cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

အဖူးကူးရော်ဘာမျိုးများအား မျိုးရောစိုက်ပျိုးခြင်းမှရရှိသောအကျိုးများ

. Cultivation Methods
အဖူးကူးရော်ဘာမျိုးများအား မျိုးရောစိုက်ပျိုးခြင်းမှရရှိသောအကျိုးများ

ဒီတစ်ကြိမ်အတွက် ရော်ဘာခြံရှင်တောင်သူများအားပေးချင်သော မက်ဆေ့ကတော့ ရော်ဘာမျိုးရောစိုက်ပျိုးခြင်းမှရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းဖြစ်ပါသည်။
ရော်ဘာခြံတစ်ခြံ၏အသက်မှာ မျိုးဖြစ်ပါသည်။ မျိုးရွေးချယ်စိုက်ပျိုးမှုမှားပါက ခြံရှင်အတွက်ရော အစေးခြစ်လုပ်သားများအတွက်ပါ ဒုက္ခများလှပါသည်။ မျိုး ရွေးချယ်မှုရော စိုက်ပျိုးစနစ်ပါမှားပါက ၎င်းခြံအတွက်အစေးခြစ်လုပ်သားဌားရမ်းရခက်ခဲသလို ၎င်းခြံမျိုးတွင်အစေးခြစ်လုပ်သား တည်မြဲမှု မရှိပဲဖြစ်တတ်ပါသည်။
များသောအားဖြင့် ရော်ဘာစိုက်ပျိုးရာ၌ခြံကြီးရှင်များသည် အထွက်ကောင်းအဖူးကူး ရော်ဘာမျိုးများအား ရောနှောစိုက်ပျိုးတတ်ကြသော်လည်း တစ်ချို့(ဥပမာ - ၂၅ ဧကအောက်) စိုက်ပျိုးသည့်ခြံငယ်ရှင်များ ရော်ဘာမျိုးတစ်မျိုးတည်းကိုသာ စိုက်ပျိုးလေ့ရှိကြသည်ကိုတွေ့ရတတ်ပါသည်။ စိုက်ပျိုးမည့်ဧကပိုင်ဆိုင်မှု နည်းပါးသော်လည်း မျိုးတစ်မျိုးထဲစိုက်ပျိုးခြင်းထက် မျိုးကို အနည်းဆုံး ၂ မျိုး သို့မဟုတ် ၃မျိုးလောက် ရောနှောစိုက်ပျိုးသင့်ပါသည်ဟုအကြံပြုရေးသားလိုပါသည်။
ရော်ဘာကိုမျိုးရောနှောစိုက်ပျိုးခြင်းသည် တစ်မျိုးထဲစိုက်ပျိုးခြင်းထက် ခြံရှင်အတွက်သာမက ခြံလုပ်သားများရော အစေးခြစ်သမားများအတွက်ပါ ပို၍အဆင်ပြေစေပါသည်။ လုပ်ငန်းလည်ပတ်မှု ကိုလည်းပို၍ ထိန်းချုပ်နိုင်သောနည်းလမ်းကောင်းဖြစ်သည်ဟု မြင်မိပါသည်။
မျိုးရောရော်ဘာစိုက်ပျိုးခြင်းဖြင့်ရရှိသော အကျိုးကျေးဇူးများမှာ
၁။ ရော်ဘာအထွက်နှုန်းအတိုးအလျော့ကိုထိန်းပေးခြင်း
၂။ ရွက်ကြွေကာလမတူညီသဖြင့် အစေးခြစ်လုပ်သားများအတွက် ဝင်ငွေထိခိုက်မှုကို သက်သာစေခြင်း။
၃။ စက်ရုံလုပ်သားများအတွက်လည်း အလုပ်ဆက်လက်လည်ပတ်နိုင်ခြင်း
၄။ ရောဂါပိုးမွှားကျရောက်ကူးစက်မှုကြောင့် ပျက်ဆီးဆုံးရှုံးမှုကိုလည်း တားဆီးပေးခြင်း

ရေးသားထားသည့် အကြောင်းအရာများထဲမှ မှားသည်ကိုတွေ့ရှိပါကလည်းထောက်ပြ၍ အမှားပြင်ပေးနိုင်သလို သေချာနားမလည် မရှင်းလင်းသည့်အချက်များကိုလည်း ကွန်မန့်တွင် မေးမြန်းနိုင်ပါသည်။ ဤရေးသားဖော်ပြချက်သည် စာတွေ့နှင့်လက်တွေ့ ပေါင်းစပ်၍ ရေးသားဖော်ပြထားခြင်းဖြစ်ပါသည်။ မျိုးရောနှောစိုက်ပျိုးခြင်းဖြင့် ရရှိသောအကျိုးကျေးဇူးများ၏ အသေးစိတ်အားလာမည့်အပတ်တွင် ဆက်လက်တင်ပြသွားပါမည်။

ဒေါ်သဲမာ
Dip agri (1997)
ရော်ဘာလေ့လာသူ
09 978 589 818
  • article
likes8comments0
views5225