cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မြေ ချဉ်ငန် ဓါတ် လွယ်လွယ်တိုင်းကြရအောင်

. Soil Management
စိုက်ပျိုးရေး တောင်သူဦးကြီးတွေ စိုက်ပျိုးရေး ဝါသနာရှင် ပညာရှင်တွေ အနေနဲ့ မိမိစိုက်ပျိုးမယ့် သီးပင် စားပင် တွေအကြောင်း စိုက်နည်းအကြောင်းသိ နေရုံနဲ့ မပြီးသေးပါဘူး။ အရေးကြီးတာတစ်ခုရှိပါသေးတယ်။အဲ့ဒါကတော့ စိုက်ပျိုး မြေအနေအထားပဲဖြစ်ပါတယ်။
  • စိုက်ပျိုး မြေတွေဟာ တစ်ခုနဲ့တစ်ခု တစ်နေရာ နဲ့တစ်နေရာ မြေသားအနေအထားတွေ ဓါတ်ဂုဏ်သတ္တိ ရုပ်ဂုဏ်သတ္တိ တွေအတူညီပါဘူး။ ဒီအပေါ်မှာတင် အထွတ်နှုန်းတွေကလည်း ကွာနိုင်ပါတယ်။


    မြေသြဇာ၊မျိုး၊ ပိုးသတ်ဆေး သုံးတာ တောင်သူ အချင်းချင်း တူနေတာတောင် စိုက်မြေ ကြောင့် အထွက်မတူညီနိုင်ပါဘူး။ဒီ့အတွက် မြေဆီလွှာ စစ်ဆေးမှုတွေလုပ်ရပါမယ်။ ဒီလို စစ်ဆေးမှုတွေကို နီးစပ်ရာ စိုက်ပျိုးရေးရုံး တွေကလုပ်ဆောင်ပေးနေပါတယ်။

    မြေချဉ်ငန် ဓါတ်က ဓါတ်မြေသြဇာ သုံးတဲ့အခါ၊ မိုးများတဲ့အခါ၊ မိုးနည်းတဲ့အခါ စတဲ့အခြေအနေပေါ်မူတည်ပြီး ပြောင်းလဲတတ်ပါတယ်။ မြေချဉ်လွန်းတဲ့အခါ ငန်လွန်းတဲ့အခါ ကျွေးသမျှ မြေသြဇာတွေကို အပင်ကစုပ်ယူနိုင်မည့် အနေအထားမရှိတော့တဲ့ အတွက် အထွက်နှုန်း ကျတာတွေ ရှိနိုင်ပါတယ်။


    ဒါ့အပြင် မိမိနိုင်ငံရဲ့ တောင်သူအများစုကဓါတ်ခွဲခန်းလည်းမရှိ၊ ခေတ်မှီ စက်ကိရိယာ တွေလည်းမရှိကြပါဘူး။ ဒီ့အတွက် လွယ်ကူစွာ မြေဆီလွှာရဲ့ ဓါတ်ဂုဏ်သတ္တိ တစ်ခုဖြစ်တဲ့ မြေချဉ်ငန် ဓါတ် တိုင်းတာကို အိမ်မှာပဲ လွယ်လွယ်တိုင်းလို့ရအောင် ခုလို ဆောင်းပါးလေးရေးလိုက်ပါတယ်။


    ဒီ့အတွက် မိမိစိုက်ပျိုးတဲ့ မြေ ချဉ်ငန်ဓါတ်ကိုသိဖို့အရေးကြီး ပါတယ်။ တိုင်းတာလို့ရတဲ့နည်းကတော့ သုံးမျိုးရှိပါတယ်။

    ပထမ နည်းအနေနဲ့ ကတော့ ပစ္စည်းနှစ်မျိုး လိုပါတယ်။ ရှာလကာရည် နဲ့ ဆိုဒါမှုန့် (ပေါင်မုန့်ဖုတ်ရာတွင်သုံးသော) ဖြစ်ပါတယ်။

    ပထမဆုံး တိုင်းတာမည့် မြေကို လက်သီးဆုပ် နှစ်ဆုပ်စာ သုံးဆုပ် လောက် ခွက်တစ်ခုမှာထည့်ပါ။ ရေကို မြေမြုပ်ရုံထည့်ပြီး ရှာလကာရည်ကို ခွက်ထဲကိုနို့ဆီဘူး တစ်ဘူးခန့်ဖြည်းဖြည်းငှဲ့ ထည့်ပါ။

    ပြီးရင် အမြုပ်တွေထွက် လာတယ် ဆိုရင်တော့ ဒါက မြေငန်တယ်ဆိုတာကိုပြပါတယ်။


    ဒါကို ပိုသေချာအောင် ဆိုဒါနဲ့ ပြန်စမ်းနိုင်ပါတယ်။

    ယခင်ပြောသလို မြေပျော်ရေကို ခွက်ထဲထည့်ထားပြီး ဆိုဒါမှုန့် တစ်သီးဆုပ် တစ်ဆုပ်ခန့်ထည့်ပါ။

    အမြုတ်တွေထလာရင်တော့ မြေချဉ် ပါတယ်။


    အကယ်လို နှစ်မျိုးလုံးစမ်းအပြီး အမြုပ်မထဘူးဆိုရင်တော့ မိမိမြေဟာ မချဉ်လွန်းမငန်လွန်း စိုက်ပျိုး ရန်ကောင်းတဲ့မြေဖြစ်ပါတယ်။


    နောက်တိုင်းတာလို့ရတဲ့နည်းလမ်းအလွယ်တွေကိုလည်း ထပ်ရေးသား ပေးပါအူးမယ် ခင်ဗျ။


    မြေချဉ် တယ်ဆိုရင်တော့ ထုံးထည့်ပေးဖို့လိုပါတယ်။


    မြေတစ်ဧကကို မြေသြဇာအိတ် (၅၀ ကီလို) နှစ်အိပ်စာ လောက့် ထည့်ပေးပြီး မြေကို တစ်လလောက်နှပ်ထားပြီးမှ နောက်သီးနှံစိုက်ပျိုးပေးပါ။ အကယ်လို့ မြေငန်နေတယ်ဆိုရင်တော့ ကျောက်မှုန့်အိပ် (၅၀ ကီလို) ကို အနည်းဆုံးတစ်အိပ်ထည့်ပေးနိုင်ပါတယ်။ ပဲမှော်၊ နှမ်းဖတ် ၊စပါးပြာ၊ ကောက်ရိုး၊ ခြောက်နွားချေးများကို ချဉ်လို့ပဲဖြစ်ဖြစ် ငန်လို့ပဲဖြစ်ဖြစ် မြေပြင်တဲ့ အခါတိုင်း ထည့်ပေးသင့်ပါတယ်။


    ဖုန်းမာန်တိုး (၂၀၁၀ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်)


  • article
likes
46
comments
3
views
4529