cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ပဲတီစိမ်း ပွင့်ထွေးပိုး (သို့မဟုတ်) သီးလုံးဖောက်ပိုး

. Pests Management
ပဲတီစိမ်း ပွင့်ထွေးပိုး (သို့မဟုတ်) သီးလုံးဖောက်ပိုး
  • ပွင့်ထွေးပိုး (သို့မဟုတ်) သီးလုံးဖောက်ပိုး ဖျက်ဆီးမှု လက္ခဏာများ

    - သီးလုံးဖောက်ပိုးများသည် ပဲတောင့်များကို ဖျက်ဆီးကာ အတွင်းရှိ ပဲစေ့များကို စားသုံးလေ့ရှိပါသည်။

    - ပိုးကျခါစတွင် အပွင့်များကို ထွေးပစ်လိုက်ပြီး ရောဂါကျခံထားရသော သီးတောင့်များမှာမူ အပေါက်များ ရှိနေတတ်ပါသည်။

    - ဖလံကောင်များကို ပိုးဖမ်းပိုက်များဖြင့် ဖမ်းဆီးနိုင်ပါသည်။ ၎င်းတို့သည် အဖူးများ၊ ပန်းများနှင့် သီးတောင့်ငယ်လေးများကို စားသောက် ဖျက်ဆီးပစ်လေ့ရှိပါသည်။

    - အချို့အပင်များတွင်မူ ပင်စည်နှင့် ပန်းခိုင်များကို စားသောက်ပစ်လေ့ရှိပါသည်။

    ပွင့်ထွေးပိုး (သို့မဟုတ်) သီးလုံးဖောက်ပိုး သွင်ပြင်လက္ခဏာ

    - သီးလုံးဖောက်ပိုး၏ ဥများသည် နို့နှစ်ဖျော့ရောင်ရှိပြီး ခပ်ပြားပြားသဏ္ဍာန်ရှိပါသည်။

    - အလားတူပင် လောက်ကောင်သည်လည်း နို့နှစ်ဖျော့ရောင်ဖြစ်ကာ သိသာထင်ရှားသည့် အနက်ရောင် အကြောင်းများကို ၎င်း၏ ကျောဘက်တွင် တွေ့ရတတ်ပါသည်။

    - ဖလံကောင်များမှာမူ ၁လက်မခန့် အရွယ်ရှိပြီး အဖြူရောင် အစင်းများပါသည့် အညိုရောင် အတောင်များ ပါရှိပါသည်။

    ➤ ပွင့်ထွေးပိုး (သို့မဟုတ်) သီးလုံးဖောက်ပိုးအား ကာကွယ်နှိမ်နှင်းခြင်း

     ဘက်စုံနည်းလမ်းဖြင့် ကာကွယ်နှိမ်နှင်းခြင်း

    - သတ်မှတ်အပင်ဦးရေထက် ပို၍စိုက်ပျိုးခြင်းကို ရှောင်ကြဉ်ပါ။

    - နွေထယ်ရေး ခံပေးခြင်းကို လုပ်ဆောင်ပါ။

    - သက်တမ်းတို မျိုးများကို စိုက်ပျိုးပါ။

    - လယ်ကွင်းအတွင်းမှ ပေါင်းပင်များကို ဖယ်ရှားပစ်ပါ။ ဥနှင့် ပိုးကောင်များကိုလည်း ရှာဖွေဖျက်ဆီးပစ်ပါ။

    - သီးနှံစိုက်ခင်းကို ပုံမှန်စစ်ဆေးကြည့်ရှုပါ။

    - သီးလှည့်စိုက်စနစ်ကို ကျင့်သုံးပါ။

    - ပိုးကျခံထားရသော အပင်များကို မီးရှို့ဖျက်ဆီးပစ်ပါ။

    - မီးထောင်ချောက်များ (စိုက်ပျိုးမြေ ၁ဧကလျှင် မီးထောင်ချောက် ၂-၃ခုနှုန်း) ထားရှိပြီး ပိုးကောင်များနှင့် ဥများကို ရှာဖွေ ဖျက်ဆီးပစ်ပါ။

    - မီးထောင်ချောက်ထွန်းခြင်းကို တကွင်းတစပ်တည်း ပြိုင်တူဆောင်ရွက်ပါ။

    - ငှက်နားတိုင်များကို စိုက်ခင်းအတွင်း ထားရှိပေးပါ။

    ➤သီးလုံးဖောက်ပိုးရန်မှ ကာကွယ်ရန် ဖော်ပြပါ ပိုးသတ်ဆေးများကို အသုံးပြုနိုင်ပါသည်။

    ၁။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ဆိုင်ပါမီသရင်း + ကလိုရိုပိုင်ရီဖော့စ် ၅၅% အီးစီ စားပွဲတင်ဇွန်း ၄-၆ ဇွန်းနှုန်း

    ၂။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် အီမာမက်တင် ဘန်ဇိုရိတ် ၅% + လမ်ဘဒါ ဆိုင်ဟေလိုသရင် ၁၀% စားပွဲတင်ဇွန်း ၁-၂ ဇွန်းနှုန်း

    ၃။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် အဘာမက်တင် ၁.၈% အီးစီ စားပွဲတင်ဇွန်း ၁-၂ ဇွန်းနှုန်း

    သို့မဟုတ် ဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်သာ ပိုးသတ်ဆေးထုတ်များတွင် ပါရှိသည့် မြန်မာစာအညွှန်းအတိုင်း အသုံးပြုနိုင်ပါသည်။ (မြန်မာစာဆေးညွှန်းကို သေချာဖတ်ပြီး လိုက်နာဆောင်ရွက်ပါ)


  • article
likes14comments2
views2775