cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ကောက်ရိုးမှိုကို ခြင်းတောင်းဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးနည်း

. Cultivation Methods
ကောက်ရိုးမှိုကို ခြင်းတောင်းဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးနည်း
  • လိုအပ်သော ကုန်ကြမ်းပစ္စည်းများ

    ဝါးဖြင့် ပြုလုပ်ထားသောခြင်း​​အကျယ် ၁‘ ၊ အမြင့် ၂’ ကောက်ရိုး​​​​၁အိတ် ၊(တစ်တင်းခွဲအိတ်(သို့မဟုတ်) ၂တင်းဝင်အိတ်၊ ၂-၃နာရီကြာရေစိမ်) ဗေဒါ​​​​​၂-၃ ပြည် (နုတ်နုတ်စင်းပြီးသား) ၊ နွားချေးမှုန့်​​​​၂ ပြည် ၊ မျိုးထုပ်​​​​၁ ထုပ် ၊ ဖွဲနု​​​​​၁ ဗူး (နို့ဆီဗူး)​

    ​နေရာရွေးချယ်ရာတွင် သန့်ရှင်းပြီး ခြ ၊ ပုရွက်ဆိတ်ကင်းသောအခန်း(သို့)ခြံဝန်းအတွင်းနေရာကို ရွေးချယ် ရပါမည်။ ခြံဝန်းအတွင်းဖြစ်ပါက အနည်းဆုံး အရိပ်ကျဲရရှိမည့်(ဥပမာ-ဘူးစင်အောက်၊ သစ်ပင်အောက်)နေရာဖြစ်ပြီး ၎င်းနေရာကို ထုံးဖြူးပေးရပါမည်။

    ပထမဦးဆုံး မှိုမျိုးနှင့်ဖွဲ့နုကို ရောနယ်ပါ။ ရေစိမ်ထားသော ကောက်ရိုးကို ၆ပုံ ခွဲပုံပြီး ဗေဒါ၊ နွာချေး၊ မှိုမျိုးနှင့်ဖွဲ့နု(အရော)တို့ကို ၅ပုံစီ ခွဲထားပါ။ ခြင်းအတွင်းသို့ လေဝင် လေထွက် ကောင်း စေရန် နှင့် ခြကိုက်စားမှုမရှိစေရန် ခြင်းအောက်တွင် အုတ်ခဲ(၃)လုံးကို ဖိုခနောင့်ဆိုင် ထားပြီး မှ ခြင်းကိုတင်ပါ။ ရေစိမ်ထားသော ကောက်ရိုး ၆ပုံ ၁ပုံ ခန့်ကို ခြင်းအတွင်း ၃-၄” အထူခန့် ညီညာစွာခင်းပါ။ ၎င်းကောက်ရိုးအပေါ်မှ ဗေဒါ ၅ပုံ ၁ပုံခန့်ကို ခြင်းနံရံပတ်လည် ဗျက်၄”အကျယ် ခင်းပါ။ နွားချေးမှုန့် ၅ပုံ ၁ပုံကို ဗေဒါအလွှာပေါ် အနှံ့ဖြူးပါ။ ထို့နောက် မျိုးနှင့်ဖွဲနု အရော ၅ပုံ ၁ပုံခန့်ကိုယူ၍ နွားချေးအပေါ် ခြင်းနံရံမှ အတွင်းဘက် ၁-၂” ခန့်ခွာ ၍ ညီညာစွာ ဖြူးပါ။

    ၎င်းတို့အပေါ်မှ ကောက်ရိုး ၆ပုံ ၁ပုံကို တစ်လွှာခင်းပြီး ရေဖျန်း၍ ဖိပေးပါ။ ဤနည်း အတိုင်း ကောက်ရိုး၊ ဗေဒါ၊ နွာချေး၊ မှိုမျိုးနှင့်ဖွဲနုတို့ကို တစ်လှည့်စီဖြူးရေလောင်း ဖိသိပ်၍ ၄လွှာအထိ ပြုလုပ်ပြီး ၅လွှာမြောက်တွင် ကျန် ၅ပုံ ၁ပုံ ဗေဒါ၊ နွာချေး၊ မှိုမျိုးနှင့်ဖွဲ့နု (အရော) တို့ကို ခြင်းမျက်နှာပြင်အပြည့် အစဉ်လိုက်ဖြူးထည့်ပြီး ကျန် ၆ပုံ ၁ပုံ ကောက်ရိုးကို ညီညာစွာ ခင်းအုပ် ရေလောင်းဖိသိပ်ရပါမည်။

    ယခုစိုက်ပျိုးထားသော ကောက်ရိုးအထပ်သည် မကျပ်လွန်း၊ မချောင်လွန်း သော အနေတော်သိပ်သည်းမှု အနေအထားဖြစ်ရန် လိုအပ်ပါသည်။ ဤသို့ဖြင့် ၄-၅ ခြင်းပြုလုပ်ပြီး နွေရာသီတွင် တစ်ခြင်းနှင့်တစ်ခြင်း ၈”မှ၁၂”ခန့်နှင့် မိုးနှင့်ဆောင်းရာသီတွင် ၆”မှ၁၀”ခန့်ခွာ၍ စီထားပါ။ ခြင်း၄-၅ခြင်းကို ပလပ်စတစ်စဖြင့် လုံအောင်အုပ်ပေးပါ။ ထို့နောက် ပလပ်စတစ်စအပေါ်မှ သက်ကယ်၊ ဂျပ်စက္ကူကတ်၊ ကောက်ရိုးတစ်မျိုးမျိုးဖြင့် အလင်းမဖောက်စေရန် အုပ်ပါ။

    ခြင်း၄-၅ခြင်းကို ပလပ်စတစ်စဖြင့် လုံအောင်အုပ်ပေးပါ။ ထို့နောက် ပလပ်စတစ်စအပေါ်မှ သက်ကယ်၊ ဂျပ်စက္ကူကတ်၊ ကောက်ရိုးတစ်မျိုးမျိုးဖြင့် အလင်းမဖောက်စေရန် အုပ်ပါ

    ကောက်ရိုး၊ ဗေဒါ၊ နွာချေး၊ မှိုမျိုးနှင့်ဖွဲနုတို့ကို တစ်လှည့်စီဖြူးရေလောင်း ဖိသိပ်၍ ၄လွှာအထိ ပြုလုပ်ပေးပါ။

    စိုက်ပြီး ၇ရက်ခန့်တွင် မှိုမျှင်ပျောက်ကာ မှိုသန္ဓေခဲလေးများ စထွက်လာပြီး ၁၀-၁၂ ရက်ခန့်တွင် အသင့်ခူးဆွတ်နိုင်ပါမည်။

    Source - www.agri.com ( Agri Digital News )


  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
likes46comments15
views2428