cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

မင်းသမီးသစ်ခွစိုက်ပျိုးခြင်း

. Cultivation Methods
မင်းသမီးသစ်ခွစိုက်ပျိုးခြင်း
  • Oncidium ဟူသောအမည်မှာ ဂရိဘာသာစကားဖြစ်သော Onkos မှဆင်းသက်လာခြင်းဖြစ်ပြီး အစိုင်အခဲ(or)အောက်ခံပြားဟု အဓိပ္ပါယ်ရပါသည်။ ပန်းပွင့်ရှိ labellum ၏ကြွက်နို့သဏ္ဍာန် အသားနုကိုရည်ညွှန်းခေါ်ဝေါ်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်မူ Dancing Lady ဟုလူသိများပါသည်။ ဂါဝန်ဖားဖားဝတ်ပြီး ကနေသော မိန်းကလေးနှင့်တူသဖြင့် Dancing Lady ဟု အမည်ပေးထားခြင်းဖြစ်၏။

    စိုက်ပျိုးခြင်း

    မင်းသမီး သစ်ခွကိုစိုက်ပျိုးရာသည့်အခါ မြေအိုးတွင် အုတ်ခဲကျိုး၊ မီးသွေးခဲ တို့ကိုထည့်၍ စိုက်ပျိုးနိုင်ပါသည်။ အချို့ သစ်သားအိုးတွင် ယင်းပွါးစာများထည့်၍လည်း စိုက်ပျိုးကြပါသည်။ သတိပြုရန်မှာ မင်းသမီး သစ်ခွများသည် အခြားသစ်ခွမျိုးများထက် အနည်းငယ်ပို၍ ခြောက်သွေ့သည်ကိုကြိုက်သဖြင့် ခြောက်သွေ့လွယ်သည့် ပွါးစာများကို သုံးသင့်ပါသည်။ တစ်ချို့သော မင်းသမီး များသည် ရေဝပ်ပါက ပုပ်သွားတတ်ပါသည်။ ပင်ပိုင်းကြီးထွားနေစဉ် ရေကိုများများလောင်းပေးသင့်ပြီး အစာကိုလည်းလုံလောက်စွာ ကျွေးသင့်ပါသည်။ တစ်ချို့ မင်းသမီး များမှာ ပင်စည်ယောင်ဥတက် Pseudobulb ကြီးထွားမှုပြီးဆုံးလျှင် ပန်းခိုင်လည်းမထွက် သားတက်လည်းမထွက်ပဲ နားတတ်ပါသည်။ အပင်နားချိန်မှာ တစ်ပါတ်မှ တစ်ချို့ ရသတ္တပါတ်များစွာ ကြာတတ်ပါသည်။

    အပူချိန်နှင့် စိုထိုင်းဆ

    မင်းသမီး သစ်ခွများအတွက် သင့်တော်သော အပူချိန်မှာ 60 ˚ မှ 80 ˚F တွင်ထားရှိသင့်ပြီး စပ်မျိုး မင်းသမီး များအတွက် 55 ˚F သည် သင့်တော်ပါသည်။ ရေလောင်းသည့်အခါ အပင်၊ အိုး အားလုံးစိုအောင်လောင်းပေးသင့်ပြီး ရေမဝပ်စေရန်ဂရုစိုက်ရပါမည်။ ကြီးထွားနေစဉ်ရေများများရရန်လိုပြီး ပင်စည်ယောင်ဥတက် Pseudobulb ပိန်ချုံ့သွားသည်အထိ ရေမငတ်စေရန် ဂရုစိုက်သင့်ပါသည်။ အပင်နားတတ်သည့် မျိုးများကို နားသည့်အချိန်တွင် ပင်စည်ယောင်ဥတက် Pseudobulb မခြောက်ရုံသာ လောင်းပေးရန်လိုပါသည်။ စပ်မျိုးပင်များ၏ အမြစ်သည် အမြဲရေစိုနေလျှင် ပုပ်တတ်သဖြင့် မိုးရာသီတွင် အရိပ်အောက်ထားသင့်ပါသည်။ မူရင်းမျိုးဖြစ်သည့် ရွှေဝါရောင် မျိုးများမှာ အကြမ်းခံသဖြင့် အပြင်ဘက်လေဟာပြင်တွင်လည်းစိုက်ထားနိုင်ပါသည်။

