cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

အလုပ်သမားကုန်ကျစရိတ်နည်း၊ ရေလိုအပ်ချက်နည်းသည့် စပါးအစိုကြဲခင်း (Wet Direct Seeding)အထွက်တိုး နည်းပညာ

. Cultivation Methods
ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုတွင်ဒေသအလိုက်သင့်တော်သည့် စိုက်ပျိုးနည်းများစွာရှိသည့်အနက် ပြောင်းလဲလျက်ရှိသောရာသီဥတုနှင့်အညီ ရေနှင့် လုပ်သားလိုအပ်ချက်ကို လျော့ချချွေတာနိုင်မည့် အောက်ပါစပါးစိုက်ပျိုးနည်းတစ်ခုကိုအများပြည်သူသိရှိနိုင်ရန် တင်ပြအပ်ပါသည်။
  • စပါးတိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးနည်းသည်ဖန်လုံအိမ်ဓါတ်ငွေ့ထွက်ရှိမှုလျော့နည်းစေပြီးလုပ်သားနှင့် ရေလိုအပ်ချက်နည်းနည်းဖြင့် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း၍ စီးပွားရေး တွက်ချေကိုက်စေသည့် နည်းစနစ်တစ်ခုဖြစ်ပါသည်။

    ရေကြီးကွင်း ရေနက်ကွင်းများနှင့် သဲဆန်ကုန်းကြောဒေသများတွင် စိုက်ပျိုးနိုင်သောနည်းဖြစ်သည်။ စပါးတိုက်ရိုက် မျိုးစေ့ချ (အစို) စိုက်ပျိုးနည်းသည် မြန်မာနိင်ငံ၌ နွေစပါး စိုက်ပျိုးရာတွင် အဓိက အသုံးပြုကြပြီး မိုးစပါးစိုက်ပျိုးရာတွင် ရေကြီးကွင်း၊ ရေနက်ကွင်းများတွင် ရေမဝင်ရောက်မီ ကြိုတင် စိုက်ပျိုးလေ့ရှိပါသည်။

    တိုက်ရိုက်မျိုးစေ့ချ(အစို)စိုက်ပျိုးနည်း၏ အကျိုးကျေးဇူးများ

    ပျိုးနှုတ်ခြင်း၊ ရွှေ့ပြောင်းစိုက်ပျိုးခြင်း၊ လုပ်ငန်းများလုပ်ဆောင်ရန် မလိုအပ်ခြင်းကြောင့် ကုန်ကျစရိတ်သက်သာစေပါသည်။

    ပြောင်းရွှေ့စိုက်ပျိုးခြင်းမပြုလုပ်ရသည့်အတွက် အပင်ထိခိုက်မှုမရှိစေပါ။

    အစိုမျိုးစေ့ချစိုက်ပျိုးခြင်းသည် အခြောက်မျိုးစေ့ချစိုက်ပျိုးခြင်းထက် အပင်ပေါက်ရောက်ဖြစ်ထွန်းမှုသေချာစေပါသည်။

    မြေဆီလွှာရုပ်ဂုဏ်သတ္တိကိုတိုးတက်ကောင်းမွန်စေပါသည်။

    မျိုးတူပါက ပျိုးထောင်စိုက်ပျိုးခြင်းထက် ရိတ်သိမ်းချိန် (၇-၁၀) ရက် ခန့်စောနိုင်ပါသည်။

    ၁။ စပါးမျိုးရွေးချယ်ခြင်း

    ရာသီဥတုဒဏ်ခံနိုင်သည့် အပင်ပေါက်စွမ်း အားကောင်းပြီး၊ အထွက်ကောင်း မျိုးသန့်စပါးမျိုးကို ရွေးချယ်စိုက်ပျိုးရပါမည်။

    ၂။ မြေပြုပြင်ခြင်း

    စိုက်ခင်းအားပုံမှန်အတိုင်းထယ်ရေးနက်နက်နှင့် ထွန်ရေးညက်ညက် ထွန်ယက်ပါ။

    မျိုးစေ့ချရန်သင့်တော်သော မြေအစိုဓါတ်ရှိချိန်တွင် မြေခံမြေဩဇာ ထည့်သွင်း၍ ကြမ်းတုံးရိုက် မြေညှိပါ။

    စိုက်ခင်းသမန်းမြေညီညာပြီးရေပြောင်စင်အောင် ထုတ်ပြီးမှ စိုက်ပျိုးရမည်။ (စိမ့်မြောင်း၊ပတ်မြောင်းများပြုလုပ်ထားရမည်။)

    ၃။မျိုးစေ့ချခြင်း

    တစ်ဧကအတွက် မျိုးသန့်စပါးမျိုးစေ့ (၁.၀-၁.၅)တင်းအသုံးပြုရမည်။

    စပါးစေ့များကို (၂၄)နာရီကြာရေစိမ်၍ ရေပေါ်ပေါ်သောမျိုးစေ့များကိုဖယ်ရှားကာ(၂၄)နာရီကြာမျိုးအုပ်ရမည်။

    မျိုးစပါးကိုစာပါးစပ်ပြူအနေအထားတွင် ကြဲပက်၍သော်လည်းကောင်း၊ ကြိုးတန်းဆွဲ၍ အတန်းလိုက် မျိုးစေ့ချ၍သော်လည်းကောင်းမျိုးစေ့ချရမည်။

    မျိုးစေ့ချပြီးချိန်မှ (၅)ရက် အတွင်း ကြွက်၊ ငှက်၊ တိရိစ္ဆာန်တို့၏ ဖျက်ဆီးခြင်း မှ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရမည်။

