cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ကုန်ကျစရိတ်နည်းပြီး မြေနေရာမလိုအပ်သော ဟင်းခတ်အမွှေးအကြိုင်ပင်များ စိုက်ပျိုးနည်း

. Cultivation Methods
ကုန်ကျစရိတ်နည်းပြီး မြေနေရာမလိုအပ်သော ဟင်းခတ်အမွှေးအကြိုင်ပင်များ စိုက်ပျိုးနည်း
  • ကန်စွန်းရွက် - ကန်စွန်းရွက်တော့ မြေဆွေးထည့်ထားသော ပျိုးဗန်းထဲမှာ အစေ့များကို ပါးပါးဖြူး၍ စိုက်ပေးနိုင်ပါတယ်။ မျိုးစေ့ကို မြေဖြင့်ဖုံးပါ (သို့မဟုတ်) စပါးခွံ နှစ်လက်မခန့် ထူထူဖုံးပေးပါ။ နှစ်ရက်သုံးရက်အတွင်း အပင်များပေါက်လာပြီး (၃-၄)ပတ်သားတွင် အပင်ရင်းမှဖြတ်၍ စားသုံးနိုင်သည်။ အပင်များဖြတ်ပြီး နောနေထပ်(၇-၁၀) ရက်အတွင်း ထပ်မံခူးယူနိုင်သည်။ ကန်စွန်းရွက်ကို (၃-၄)ကြိမ်မျှ ဆွတ်ခူးပြီးလျှင် နောက်ထပ်အသစ်ပြန်စိုက်နိုင်သည်။ အိမ်ြခံဝန်းထဲတွင် ဘောင်ဖြင့် စိုက်ပါက အရွယ်အစား(၃ x ၂၀)ပေ ဘောင်တစ်ဘောင်အတွက် မျိုးစေ့ နို့ဆီတစ်ဘူးလိုအပ်သည်။

    နံနံပင် - မြန်မာ ပြည်တွင် အထင် ရှားဆုံး ဟင်းခတ် အမွှေး အကြိုင်မှာ နံနံပင် ဖြစ်ပြီး အစေ့ ကိုလည်း ဟင်းခပ် မဆလာ တွင်သုံး နိုင်သည်။ မြန်မာဟင်း များတွင် သာမက မုန့်ဟင်းခါး၊ အုန်းနို့ ခေါက်ဆွဲ၊ အသုတ်စုံ တို့တွင် လည်း တွဲဖက် အသုံး ပြုသည်။ နံနံ ပင်ကို တို့စရာ အဖြစ်လည်း စားသုံး ကြသည်။ နံနံ ပင်သည် ဆောင်းရာသီ တွင် အထူး ဖြစ်ထွန်း ပြီး ကျန်ရာသီ များတွင် ရှားပါးကာ ဈေးကြီးပေးရသည်။ နံနံစေ့ မစိုက်ခင် မြန်မြန် အပင် ပေါက်ရန် ရေတွင် (၂၄)နာရီကြာ စိမ်ရသည်။ အစေ့ကို ရေမစိမ်မီ ဂုံနီ အိတ်ပေါ်တွင်တင်၍ ပုလင်းဖြင့် နှစ်ခြမ်းကွဲသွားစေရန် အသာအယာလှိမ့်ပါ။ ထို့နောက် ရေတွင် ၂၄ နာရီကြာ စိမ်ရာ၌ ရေနှစ်ကြိမ် လဲပေးပါ။ ပြီးလျှင်ဆယ်ယူ၍ စစ်ထားပါ။ ပြီးနောက် မြေဆွေးထဲ ပါးပါးဖြူး၍ စိုက်ပေးပါ။ အပင်များ ပေါက်ပြီး ၄၅ ရက်သားမှ စတင်၍ နုတ်ယူ စားသုံးနိုင်သည်။

