cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ဗင်ဒါသစ်ခွ စိုက်ပျိုးထိန်းသိမ်းနည်း

. Cultivation Methods
ဗင်ဒါသစ်ခွ စိုက်ပျိုးထိန်းသိမ်းနည်း
  • ဗင်ဒါ သစ်ခွ ( Vanda Orchid)


    ဗင်ဒါ မျိုး နွယ်စု သစ်ခွတွေဟာ ပူနွေးတဲ့ ရာသီဥတု နဲ့ နေရောင်ကို တနေ့တာလုံး ရတဲ့ ဒေသ တွေမှာ စိုက်ပျိုး ဖို့ အကောင်းဆုံးပါ။ ရာသီဥတု ပူနွေးတဲ့ အာရှနိုင်ငံတွေမှာ အများဆုံး ပေါက်ရောက်လေ့ရှိပါတယ်။ အအေးပိုင်းဒေသတွေမှာတော့ မှန်လုံအိမ်တွေထဲမှာ ထည့်စိုက်လေ့ရှိပေမဲ့ ပူနွေးတဲ့ ရာသီဥတု ရှိတဲ့ ဒေသတွေအတွက်တော့ ဗင်ဒါ သစ်ခွဟာ စိုက်ပျိုးဖို့ အသင့်တော်ဆုံးပါ။


    အလင်းရောင်

    ဗင်ဒါ သစ်ခွပင်ကနေ အပွင့်ပွင့်ဖို့ဆိုရင်တော့ အလင်းရောင်ဟာ အရေးပါတဲ့ အချက်တခု ဖြစ်ပါတယ်။ ဗင်ဒါ သစ်ခွမျို းစိတ်တွေမှာ အဓိက ၃ မျိုး ရှိပါတယ်။ ရွက်ပြားဗင်ဒါ၊ ခဲတံချောင်းပုံစံ ရွက်လုံးဗင်ဒါ နဲ့ တတိယ မျိုးစိတ်ကတော့ ရွက်ပြား နဲ့ ရွက်လုံး ကြားမှာ ရှိတဲ့ အရွက် အမျိုးအစားဖြစ်ပါတယ်။

    ပထမ အမျိုးအစားဖြစ်တဲ့ ရွက်ပြားဗင်ဒါကတော့ နေရောင်ကို ကြိုက်ပြီး တနေတာရဲ့ အလင်းကို အပြည့်အ၀ လိုအပ်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဗင်ဒါ သစ်ခွကို ပူနွေးတဲ့ ရာသီဥတု မှာ ပထမအရွက် အမျို းအစား ဗင်ဒါ နဲ့ တတိယ အမျိုးအစား ဗင်ဒါကို စိုက်မယ်ဆိုရင် ၂၀% ကနေ ၃၀% အရိပ်ရတဲ့ နေရာမှာ ထားပေးရမှာဖြစ်ပါတယ်။


    အပူချိန်

    ဗင်ဒါဟာ ပူနွေးတဲ့ ရာသီဥတုကို ကြိုက်တာကြောင့် ညအအေးချိန် ၅၅ ဒီဂရီ ဖာရင်ဟိုက်လောက်အထိ သာ ခံနိုင်ရည် ရှိပါတယ်။ အချိန်တိုတဲ့ အအေးဒဏ်ကို ခံနိုင်ပေမဲ့ အအေးနဲ့အတူ လေအေး ပါ တိုက်လာမယ်ဆိုရင်တော့ခံနိုင်မှုမရှိလှပါဘူး။


    သူ့အတွက် အကောင်းဆုံး အပူချိန်ကတော့ ညအချိန်မှာ ၆၀ ကနေ ၇၀ ဒီဂရီ ဖာရင်ဟိုက် ဖြစ်ပီးတော့ နေ့အပူချိန်မှာတော့ ၉၅ ဒီဂရီ ဖာရင်ဟိုက် ဝန်းကျင် ဖြစ်ပါတယ်။

    နွေရာသီဟာ သူ့အတွက် အကောင်းဆုံး အချိန်ဖြစ်ပြီးတော့ အပင်ဟာ ကြီးထွားနှုန်းမြန်ဆန်ပါတယ်။ ဒါပေမဲ့လည်း အပူချိန် မြင့်တက်နေတာနဲ့အတူ စိုထိုင်းဆ နဲ့ လေဝင်လေထွက် လည်း မြင့်တက်အောင် ချိန်ဆ ပေးရပါမယ်။ ထို့အတူပဲ အစာ နဲ့ ရေ ပေးနှုန်းကို လည်း မြှင့်ပေးရပါမယ်။


