cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

အိမ်တွင်း အလှစိုက် ပိန်းပန်း ပြုစုနည်း

. Cultivation Methods
အိမ်တွင်း အလှစိုက် ပိန်းပန်း ပြုစုနည်း
• ပိန်းပန်းပင်က ရေစီးရေလာကောင်းတဲ့ မြေကို ပိုပြီးတော့ နှစ်သက်ပါတယ်။
• အပင်ရဲ့ မြေခံ အနေနဲ့ ပွားစာကို မီးသွေး၊ အုန်းဆံမှုန့် တို့ကို အသုံးပြုပေးပါ။
• အုတ်နီခဲ အပိုင်း အစကိုတော့ အပင်တည့်မတ်အောင်ထိန်း ထားတဲ့ အနေနဲ့ အသုံးပြုပေးသင့်ပါတယ်။
• ပိန်းပန်းပင်က ပင်ခြေမှာရေဝပ်တာကို မကြိုက်ပါဘူး။ သို့သော် အစိုဓါတ် ရရှိနေဖို့တော့ လိုအပ်ပါတယ်။
• အပင်ကို နေရောင်ခြည်တိုက်ရိုက်ထိတွေ့သည့် နေရာတွင် မထားပါနှင့်။ ပုံမှန် အလင်းရောင်ရရှိသည့် နေရာတွင်သာ ထားပေးပါ။
• နွေရာသီ မှာဆိုရင် အပင်ကို ၃ - ၅ ရက် ခြား တစ်ကြိမ်ခန့်ရေလောင်းပေးသင့်ပါတယ်။
• အားဆေး အနေနဲ့ ဗိုက်တာမင် ဘီဝမ်း နှင့် ဘာ့ဘလပ် ဆေးပြားများ BPI ထုတ်တွေတင်သာမကာ အခြားထုတ်တွေလည်း တွေ့ရပါသည်။ ဆေးနှစ်ပြားကို ရေတစ်ဂါလံတွင်သုံးပေးပါ။
• အပင်ကြီးလာတဲ့ အခါ အိုးကြီးထဲကို ထပ်ပြောင်းပေးမှ သာလျှင် ပင်ပွားများများ ရရှိမှာ ဖြစ်ပါတယ်။
✦✦✦✦✦✦✦✦✦✦✦✦✦✦✦
  • article
likes24comments0
views3313