cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ငရုပ်စိုက်ခင်း အကွက်လိုက် ဝါညှိုးသည့်ပြဿနာ

. Diseases
ငရုပ်စိုက်ခင်း အကွက်လိုက် ဝါညှိုးသည့်ပြဿနာ
  • ငရုတ်ပင်တွေ အကွက်လိုက်ဝါညှိုးပြီး ဆိုးဝါးပါက တစ်ပင်လုံးခြောက်သေသည့် ပြဿနာကို ငရုတ်စိုက်တောင်သူတွေ ကြုံတွေ့ရလေ့ရှိသည့် ပြဿနာဖြစ်ပါတယ်။ ငရုတ်ပင်တွေညှိုးရာတွင် စိမ်းညှိုးညှိုးသည့် လက္ခဏာ (သို့မဟုတ်) တစ်ပင်လုံးရှိ အရွက်များ တဖြည်းဖြည်း ဝါ၍ ညှိုးသည့် လက္ခဏာ ပြသလားအရင်စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။

    စိုက်ခင်းမှာ အကွက်လိုက်ဝါညှိုးနေတယ်ဦ အပင်အောက်ခြေ ပင်စည်ပတ်လည် ခါးရိနေတယ် (သို့မဟုတ်) မှိုစွဲနေပါက မြေဆောင်ရောဂါ Sclerotium rolfsii ကြောင့်ဟု ယူဆရပါတယ်။ ငရုပ်အပြင် ခရမ်း ခရမ်းချဉ် ၊ ကြက်သွန် နှင့် ပဲမှာလည်း ကျတတ်ပါတယ်။ အမြစ်မှာ မှိုအစုအဝေးတွေတွေ့ရတတ်ပြီး မြစ်မွှားများထုတ်လုပ်မှုကို ကျဆင်းစေခြင်း အာဟာရစုပ်ယူမှုကို ဟန့်တားခြင်းတို့ကနေ အပင်ကိုတိုက်ခိုက်ပါတယ်။

    ကာကွယ်နှိမ်နှင်းနည်း

    ပင်ကြွင်းပင်ကျန် မစိုက်မီကတည်းကရှင်းပါ။ ရောဂါကျသည့် အပင်ကို စိုက်ခင်မှ တရုဂစိုက်ဖယ်ရှားပြီး မီးရှို့ဖျက်ဆီးပစ်ပါ။ မြေအစိုဓာတ်အသင့်အတင့်ရှိပြီး အပူချိန် ၃၀ -၃၅ ဒီဂရီဝန်းကျင်မှာ ပွါးများလွယ်ပါတယ်။ အရေးကြီးတာက မစိုက်မီ မြေကို အာဟာရကောင်းမွန်ပြည့်ဝအောင်ပြင်ဆင်ပါ။

    Trichoderma, EM ဖြင့်ထုတ်လုပ်ထားသော မြေဆွေးကို ထည့်သွင်းပေးပါ။

    မြေချဉ်ငန်ကိန်း 6-8 ကြားမှာ ပွါးများလွယ်ပါတယ်။ မြေဆောင်မှိုဖြစ်သောကြောင့် ယခုနှစ်မှာ ကျပါက မျိုးရင်းဝင် မတူသော သီးနှံများဖြင့် သီးလှည့်စိုက်ပေးပါ။ ငရုပ်၊ ခရမ်း၊ ကြက်သွန်၊ အာလူး၊ ပဲ၊ ရုံးပတီ စသည်တို့ မစိုက်သင့်ပါ။ ဆေးအားဖြင့်တော့ azoxystrobin လိုဆေးမျိုးနဲ့ကာကွယ်နိုင်သော်လည်း ခြားသီးနှံအလှည့် ပြောင်းစိုက်ခြင်းနှင့် မြေသား ကျန်းမာအောင် ပြင်ဆင်ခြင်းကသာ ပိုမိုထိရောက်နိုင်ပါမယ်။

    ဓါတုဆေး အသုံးပြုလိုပါက ဘာလစ်ဒါမိုင်ဇင် ( Validamycin)၊ အဇိုဆီ စတိုဗင် ( Azoxystrobin)၊ Hymenxazol ( ဟိုင်မာန်ဇာဆိုး), Thiophanate methyl (သိုင်အိုဖီးနိတ် မီသိုင်း) , ပါတဲ့ ဆေးအုပ်စုဝင် တစ်မျိုးမျိုးကို ဆေးထုပ်ပါ အညွှန်းအတိုင်း ဖျန်းပေးပါ။ မြေကြီးထဲမှာ ၁၀ နှစ်လောက်ကြာအောင် နေနိုင်တာကြောင့် နောက်နှစ်သီးနှံစိုက်တော့မယ်ဆိုရင် မျိုးစေ့ကို ထရိုက်ကိုဒါးမားမှိုကို နဲ့ လူးနယ် စိုက်ပျိုးသင့်သည်။ 

    References - https://www.plantdoctor.eastwestseed.com/diagnostic-key/southern-blight-sclerotium-stem-rot-0

    Htwettoe Long Crop Guide  


  • article
  • article
  • article
  • article
likes38comments0
views5691