    ၄။ မြေဩဇာကျွေးခြင်း

    တစ်ဧကအတွက် မြေခံအဖြစ် သဘာဝမြေဩဇာ/နွားချေးဆွေး လှည်း၅ စီးခန့်နှင့် (၁၅-၁၅-၁၅)ကွန်ပေါင်းမြေဩဇာ (၅၀)ကီလိုဂရမ် တစ်အိတ်အသုံးပြုပါ။

    ပုလဲဓါတ်မြေဩဇာအား အပင်ပွားစီးချိန်နှင့် အနှံမထွက်မီ ၅ ရက်အလိုတွင် အိတ်ဝက်စီ (တစ်အိတ်/ဧကနှုန်း)

    မှို့ကပ်ချိန်တွင်ပိုတက်ရှ်မြေဩဇာတစ်ဧက တစ်စိတ် (၁/၄အိတ်)/ဧကနှုန်းထည့်သွင်းပေးပါ။

    နိုက်တြိုဂျင် ဓါတ်မြေဩဇာကို (၂)ကြိမ် ခွဲထည့် ပေးပါ။

    ကောက်ရိုး၊နှမ်းရိုး၊စပါးခွံစသည့် သီးနှံအကြွင်းအကျန်များနှင့် နွားချေးတို့ကို မြေဆွေးပြုလုပ်၍ မြေပြင်ချိန်တွင်ထည့်ပါကအပင်၏ အနည်းလိုအာဟာရဓါတ်များကိုပံ့ပိုးပေးသည့်အပြင် မြေ၏ရေထိန်းစွမ်းအားကိုပါ တိုးတက်စေသည်။

    ၅။ရေသွင်းရေထုတ်ပြုလုပ်ခြင်း

    ရေသွင်းရေထုတ်ကိုလိုအပ်သလိုဆောင်ရွက်ပေးရမည်။

    မှို့ကပ်ချိန်နှင့် ရင့်မှည့်ချိန်အကြားတွင် သွင်းရေ လုံလောက်စွာ ရရှိရန်လိုပါသည်။

    ရိတ်သိမ်းရာတွင်လွယ်ကူစေရန်ပန်းပွင့်စုံပြီး နောက်(၂၀-၂၅)ရက်အတွင်းရေထုတ်ပေးရပါမည်။

    ၆။ ပေါင်းမြက်ကာကွယ်နှိမ်နင်းခြင်း

    ပေါင်းမြက်ထူထပ်ပါက စပါးအထွက်နှုန်းကို ထိခိုက်စေသည့် အတွက် ထိထိရောက်ရောက် ပေါင်းနှိမ်နင်းရန် လိုအပ်ပါသည်။

    မြေကို ကောင်းစွာပြုပြင်ခြင်းဖြင့် ပေါင်းမြက်များအား နှိမ်နင်းနိုင်သည်။

    လက်ဖြင့်ဖြစ်စေ၊ ကြားပေါင်းလိုက်ကိရိယာဖြင့်ဖြစ်စေပေါင်းမြက် နှိမ်နှင်းခြင်းကို အပင်ပေါက်ပြီး (၁)ပတ်မှ (၁)လအတွင်း ဆောင်ရွက်ရပါမည်။

    ပေါင်းပင်အမျိုးအစားပေါ်မူတည်၍မှတ်ပုံတင်ထားသောပေါင်းသတ်ဆေးကိုဆေးညွှန်းအတိုင်းတိကျစွာအသုံးပြုပါ။

    ၇။ ပိုးမွားရောဂါကာကွယ်နှိမ်နင်းခြင်း

    ပိုးမွားရောဂါကျရောက်ဖျက်ဆီးမှုရှိ/မရှိကိုအမြဲမပြတ် ကွင်းဆင်းကင်းထောက်စစ်ဆေးပြီး ပိုးသတ်ဆေးကိုလိုအပ်မှသာအသုံးပြုပါ။

    ပိုးမွှားရောဂါများ ရှင်သန်ခိုအောင်းရာနေရာဖြစ်သော ပေါင်းပင်နှင့် ပင်ကြွင်းပင်ကျန်များကို သုတ်သင်ရှင်းလင်းပါ။

    ကြွက်ကြောင့်သီးနှံလေလွင့်ဆုံးရှုံးမှု လျော့နည်းစေရန်အတွက်စိုက်ခင်း၏ ဘေးပတ်ဝန်းကျင်ရှိခြုံနွယ်များကိုရှင်းလင်းခြင်း၊ကြွက်ထောင်ချောက်ထောင်ခြင်း၊ကြွက်ကာပစ္စည်းများအသုံးပြုခြင်းစသည့်နည်းလမ်းများကိုဆောင်ရွက်နိုင်ပါသည်။

    ၈။ ရိတ်သိမ်းခြင်း

    စပါးနှံ၏ (၈၀-၈၅)ရာခိုင်နှုန်းရင့်မှည့်ချိန်(မောင်းညိုချိန်)တွင် အလေအလွင့်အနည်းဆုံးနည်းလမ်းဖြင့် ရိတ်သိမ်းပြီး ချက်ချင်းချွေလှေ့၍ အခြောက်ခံပါ။

    စပါးအစိုဓါတ်သည် မျိုးအတွက်(၁၃)ရာခိုင်နှုန်းနှင့် စားသုံးမည့်စပါးအတွက်(၁၄)ရာခိုင်နှုန်းလိုအပ်ပါသည်။

    Reference – Agri Digital News 


  • article
  • article
  • article
  • article
  • article
likes
68
comments
6
views
9936