cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ခရမ်းချဉ်သီးမှာ အနာချိုင့်တွေ ဖြစ်ပြီး အရည်အသွေးနိမ့်စေတာက ဘာကြောင့်လဲ ?

. Nutrient Deficiency
ခရမ်းချဉ်သီးမှာ အနာချိုင့်တွေ ဖြစ်ပြီး အရည်အသွေးနိမ့်စေတာက ဘာကြောင့်လဲ ?
  • • ခရမ်းချဉ်သီး ထိပ်ဖျားတွေမှာ အမည်းရောင် ချိုင့်ကွက်တွေဖြစ်ပေါ်လာခြင်း ဆိုးဝါးလာမယ်ဆိုရင် ထိုချိုင့်ခွက်မှာ အမည်းရောင် မှိုတွေပါ စွဲကပ်လာနိုင်ပါတယ်။

    • ထိုကဲ့ သို့ဖြစ်လာခြင်းမှာ ကယ်ဆီယမ် ချို့တဲ့မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    • အပင်ပို ရေပမာဏများခြင်းနှင့် အကြိမ်များများ လောင်းခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အကြောင်းအရင်းမှာ အသီးကြီးထွားစဉ်မှာ ရေပေးဝေမှု မညီမျှခြင်းနှင့် ကယ်ဆီယမ် ဖြန့်ဝေမှု အားနည်းခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

    ဘယ်လို ပြင်ဆင်ကုစားကြမလဲ

    • ခရမ်းချဉ် မစိုက်ပျိုးမီ ထုံး (သို့မဟုတ်) ကယ်ဆီယမ် မြေသြဇာများကို အသုံးပြုပေးပါ။

    • နိုက်ထရိုဂျင်ဓါတ်မြေသြဇာကို လွန်ကဲစွာ အသုံးမပြုပါနှင့်။

    • ရေ (၅၀) လီတာမှာ ကယ်ဆီယမ် နိုက်ထရိတ် ၅၀ ဂရမ်ထည့်၍ အသီးအပွင့်ဝင်ချိန်မှာ ဖျန်းပေးပါ။ ကယ်ဆီယမ်၊ ဘိုရွန်ပါသော ရွက်ဖျန်းအားဆေးများကို သီးပွင့်စတင်ချိန်မှာ ဖျန်းပေးသင့်သည်။

    References- Plantix , Htwet Toe


  • article
  • article
  • article
  • article
likes
38
comments
0
views
10500