ကြက်သွန်နီမျိုးစေ့ထုတ်လုပ်နည်းစနစ် (အပိုင်း-၁)
- ကြက်သွန်နီ မျိုးစေ့မှမျိုးစေ့ ထုတ်လုပ်နည်းစနစ်နှင့် ကြက်သွန်နီ ဥမှ မျိုးစေ့ ထုတ်လုပ်သောနည်းစနစ်တို့ဖြင့်ထုတ်လုပ်နိုင်သည်။ - ကြက်သွန်နီမျိုးစေ့မှ မျိုးစေ့ထုတ်လုပ်နည်းစနစ်သည် စိုက်ချိန်ရွေးချယ်ရခြင်း၊ မိခင်မျိုးဥကို ရွေးချယ်မှု မပြုလုပ်နိုင်ခြင်းနှင့် မျိုးဗီဇကျဆင်းခြင်း (Degeneration) တို့ကြောင့် အသုံးပြုမှုမရှိပါ။ - ကြက်သွန်နီ ဥ မှ မျိုးစေ့ ထုတ်လုပ်သောနည်းစနစ်မှာ မခင်မျိုးဥများကို မိမိကြိုက်သလို ရွေးချယ်နိုင်သောကြောင့် တောင်သူများလက်ရှိအသုံးပြုလျက်ရှိပြီး ရွေးချယ်သင့်သော စိုက်ပျိုးနည်းစနစ်ဖြစ်သည်။ - ရာသီဥတု - အပူအအေးသင့်တင့်သော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ - အစေ့မှ အပင်ပေါက်ရန် ၁၈ ံc ၊ အမြစ်ဖြစ်ပေါ်ရန်အတွက် (၁၂ံ- ၂ဝံ) c ၊ အပင်ကြီးထွားချိန်တွင် (၂ဝံ - ၂၁ံ) c အတွင်းတွင် စိုက်ပျိုးဖြစ်ထွန်းသည်။ - အပူချိန်အသင့်အတင့်မြင့် (၂၇ံ- ၃၅ံ) c ဖြစ်ပြီး နေ့တာရှည်က ဥ ဖြစ်ပေါ်မှုကို အားပေးပြီး အပူချိန်နိမ့် (၁ဝံ- ၁၆ံ) c တွင်နေ့တာတို (၉ - ၁၂) နာရီရရှိပါက ပန်းပွင့်၍ အစေ့တည်စေသည်။ အပူချိန်သည် ပွင့်တံထွက်ခြင်းကို စိုးမိုးသည်။ - မြေအမျိုးအစား - မြေအမျိုးမျိုး (နုံးတင်မြေနု၊ မြေစေး၊ သဲနုံးမြေ) တို့တွင်စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ - မြေဆီသြဇာထက်သန်သော၊ ရေအစိုဓါတ်ကို ထိန်းထားနိုင်သော၊ ရေစီးရေလာကောင်းသော၊ မွသောမြေများတွင် စိုက်ပျိုးရန်အကောင်းဆုံးဖြစ်သည်။ - ကြိုက်နှစ်သက်သော မြေအချဉ်အငံဓါတ် (soil pH) မှာ (၆ - ၆.၅) ဖြစ်သည်။ - မြေချဉ် (soil pH ၆.၈ အထက်ရှိသော acid soil) များတွင် ထုံးထည့်ပေးခြင်းဖြင့် စိုက်ပျိုးနိုင်သည်။ - စိုက်ပျိုးချိန် - စက်တင်ဘာလနှောင်းပိုင်းမှ နိုဝင်ဘာလလယ်ပိုင်းအထိ စိုက်ပျိုးနိုင်သည်။ - တောင်ပေါ်ဒေသများတွင် နိုဝင်ဘာလ ဒုတိယပါတ်တွင်စိုက်ပျိုးပါက အကောင်းဆုံးဖြစ်သည်။ (အပွင့်ခူးဆွတ်ချိန် မိုးမိပါက မျိုးစေ့အရည်အသွေး ပျက်စီးတတ်သောကြောင့်ဖြစ်သည်။) - မျိုးရွေးချယ်ခြင်း - ရွှေဖလား - ဘောင်စောက် - သပိတ်လုံး - မင်းတုံးဥမွှာ - အများဆုံးစိုက်ပျိုးသောမျိုးမှာ ကြာရှည်အထားခံသည့် ရွှေဖလားမျိုးဖြစ်သည်။ - မျိုးဥရွေးချယ်ခြင်း - ရောဂါကင်းသော၊ ထိခိုက်ဒဏ်ရာများကင်းစင်သော - အရောင်နှင့် အရွယ်အစားတူညီသော - အရွယ်အစား အလယ်အလတ်ဖြစ်သော - မိခင်ဥ တူးဖော်ပြီး ရက်၉၀ မှ ၁၀၀ ရက်ရှိ အညှောင့်များထွက်ပြူလာချိန်ရှိ မျိုးဥများကို ရွေးချယ်ပါ။ - အူတိုင်ပါသော - ပျော့နေသော - နှစ်ဥပူးနေသော ‘ခွဥ’ များ မဖြစ်စေရ - မျိုးဥနှုန်းထား - တစ်ဧကလျှင် ကြက်သွန်နီမျိုးဥ ၄၀၀ - ၆၀၀ ပိဿာခန့်လိုအပ်သည်။ (တစ်ပိဿာလျှင် ၅၀ လုံးခန့်ရှိသော၊ အချင်း ၁.၅ - ၂ လက်မရှိသော ကြက်သွန်နီမျိုးဥများကို ရွေးချယ်စိုက်ပျိုးက အကောင်းဆုံးဖြစ်သည်။) - မြေနေရာရွေးချယ် မြေပြုပြင်ခြင်း - မျိုးတစ်မျိုးနှင့် တစ်မျိုး အနည်းဆုံး ၁၅၀၀ ပေ (CS) အကွာအဝေးထား၍ စိုက်ပျိုးပါ။ - စိုက်ပျိုးသည်မှ ရိတ်သိမ်းသည်အထိ ၅ - ၆ လ ကြာသည့်အတွက် ပေါင်းမြက်ကြိုတင်နှိမ်နင်းရန်အတွက် ထယ်အကြိမ်ကြိမ်ထိုးရသည်။ ထွန်ရေးညက်ညက်ထွန်၍ ကြမ်းရိုက်ပြီး ဘောင်စနစ်ဖြင့်လည်းကောင်း - ကျင်းစနစ်ဖြင့်လည်းကောင်း စိုက်ပျိုးကြသည်။ - မျိုးဥ စီရင်ခြင်း - ကြက်သွန်နီမျိုးညှောင့်များ ထွက်ရှိလာချိန်တွင် မျိုးကြက်သွန်ဥ၏ ထိပ်ပိုင်း ၄ ပုံ ၁ ပုံ ကိုပိုးသန့်ထားသော ဓားထက်ထက်ဖြင့် လှီးဖြတ်ပြီး အရိပ်ထဲတွင် ၂၄နာရီထားပါ။ - Source: MOALI 
 
 
 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