    ပင်စိမ်း - ပင်စိမ်းကို ဟင်းခတ် အမွှေး အကြိုင်အဖြစ် အသုံးပြုလျက်ရှိကြပါတယ်။ ပင်စိမ်းမှာလည်း အမျိုးအစားတွေ ကွဲပြားပါသေးတယ်။ Asian Basil ၊ Lemon Basil ၊ Holy Basil ဆိုပြီးတော့ လူသုံးများပါတယ်။ မြန်မာနိုင်ငံမှာတော့ Lemon လို့ ခေါ်တဲ့ အမျိုး အစားကိုတော့ အသုံးများတာ တွေ့ရပါတယ်။ အဓိက အသုံးပြုကြတာကတော့ အရွက်နဲ့ အစေ့ပါ။ မတ်လ ၊ ဧပြီလတွေမှာ အဖူးတွေ ဖူးတတ်ပါတယ်။ မြန်မာ တိုင်းရင်းဆေး ဖော်ရာမှာလည်း အသုံးပြုကြလေ့ရှိပီး ဒီအတိုင်း စားရင်လည်း ကျန်းမာရေး အတွက် အထောက်အကူ ပြုပါတယ်။ ပင်စိမ်းနဲ့ ရောဂါလေးဆ်ဆိုပြီးတောင် ပြောစမှတ် ပြုကြပါသေးတယ်။ ပင်စိမ်းကတော့ မီးဖိုချောင်သုံး၍ ကျန်သော အမြစ်များကို မြေဆွေးထဲ ထည့်၍ စိုက်နိုင်သလို မျိုးစေ့ဖြင့်လည်း စိုက်ပျိုးနိုင်သည်။ မျိုးစေ့ကို မြေအနက် ၂ စင်တီမီတာတွင် စိုက်ပျိုးပီး မျိုးစေ့ပေါ်မှ နွားချေးနှင့် သဲဖြင့် ရောပီး ဖုံးအုပ်ပါ။ ပီးနောက် အစိုဓာတ်ရရှိစေရန် ရေဖျန်းပေးပါ။ စိုက်ပျိုးပီး ၆ ပတ်ခန့်ကြာလျှင် ( ၄ - ၅ရွက်ထွက်လာမည်)။

    ပူစီနံ (သို့မဟုတ်) ပူဒီနာ - ပူဒီနာအပင်သည် နှစ်ရှည်သီးနှံပင်မျိုးဖြစ်ပြီး အပူချိန်အမျိုးမျိုး၌ဖြစ်ထွန်းသည်။ ဥယျာဉ်ခြံတိုင်းကစိုက်ပျိုးကြပြီး စီးပွားဖြစ်သုံးသော အနံ့များတွင် အများဆုံးသုံးသော အနံ့တစ်မျိုးဖြစ်သည်။နွေဦးပေါက်၌ ပျိုးပင်ကိုဖြစ်စေ၊ ကိုင်းဖြတ်၍ဖြစ်စေ စိုက်ပျိုးရသည်။ နေရောင်ခြည်အပြည့်အဝရသည့်နေရာ သို့မဟုတ် လင်းရိပ်အနည်းငယ်ရှိသောနေရာ၊ မြေသြဇာထက်သန်သောမြေကွက်၊ အစိုဓာတ်အမြဲရှိပြီး ရေမဝပ်သောအကွက်၊ အနည်းငယ်ချဉ်သောမြေကွက်တို့တွင် ပူဒီနာပင်ကို စိုက်ရသည်။ အပူချိန်မများလွန်းပဲ နေ့တာရှည်သောဒေသတွင် ပူဒီနာအဆီအကောင်းဆုံးကို ရရှိသည်။ အမြစ်ထွက်နေသော ကိုင်းအပြတ်ကိုဖြစ်စေ၊ နွယ်သွားသောအကိုင်းကိုဖြစ်စေ၊ မြေတွင် ၃ လက်မအနက်မြှုပ်၍ ၂ပေခြား စိုက်ပျိုးရသည်။ မကြာမကြာအကိုင်းဖြတ်ပေးခြင်းဖြင့် ပူဒီနာပင်တွင် ကျယ်ပြန့်လာသည်။ ပန်းပွင့်များထွက်လာလျှင် ဖြတ်တောက်ပေးခြင်းနှင့် ပင်စည်ကိုလည်း ဖြတ်တောက်ပေးခြင်းဖြင့် အပင်အုပ်ဆိုင်းလာသည်။ အပင်ခြေရှိ ပေါင်းမြက်များကို ရှင်းလင်းပေးခြင်းဖြင့် အထွက်နှုန်းကောင်းပြီး အနံ့အသက်ပါကောင်းလာသည်။ ၃-၄ နှစ်လျှင် တစ်ကြိမ်နှုန်း ပူဒီနာပင်ကို အုံခွဲပေးရသည်။ ဆောင်းဦးပေါက်နှောင်းပိုင်းတွင် မြေကြီးကပ်၍ အပင်ကိုဖြတ်ပေးရသည်။ ပူဒီနာပင်သည် အလွန်ပြန့်ပွားနိုင်သည်။ မြေကြီးတွင် အလွန်မပြန့်ပွားစေရန် အပင်ကို အိုးထဲထည့်၍စိုက်ပြီး မြေကြီးတွင် အိုးကိုမြှုပ်ထားရသည်။


  • article
  • article
  • article
  • article
likes
30
comments
3
views
7832