    ရေ

    အပင်ဟာ ကြီးထွားမှုနှုန်း မြင့်တက်နေချိန် ဆိုရင်တော့ ရေ ကို ပိုမို ပြီးပေးသင့်ပါတယ်။ ဒါပေမဲ့လည်း အမြစ်ကတော့ ရေလောင်းပီး သိပ်မကြာခင်မှာပဲ ရေခြောက်သွားတာမျိုး ဖြစ်သင့်ပါတယ်။ ဗင်ဒါ သစ်ခွ ရဲ့ အမြစ်ဖွဲ့စည်းပုံကြောင့် ဗင်ဒါကို သစ်သားခြင်းတွေထဲမှာ စိုက်ကြတာဖြစ်ပါတယ်။ နေပူပြင်းတဲ့ ရာသီဥတု တွေမှာတော့ နေ့စဉ်ရေလောင်းဖို့ လိုအပ်ပါတယ်။ မိုးအုံ့ပြီး အေးတဲ့ ရာသီဥတုတွေမှာတော့ ရေလောင်းတာကို ခြားပေးဖို့ လိုအပ်ပါတယ်။


    စိုထိုင်းဆ


    စိုထိုင်းဆ ကတော့ ၈၀% အထိ လိုအပ်ပါတယ်။ ပူပြင်းတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေမှာတော့ လိုအပ်တဲ့ စိုထိုင်းဆ ဟာ အလွယ်တကူပဲ ရရှိနိုင်ပါတယ်။ တခုသတိထားရမှာကတော့ အပင်တွေကို ကျပ်နေအောင် မထားပဲ တပင်နဲ့ တပင်ကြား လေဝင်လေထွက်ကောင်းမွန်ဖို့ ဖြစ်ပါတယ်။


    အားဆေးကျွေးခြင်း


    ဗင်ဒါအတွက် သင့်တော်တာကတော့ ပူပြင်းတဲ့ ရာသီဥတုတွေမှာ မျှခြေ ညီတဲ့ ပတ်လည် အားဆေး ၂၀-၂၀-၂၀ အပြည့်ကို တပတ်တခါ ကျွေးလို့ရပါတယ်။ ဒါမှမဟုတ် အကြံပြု ထားတဲ့ ပမာဏ ရဲ့ သုံးပုံတပုံ ကို ရေမှာထည့်ဖျော်ပြီး ရေလောင်းတိုင်း ထည့်ကျွေးလို့ရပါတယ်။

    ဆောင်းတွင်းအခါမှာတော့ အားဆေးကို ၂ ပတ်တကြိမ် ဒါမှမဟုတ် ၁ လ တကြိမ် ကျွေးပေးသင့်ပါတယ်။

    အပွင့်ပွင့်စေဖို့အတွက်တော့ ပတ်လည် မျှခြေညီတဲ့ အားဆေး ၃ ခါ ကျွေးပြီးတိုင် အပွင့်ပွင့်တာကို အားပေးတဲ့ ဖော့ဖရက် များတဲ့ NPK အချိုု းအစား ၁၀-၃၀-၂၀ ကို ကျွေးပေးသင့်ပါတယ်။


    အိုးလဲခြင်းအပင်ခွဲခြင်း


    တခြားသစ်ခွတွေ နဲ့ မခြားပါဘူး။ အိုးလဲ အပင်ခွဲတာကို နွေဦးပေါက် ရာသီတွေမှာ ပြုလုပ်သင့်ပါတယ်။ သစ်သားခြင်းထဲမှာ စိုက်ထားတယ်ဆိုရင်တော့ မကြာခန အိုးလဲ ပေးဖို့ မလိုအပ်ပါဘူး။ အိုးထဲမှာ စိုက်ထားရင်တော့ ပွားစာ ဆွေးလာမှသာ ပြောင်းပေးဖို့ လိုအပ်လေ့ ရှိပါတယ်။

    ပြောင်းမယ်ဆိုရင်တော့ အပင်ကို ပထမဦးစွာ ရေထဲမှာ စိမ်ထားပေးဖို့လိုပါတယ်။ ဒါမှသာ အမြစ်တွေဟာ အလွယ်တကူ မပျက်စီးဘဲ ခွာယူနိုင်မှာဖြစ်ပါတယ်။

