cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

မြေပဲတောင့်ကို ဒုက္ခပေးတဲ့ ကျိုင်းညို ဒီလိုကာကွယ်နှိမ်နင်းပါ

. Pests Management
မြေပဲတောင့်ကို ဒုက္ခပေးတဲ့ ကျိုင်းညို ဒီလိုကာကွယ်နှိမ်နင်းပါ
  • article
  • တောင်သူလယ်သမားကြီးများကို သတိပြုဖို့ ဆွေးနွေးလိုတဲ့ အချက်ကတော့ မိုးမြေပဲများ သိုလှောင်ချိန်မှာ ဒုက္ခပေး တတ်တဲ့ မြေပဲတောင့်ဖျက်ဆီးတဲ့ ကျိုင်းညိုအကြောင်းပဲ ဖြစ်ပါတယ်။ ကျိုင်းညိုဟာ နှစ်စဉ်ကျရောက်တတ်တဲ့ပိုးဖြစ်ပါ တယ်။ မြေပဲတောင့်အဟောင်းများ၊ မြေပဲဆန်အဟောင်း များ၊ မြေပဲအိတ်များမှာ ဥများ၊ ရုပ်ဖုံးများ၊ အကောင်ကြီး များ တွယ်ကပ်ပြီး သံသရာစက်ဝန်းဆက်ရှည်နေတတ်ကြ ပါတယ်။ ဒါပေမယ့် တောင်သူလယ်သမားကြီးများက သတိ မမူမိဘဲ ဖြစ်နေကြပါတယ်။ ဒီကျိုင်းညိုဟာ မြေပဲတောင့် များ အခြောက်လှန်းပြီး သိုလှောင်တဲ့အချိန်ရောက်မှ ကျ ရောက်တတ်တဲ့ ပိုးဖြစ်ပါတယ်။ မြေပဲပေါ်ချိန်နဲ့ ချိန်ကိုက်ပြီး ပဲတောင့်အဟောင်းတွေ မှာ တွယ်ကပ်ကျန်နေတဲ့ ကျိုင်းကောင်အထီး၊ အမတွေ ဟာ မိတ်လိုက်ပြီး အမများဟာ မြေပဲတောင့်ရဲ့ အပြင်ဘက် အခွံပေါ်မှာ ဥဥပါတယ်။ ဥကနေ အကောင်ပေါက်ပါတယ်။ ဥပေါက်ခါစအကောင်ငယ်မှ အကောင်ကြီးအထိ ၄၂ ရက် ကြာပါတယ်။ အကောင်ကြီးဟာ ဘဲဥပုံအညိုရောင်ရှိပြီး ၄-၇ မီလီမီတာကျယ်ပါတယ်။ ကြီးမားတဲ့အတောင်မှာ အနက်စင်းများပါပြီးနောက် ခြေထောက်များရှိပါတယ်။ ဥကပေါက်ခါစ လောက်ကောင်လေးတွေဟာ မြေပဲခွံကို အပေါက်ဖောက်ဝင်၍ အတွင်းက မြေပဲဆန်ကို စားပစ်ပါ တယ်။ အကောင်ငယ်စဉ်မှာ ဖျက်ဆီးမှုလက္ခဏာကို ထင်ရှား စွာမတွေ့ရဘဲ ဖျက်ဆီးခံရမှုများလာတဲ့အခါမှသာ တွေ့ရ တဲ့အတွက် မသိလိုက်ရဘဲ ဆုံးရှုံးရမှုများတာ တွေ့ရပါ တယ်။ မြေပဲတောင့်မှာ ပိုးဖောက်ထားတဲ့ အပေါက်ကလေး များကို ထင်ရှားစွာတွေ့ရပါတယ်။ ကျိုင်းညိုကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ။ (က) ကြိုတင်ကာကွယ်ခြင်း (၁) ပဲတောင့်၊ ပဲဆန်၊ ပဲအိတ်အဟောင်းအ<ကင်း အကျန်များကို ပိုးဥ၊ ရုပ်ဖုံး၊ ပိုးကောင်တွယ်ကပ်နေမှု ရှိ၊ မရှိ၊ ပဲသိုလှောင်ထားခဲ့တဲ့နေရာမှာ ပိုးဥ၊ ရုပ်ဖုံး၊ ပိုးကောင်များ တွယ်ကပ်နေမှုရှိ၊ မရှိ ကြိုတင်စစ်ဆေး၍ ဆေးဖြင့် အမြစ် ဖြတ်သုတ်သင်ပါ။ (၂) ပဲတောင့်၊ ပဲဆန်များကို ကျိုင်းညိုပိုးမဥမီ လူက ဝီရိယဖြင့် ဆေးစီရင်ခြင်းကို ကြိုတင်ဆောင်ရွက်ပါ။ (ခ) နှိမ်နင်းခြင်း (၁) အဆိပ်ငွေ့မှိုင်းတိုက်နည်း အသုံးပြုပါ။ (၂) မြေပဲတောင့်ကို ဆေးစီရင်ပြီးပါက လေလုံသော ပုံးများဖြင့် စနစ်တကျသိုလှောင်ပါ။   - အောင်ဆန်း(စိုက်ပျိုးရေး) 


likes5comments0
views1020