cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ဘက်စုံသုံးထုံးကန့်ဆေးရည်ပြုလုပ်နည်း

. Home Garden
လိုအပ်သောပစ္စည်းများ

မဖောက်ထုံး ၁ပိသာ (ဖောက်ထုံး ၁၃၀ပိသာ)

ကန့်မှုန့် ၂ပိသာ

ရေ ၄ဂါလံ (၁၀ပိသာ)
  • ထုံး၊ ကန့်နှင့် ရေ အချိုးအဆသည် (၁း၂း၁၀) ရှိ၍ (၁-၂-၁၀) ထုံးကန့်ဆေးရည်ဟု ခေါ်ကြသည်။

    ဖျော်စပ်နည်း

    သောက်ရည်အိုးဟောင်းထဲသို့ မြေအိုးအလွတ် ရေ(၁၀)ပိသာကို ထည့်ပြီး ဆူအောင်တည်ပါ။ လောလောလတ်လတ် ဖောက်ပြီးသား မဖောက်ထုံးမှုန့် တစ်ပိသာ (သို့မဟုတ်) စနစ်တကျဖောက်ပြီး ထုံးမှုန့် (၁ပိသာ ၃၀ကျပ်သား) တစ်မျိုးမျိုးကို ဆူပွက်နေသော ထုံးရည်ထဲသို့ ထပ်မံထည့်ပြီး မွှေပေးပါ။ ကန့်မှုန့်နုနု (၂)ပိသာကို ဆူပွက်နေသော ထုံးရည်ထဲသို့ ထပ်မံထည့်ပြီး မွှေပေးပါ။ ထုံးနှင့် ကန့်အားလုံး ပြိုကွဲသွားသည်အထိ မွှေပေးနေရသည့်အချိန်သည် (၄၅)မိနစ်မှ (၁)နာရီအထိ ကြာပါသည်။ ဆေးအာနိသင် လျော့နည်းသွားတတ်ပါသည်။ ဆူပွက်နေစဉ် ရေမျက်နှာပြင် လျော့နည်းသွားတတ်၍ မူလရေမျက်နှာပြင်အထိ ရေပမာဏ ရှိစေရန် ရေကိုနည်းနည်းချင်း ထပ်ထပ်ထည့်ပြီး မွှေပေးပါ။ အငွေ့ပျံမှုနည်းအောင် အဖုံးဖြင့် အုပ်ပီး ထိန်းမွှေပေးပါ။ သတ်မှတ်ချိန်စေ့သောအခါ အအေးခံပြီး အဝတ်စကျဲဖြင့် စစ်ယူပါ။ သင့်တော်ရာ အိုးတစ်လုံးတွင် ထည့်၍ အပေါ်ယံ ရေနံဆီ လောင်းထည့်ပေးကာ လေလုံအောင် ပိတ်ပြီး သိမ်းဆည်းထားပါ။ (သို့မဟုတ်) ပုလင်းခွံများတွင် သွတ်သွင်းပြီး လေလုံအောင်ပိတ်၍ သိမ်းဆည်းပါ။ ထုံးကန့်ဆေးရည်သည် လေနှင့်ထိတွေ့ပါက ဟိုက်ဒရိုဂျင် ဆာလဖိုက်ဖြစ်သွားပြီး အငွေ့ပျံတတ်ပါသည်။ ထို့ကြောင့်လေလုံအောင် သိမ်းဆည်းပါ။ ထုံးကန့်ဆေးရည်(၁)ဆကို ရေ (၉၉ဆမှ၁၀၈ဆ)ခန့်ထိ ရောပြီး ပက်ဖျန်းပါ။

    မှတ်ချက်- အလွန်အေးသောရာသီ၊ အပူချိန် ၉၀ဒီဂရီ ဖာရင်ဟိုက်ပူသော ရာသီတွင် မဖျန်းရ။ ဘူး၊ ဖရုံ၊ သခွားများအား မဖျန်းရ။

     


  • article
likes
24
comments
2
views
6068