    အိုးထဲမှာ စိုက်တယ်ဆိုရင်တော့ ထုံးစံအတိုင်းရေစိမ် ပြီးရင်တော့ အမြစ်ကို အသာခွာယူ ပြောင်းမဲ့ အိုးသစ်ထဲရဲ့ အလည်ခေါင်ကို မှန်းပီး အပင်ကို နေရာချဖို့ လိုအပ်ပါတယ်။ အိုးထဲမှာ စိုက်မယ်ဆိုရင်တော့ အဖတ်ကြီးတဲ့ ပွားစာကို အသုံးပြု သင့်ပါတယ်။ ဥပမာ - မီးသွေးခဲ ဆိုဒ် ကြီး အုံခွံ အဖတ်ကြီး စသည်တို့ဖြစ်ပါတယ်။ အရိပ်မှာ ထားသင့်ပီးတော့ စိုထိုင်းဆ မြင့်တဲ့ နေရာ လည်း ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ နောက်ထပ် အမြစ်သစ်ထွက်လာတာကို မတွေ့မချင်း အမြစ်ကို စိုစွတ်နေအောင် ရေမလောင်းသင့်ပဲ ခြောက်သွေ့နေတာမျိုးပဲ ဖြစ်သင့်ပါတယ်။


    ဗင်ဒါနဲ့ရောဂါပိုး


    ဗင်ဒါ သစ်ခွ ဟာ အလွယ်တကူတော့ ရောဂါဖြစ်လွယ်တဲ့ အပင်မဟုတ်ပါဘူး။ ဒါပေမဲ့လည်း စကေးလ် အင်းဆက်လို့ခေါ်တဲ့ အရွက်ပေါ်မှာ အဖုသေးသေးလေး တွေ မျိုး အကောင်ငယ်လေးတွေ တက်နေတဲ့ အခါမှာတော့ မီသိုင်း ဓါတ် ထည့်ထားတဲ့ အရက်ပျံ ကို ဂွမ်းလေး နဲ့ ဆွတ်ပီး အရွက်ပေါ်ကို သုတ်ချပေး ပါ။


    ဖြစ်နိုင်ချေရှိတဲ့ပြသနာများ


    ၁) အပင်သန်၊ အပွင့်မပွင့် = အလင်းအားနည်းခြင်း


    ၂) အရွက်ပေါ်တွင် မီးလောင်ဖု ကဲ့သို့ အရေကြည်ဖုများ ထလာခြင်း = နေလောင်ခြင်းကြောင့်


    ၃) အရွက်နာနေခြင်း = ဗင်ဒါ ဟာ အားဆေး များများ ကျွေးရတဲ့ အပင်ဖြစ်တာကြောင့် သူ့မှာ အားဆေး ထဲမှာပါတဲ့ ဘေးထွက်ပစ္စည်းတွေ အပင် သို့ အိုးထဲမှာ ကပ်ငြိ နေတတ်ပါတယ်။ ဒါတွေဟာ အပင်ချိနဲ့လာခြင်းရဲ့ အချက်တချက်လို့လဲ ထည့်တွက်လို့ရပါတယ်။ ဒီ့အတွက် အပင်ကို သန့်ရှင်းပြီး အနည်းငယ်နွေးတဲ့ ရေ နဲ့ လောင်းပေးခြင်းအားဖြင့် အားဆေးထဲမှာ ပါဝင်တဲ့ ဘေးထွက်ပစ္စည်းတွေ ကို ဆေးကြောပစ်နိုင်ပါတယ်။


    ၄) အရွက်မှ အရောင်ဖျော့လာခြင်း၊ အဝါရောင်သမ်းလာခြင်း = နိုက်ထရိုဂျင်ဓါတ် နည်းသောကြောင့် ( NPK အချို းအစားတွင် နိုက်ထရိုဂျင် များသော အချိုးကို ကျွေးပေးသင့်)


    ၅) အရွက်တွင် အပေါက်များ ဖြစ် = ခရု သို့ ပက်ကျိ ကိုက်ခြင်း


    ၆) အရွက် နှင့် ပင်စည်တွင် အညိုရောင် အဖုငယ်လေးများ တွေ့ရခြင်း = စကေးလ် အင်းဆက် ရှိနေခြင်း


    ၇) အရွက်ပေါ်တွင် အဝိုင်းကွက်များဖြစ်ပေါ်နေခြင်း = အဝိုင်းကွက် ရောဂါ ( ဗိုင်းရပ်စ် တမျိုး ) ( ဆေးမရှိ၊ ဖြစ်သော အရွက်ကို ညှပ်ထုတ်ပစ်ခြင်း နှင့် အသုံးပြုသော ပစ္စည်း ကိရိယာများကို အသုံးမပြု ခင် နှင့် အသုံးပြု ပြီးချိန်တွင် ကောင်းမွန်စွာ သန့်စင်သင့်သည်။


    Source _Lynn Lynn


  • article
likes19comments0
views2889