    အလင်းရောင်နှင့် လေဝင်လေထွက်

    မင်းသမီး သစ်ခွများအတွက် ၅၀% မျှအလင်းရောင်ရလျှင် လုံလောက်ပါသည်။ သို့မဟုတ် မနက်ပိုင်းနေရောင် အပြည့်ရပြီးနေ့လည်နှင့် ညနေပိုင်းများတွင် အရိပ်ရနေစေလျှင်လည်း သင့်တော်ပါသည်။ ရွှေဝါရောင် မျိုးများကို ယင်းထက်နေရောင်ပိုပေးသင့်ပါသည်။ လေဝင်လေထွက် ကောင်းစွာ ရရှိစေသင့်ပြီး အစိုဓါတ်ပါသည့် လေပြည်လေညှင်းတိုက်ခတ်ခြင်းဖြင့် ပွါးစာများ မြန်မြန်ခြောက်သွေ့ သဖြင့် အမြစ်များ ပို၍ ကျန်းမာသန်စွမ်းပါသည်။

    မြေသြဇာ

    မင်းသမီး သစ်ခွများအတွက် ၂၁-ပတ်လည်ကဲ့သို့ မြေသြဇာများကို ပြင်းအားပျော့ပျော့ဖြင့် တစ်ရက်ခြားလောင်းပေး၍ဖြစ်စေ၊ ၁၄-ပတ်လည်ကဲ့သို့ မြေသြဇာများကို အိုးတွင်းတစ်လတစ်ကြိမ်ထည့်ပေး၍ ဖြစ်စေ ကျွေးပေးနိုင်ပါသည်။ EM အမိုင်နိုအရည် ဘာပလက် ရှောက်သီးဆေးပြားလိုထိုင်းမှလာသော မြေဆွေးအတောင့်လေးတွေလည်းထည့်ပေးနိုင်ပါတယ်

    အိုးပြောင်းခြင်း

    မင်းသမီး သစ်ခွများကို အပင်သစ်ကြီးထွားနေချိန် အမြစ်သစ်မထွက်မီ အိုးပြောင်းသင့်ပါသည်။ အနားယူနေသည့် အပင်များနှင့် ပန်းပွင့်နေဆဲအပင်များကို အိုးမပြောင်းသင့်ပါ။ ယင်းအချိန်တွင် အိုးပြောင်းပါက အပင်အတည်တကျဖြစ်ရန် ခဲယဉ်းပါသည်။ မင်းသမီး သစ်ခွများကို နှစ်နှစ် တစ်ကြိမ်ခန့် အိုးပြောင်းပေးသင့်ပါသည်။ သစ်ပင် သစ်သားတုံးတို့တွင် ကပ်၍စိုက်ပျိုးပါက အိုးပြောင်းရန်၊ သားခွဲရန်မလိုသော်လည်း အိုးတွင်စိုက်သည့် အပင်ထက် ရေကို ပို၍လောင်းပေးရန်လိုပါသည်။

    မှို ရောဂါများဖြစ်ပြီး ဥတွေ အရွက်တွေ ညိုမဲတတ်ပါတယ် ထို့အတွက် မကောင်းတဲ့အရွက်တွေကို့ဖြတ်ပြီး မန်ကိုဇက် သို့ ကာဘန်ဒါဇင်မှိုဆေးတွေကိုကျွေးပေးနိုင်ပါတယ်

    ပိုးအနေနဲ့ကတော့ အလင်းသိပ်မရလျှင် ပြားကပ်ကပ်နဲ့ ချပ်ပိုး ခေါ် ကြေးပိုးများကျရောက်နိုင်ပါသည် ထို့အတွက် ပန်းပင်အားနဲတတ်ပါသည် ထို့အတွက် လက်ဖြင့်ခွာပေးတာ သို့မဟုတ် အစီဖိတ် သို့မဟုတ် ကာတက်ဟိုက်ဒရိုကလိုရိုက်ဖျန်းပေးပါ


  • article
likes10comments0
views2028