cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

စပါးမစိုက်မှီ အထွက်နှုန်းလျော့စေတဲ့ ပေါင်းရိုင်းတွေကို နှိမ်နှင်းနည်း

. Weeds Management
ကပ်စေးနှဲ (Xanthium strumarium)

တစ်နှစ်ခံ သစ်ပျော့ပင်မျိုးဖြစ်ပြီး ကိုင်းဖြာထွက်သည်။ အရွက်သည် စိမ်းဝါရောင်ဖြစ်သည်။ အသီးသည် ဆူးများပါပြီး လုံးရှည်ပုံရှိသည်။ အစေ့အားဖြင့် မျိုးပွားသည်။ ပဲစိုက်ခင်းအလွတ်များ၊ စပါးရိုးပြတ်များ၊ မြေလွတ်မြေရိုင်းများတွင် တွေ့ရသည်။
  • ဆင်နှာမောင်းပင်(သို့)ဍရင်ကောက်ပင် (Heliotropium indicum)

    တစ်နှစ်ခံ ပင်ပျော့ပင်ငယ်မျိုးဖြစ်သည်။ ကိုင်းဖြာထွက်ပြီး အမွှေးနုများစွာရှိသည်။ ပန်းခိုင်သည် သေးသွယ်ရှည်လျားသော စနိုက်ပန်းခိုင်ဖြစ်သည်။ အဖြူရောင် ပန်းပွင့်လေးများသည် ပန်းခိုင်၏ထိပ်ဖက်တွင် တစ်ဖက်တည်း စီတန်းပွင့်သည်။ အစေ့အားဖြင့် မျိုးပွားပြီး လယ်ကွက်များနှင့် စိုစွတ်သော မြေလွတ်မြေရိုင်းများတွင် ပေါက်ရောက်သည်။

    ဟင်းဂလာရိုင်း (Cleome viscosa)

    အနံ့ရှိသည့် တစ်နှစ်ခံပင်ပျော့မျိုးဖြစ်ပြီး ထောင်မတ်လျက် ပေါက်ရောက်သည်။ စေးကပ်သော အမွှေးများပါပြီး အဝါရောင် ပန်းပွင့်များပွင့်သည်။ အသီးတွင် စေးကပ်သော အမွှေးများပါရှိသည်။ အစေ့အားဖြင့် မျိုးပွားသည်။ ပဲခင်းအလွတ်များ၊ ယာသီးနှံခင်းများနှင့် မြေလွတ်မြေရိုင်းများတွင် ပေါက်ရောက်သည်။

    ထိကရုံးပင် (Mimosa pudica)

    နှစ်ရှည်ခံပင်ဖြစ်ပြီး ထောင်မတ်၍သော်လည်းကောင်း မြေကပ်၍သော်လည်းကောင်း ပေါက်သည်။ ပင်စည်သည် နီညိုရောင်(သို့) ခရမ်းရောင်ရှိပြီး ဆူးများပါရှိသည်။ အသီးသည် အဆုပ်လိုက်သီးပြီး ရှည်၍ပြားပြီး ထိပ်ချွန်သည်။ အသီး၏ဘေးတစ်လျှောက်တွက် ချွန်ထက်သော ဆူးငယ်များ ပါရှိသည်။ အစေ့အားဖြင့် မျိုးပွားသည်။ စားကျက်များ၊ နှစ်ရှည်စိုက်ခင်းများနှင့် ယာသီးနှံခင်းများတွင် တွေ့ရသည်။

    ပေါင်းရိုင်းများအားနှိမ်နှင်းနည်း

    ပေါင်းပင်များကိုနှိမ်နှင်းရာတွင် နည်းလမ်းများစွာရှိသော်လည်း သစ်မာပင်(သို့) အရသာမရှိသောပေါင်းပင်များကို နှိမ်နှင်းရာတွင် မီးရှို့နှိမ်နှင်းခြင်းကို လုပ်ဆောင်နိုင်သည်။ အခါအားလျော်စွာ(သို့မဟုတ်) ၁၀-၁၅နှစ်တစ်ကြိမ် မီးရှို့ပေးနိုင်သည်။ သို့ရာတွင် မကြာခဏ မီးရှို့ပါက မြေဆီဓာတ် ကုန်ခမ်းစေသည့်အပြင် အပူဒဏ်ခံနိုင်သည့် သက်ငယ်ပင် ပေါက်ရောက်မှုကို အားပေးပါသည်။ ပျိုးခင်းအဖြစ် အသုံးပြုမည့်မြေအား အပူချိန် ၆၀ဒီဂရီစင်တီဂရိတ်ဖြင့် မိနစ်သုံးဆယ်ခန့် အပူပေးပါက မြေတွင်းရှိ ပေါင်းစေ့အားလုံး သေနိုင်ပါသည်။ ထို့အပြင် မြေတွင်းရှိ ပိုး၊ ဘတ်တီးရီးယား၊ တီကောင်များကိုပါ သေစေနိုင်သည့်အပြင် မြေသားတည်ဆောက်မှုကိုပါ ပျက်ဆီးစေနိုင်သည့်အတွက် ချိန်ဆလုပ်ဆောင်ရန် လိုအပ်ပါသည်။

    တိုက်ရိုက်နှိမ်နှင်းခြင်း နည်းလမ်းဖြစ်သည့် လက်ပေါင်းလိုက်ခြင်းနှင့် ပေါက်တူးပေါင်းလိုက်ခြင်းကိုလည်း လုပ်ဆောင်နိုင်ပါသည်။ ဓာတုပေါင်းသတ်ဆေးအနေဖြင့် ရွက်ဖျန်းပေါင်းသတ်ဆေး (ဥပမာ ပါရာကွပ်၊ ဂလိုင်ဖိုဆိတ်) စသည်တို့ကို စပါးမစိုက်မှီ လက်ရှိပေါက်နေသော ပေါင်းပင်များပေါ်သို့ ဖျန်းရာတွင် အသုံးပြုနိုင်ပါသည်။

    Reference: မြန်မာနိုင်ငံရှိ အဓိကပေါင်းပင်များ (ဦးစောလယ်ဝါး) ၊ ပိုးသတ်ဆေးများကို ထိရောက်စွာနှင့် အန္တရာယ်ကင်းစွာ ကိုင်တွယ်သုံးစွယ်နည်း (သီးနှံကာကွယ်ရေးဌာနခွဲ)


  • article
  • article
  • article
  • article
  • article
likes
30
comments
1
views
8627