဲနစ်မြေဆွေးကိုသုံး၍ အပင်များတွင် မြေဖုံးပေးခြင်းဖြင့် စိုစွတ်မှု အငွေ့ပြန်မှုနှုန်းကို လျော့နည်းစေနိုင်သည်။

    အာဟာရဓာတ်များ ယှဉ်ပြိုင်ခံရမှု လျော့ကျစေပြီးနှင့် မြေဆီလွှာစိုထိုင်းမှုတို့ကို တစ်သမတ်တည်း ထိန်းပေးခြင်းကို ကူညီပေးနိုင်ပါတယ်။

    ၈။ ချိုတဲ့သခွားမျိုးစိတ်များကိုစိုက်ပျိုးပါ။

    ခါးသောသခွားသီးများကို မဖြစ်စေရန် ချိုသခွားမျိုးစိတ်များကို ရွေးချယ်စိုက်ပျိုးရန် စဉ်းစားနိုင်ပါသည်။

    ၉။ အာဟာရပြည့်ဝတဲ့ မြေဆီလွှာပေါ်တွင်စိုက်ပျိုးပါ။

    သခွားသီးပင်တွေက အစာအာဟာရ အများကြီးစားနိုင်တဲ့ သီးနှံဖြစ်တဲ့အတွက်ကြောင့် မြေဆီလွှာမှာ အော်ဂဲနစ်ဒြပ်ဝတ္ထုမရှိသည့် မြေဆိုလျှင် အသီးတွေကို ခါးစေနိုင်ပါသည်။ စိုက်ပျိုးတဲ့အချိန်မှာ မြေဆီလွှာမှာ မြေဆွေးနဲ့ အော်ဂဲနစ်ပစ္စည်းတွေ အများကြီး ထည့်ပါ။ ထို့အပြင် ၃-၄ပတ်တစ်ကြိမ် အာဟာရညီမျှစွာ ပါဝင်တဲ့ အော်ဂဲနစ်အရည်ကို အသုံးပြုပါ။ အရသာ ချိုစေရန် သေချာစေရန် အကောင်းဆုံးနည်းမှာ အပင်မှအသီးကိုခူးပြီးနောက် အဆုံးပိုင်းကို တစ်ပတ်လည် ပွတ်တိုက်ပေးခြင်းဖြစ်သည်။ ယင်းကိုလုပ်ဆောင်ခြင်းအားးဖြင့် အသီးကိုခါးစေနိုင်သည့် ကျူကာဘီတင်စင်ဟုခေါ်သည့် အဖြူရောင်အစေးတစ်မျိုး ဖြစ်ပေါ်လာသည်ကို တွေ့ရှိနိုင်မှာဖြစ်ပါတယ်။

    Source: balconygardenweb

    ------------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857


likes
33
comments
0
views
3744