cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ကြက်သွန်မျိုးစေ့ထုတ်လုပ်နည်းစနစ် (အပိုင်း-၂)

. Cultivation Methods
ကြက်သွန်မျိုးစေ့ထုတ်လုပ်နည်းစနစ် (အပိုင်း-၂)
  • စိုက်စနစ်(စိုက်ပျိုးမည့်ဒေသ၊ မြေအမျိုးအစားပေါ်မူတည်) ၁၂” x ၈”၊ ၁၂” x ၁၀” အကွာအဝေးထား၍ စိုက်ကျင်းငယ်တူးပြီး မှိုသတ်ဆေးအနည်းငယ်ထည့်၍ (သို့) ဖြန်း၍ ကြက်သွန်နီမျိုးဥများကို ထည့်စိုက်ရသည်။ ပြီးလျှင် မြေလက်မဝက်ခန့် ဖုံးပေးရသည်။ 

    မြေသြဇာကျွေးခြင်း

    တစ်ဧကလျှင် - နွားချေး/မြေဆွေး - ၁၀ - ၁၅ တန်

      - ယူရီးယား (၅၀) ကီလို - ၂ အိတ်

    - တီစူပါ (၅၀) ကီလို - ၂ အိတ်

    - ပိုတက်ရှ် (၅၀) ကီလို - ၁ အိတ်

    နွားချေး/မြေဆွေး၊ တီစူပါ (၁) အိတ်နှင့် ပိုတက်ရှ် အိတ်ဝက်ကိုမြေပြင်ချိန်တွင် ထည့်သွင်းပါ။

    စိုက်ပြီး (၁) လ ပန်းဖူးတံထွက်ချိန်တွင် ယူရီးယား (၁) အိတ်၊ တီစူပါ (၁) အိတ်နှင့် ပိုတက်ရှ်အိတ်ဝက်ကို မြေဆွေး (၃) အိတ်ခန့်နှင့် ၁ ည နှပ်၍ကျွေးပေးပါ။

    စိုက်ပြီး (၂) လခွဲတွင် ကျန်ယူရီးယား (၁) အိတ်နှင့် ပိုတက်ရှ် အိတ်ဝက်ကို မြေဆွေးနှင့် ၁ ညနှပ်၍ ကျွေးပေးပါ။

    ရေပေးသွင်းခြင်း

    ကြက်သွန်ခင်းသည် မစိုလွန်း မခြောက်လွန်းသော အခြေအနေတွင် အမြဲရှိနေရန်လိုအပ်သည်။ ရေသွင်းချိန် ရောက်မရောက်ကို ကြက်သွန်ပင်အခြေအနေကိုကြည့်၍ သိနိုင်သည်။ ရေငတ်ပါက အရွက်များ ပြာမှိုင်းပြီး နွမ်းခွေလာသည်။ ရာသီဥတုအပူချိန်ပေါ်မူတည်၍ (၄ - ၅) ရက်ခြားတစ်ကြိမ် ရေသွင်းပေးရန်လိုသည်။ 

    အပင်ပြုစုခြင်း

    ကြက်သွန်ပင်သည် ပေါင်းနှင့်မယှဉ်ပြိုင်နိုင်ပေ။ ပေါင်းနှိမ်နင်းရန်အလွန်အရေးကြီးသည်။

    ကြက်သွန်အမြစ်သည် မြေအပေါ်ယံတွင်သာရှိ၍ သံစည်ပတ်ပြားကို ကွေး၍ လက်ကိုင်တတ်ထားသော ခြစ်ဖြင့် ပေါင်းရှင်းပေးရမည်။ တစ်ရာသီတွင် ကြားပေါင်းလိုက်ခြင်း အနည်းဆုံး (၃ - ၄) ကြိမ်ပြုလုပ်ပေးရသည်။ 

    ပိုးမွှားရောဂါ ကာကွယ်နှိမ်နှင်းခြင်း

    စိုက်ပျိုးချိန်တွင် မြစ်ပုပ်ရောဂါကျရောက်သည့်အတွက် စိုက်ကျင်း/မြောင်းတွင်း မှိုသတ်ဆေးဖြူး(သို့) ဖြန်း၍ စိုက်ပါ။ တောက်တဲ့မြီးရောဂါ ဆိုးရွားစွာကျရောက်တတ်ပါသည်။ စိုထိုင်းဆများပါက ရောဂါဖြစ်ပွားမှုမြန်သည်။ မှိုသတ်ဆေးများကို အပတ်စဉ်ကာကွယ်ပက်ဖြန်းပေးရန်လိုအပ်ပါသည်။ အပူချိန်မြင့်လာသည်နှင့် စိုက်ခင်းတွင်လှေးပိုးများ ဆိုးရွားစွာကျရောက်တတ်သည်။ ပင်လုံးပြန့် ပိုးသတ်ဆေးများဖြင့် ကာကွယ်နှ်ိမ်နင်းပါ။ (စိုက်ခင်းအတွင်း နံနံပင်များ အနည်းငယ်ထည့်စိုက်ခြင်းဖြင့် လှေးပိုးများကျရောက်မှုနည်းပါးပါသည်။) သတိပြုရန်မှာ ပိုး/မှို သတ်ဆေးများပက်ဖြန်းပါက ပန်းပွင့်လုံးအားမဖြန်းမိစေရန်အရေးကြီးပါသည်။ မျိုးစေ့များမအောင်မြင်သောကြောင့်ဖြစ်သည်။

    မျိုးကွဲများနုတ်ပယ်ခြင်း

    ပန်းမပွင့်မှီ (၁) ကြိမ်၊

    ပန်းပွင့်ချိန် (၂) ကြိမ်၊

    မရိတ်သိမ်းမီ အစေ့များရင့်မှည့်ချိန် (၁) ကြိမ် မဖြစ်မနေ မျိုးကွဲနုတ်ပယ်ရမည်။

    ပန်းပွင့်အရောင်မတူပင်များ၊ ပုံမမှန်အပင်များ နှင့် ဆိုးရွားစွာရောဂါကျ အပင်များကို တွေ့ရှိသည်နှင့် နုတ်ပယ်ပစ်ပါ။ 

    ခူးဆွတ်ရိတ်သိမ်းခြင်း

    ပန်းခိုင်တစ်ခိုင်ရှိ အသီးများရင့်မှည့်ပြီး အက်ကွဲ၍ အစေ့မဲများ ၁၀ - ၁၅ % တွေ့မြင်ရချိန်တွင် ခူးဆွတ်ပါ။ (၃ - ၅) ရက်ခြား တစ်ကြိမ်အလီလီ ခူးဆွတ်ပေးပါ။ သို့မှသာ မျိုးစေ့ (၁) ပြည်လျှင် ၇၅ - ၈၀ ကျပ်သား အလေးချိန်ရှိ အောင်မြင်သန်စွမ်းသော မျိုးစေ့များကို ရရှိနိုင်မည်ဖြစ်သည်။ ခြောက်သွေ့လွန်းသွားပါက အစေ့များကြွေကျသွားနိုင်သည်။

    တစ်ဧကလျှင် မျိုးစေ့ ၃၀၀ - ၄၀၀ ပြည် (၂၀ -၂၅) တင်းထွက်ရှိနိုင်သည်။ 


  • article
  • article
  • article
  • article
  • article
  • article
likes
33
comments
2
views
4925