cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

သဘာဝရွက်ဖျန်းမြေသြဇာ ပြုလုပ်သုံးစွဲနည်း

. Home Garden
သဘာဝရွက်ဖျန်းမြေသြဇာဆိုသည်မှာ ဒေသတွင်းရရှိနိုင်သော ပဲဖတ်၊ နှမ်းဖတ်၊ အနှစ်ရှိ သော သီးနှံကြိတ်ဖတ်၊ ကုက္ကိုလ်သီးကြိတ်ဖတ် စသည်တို့မှ ထုတ်လုပ်ထားရှိသည့် ရွက်ဖျန်း မြေသြဇာဖြစ်ပါသည်။

  • သဘာဝရွက်ဖျန်းမြေဩဇာ ပြုလုပ်ရာတွင် အချိုဓာတ်ဖြည့်ပေးရန်အတွက် ထန်းလျက် (သို့မဟုတ်) တင်လဲရည်၊ အဆွေးမြန်စေရန်အတွက် ပုလဲဓာတ်မြေဩဇာ၊ အချဉ်ဖောက် ရန်အတွက် ထန်းရည်ခါး (သို့မဟုတ်) အရက်ဦးရေ (သို့မဟုတ်) ဒိန်ချဉ် (သို့မဟုတ်) ရှာလကာရည်၊ အကျိုးပြုအဏုဇီဝများပါဝင်သည့် အီးအမ်တို့ လိုအပ်ပါသည်။

    လိုအပ်သောပစ္စည်းများကို စဉ့်အိုး (သို့မဟုတ်) အုတ်ကန်ထဲတွင် ဖိသိပ်၍ထည့်ပြီး ပစ္စည်း (၁)ဆလျှင် ရေ(၂)ဆနှုန်းဖြင့် ရောပြီး၊ အဖုံးလုံအောင် အုပ်ပေးထားရမည်။

    အချိုးကျရောစပ်ထား သောအရည်ကို မနက်(၁)ကြိမ်၊ နေ့လယ်(၁)ကြိမ်၊ ညနေ(၁)ကြိမ် မွှေပေးရပါမည်။ (၁၀)ရက်မှ (၁၅)ရက်ကြာသည်အထိ အငွေ့သေအောင် မွှေပေးရပါမည်။

    (၂)လကြာလျှင် သဘာဝရွက်ဖျန်း မြေသြဇာအရည်ကို စတင်အသုံးပြုနိုင်ပြီဖြစ်ပါသည်။

    အပင်ငယ်စဉ်တွင် သဘာဝရွက်ဖျန်းမြေဩဇာ အမျိုးအစားပေါ်မူတည်၍ မြေဩဇာအရည်(၁)ဆလျှင် ရေအဆ(၁၀၀-၁၅၀)ခန့် ရောစပ်၍ အသုံး ပြုရမည်ဖြစ်ပါသည်။

    အပင်ကြီးလာပါက သဘာဝရွက်ဖျန်းမြေဩဇာ အမျိုးအစားပေါ်မူတည်၍ မြေဩဇာအရည်(၁)ဆလျှင် ရေအဆ(၅၀-၁၀၀)ခန့်ရောစပ်၍ အသုံးပြုရမည်ဖြစ်ပါသည်။

    (၂)ရက် ခြား တစ်ခါဖြစ်စေ၊ အပင်အခြေအနေပေါ်မူတည်၍ အကြိမ်အရေအတွက်ကို ချိန်ဆ၍ဖြစ်စေ ဖျန်းပေးရန် လိုအပ်ပါမည်။

    သဘာဝရွက်ဖျန်းမြေသြဇာကို အသုံးပြုခြင်းဖြင့် သီးနှံများ အစေ့အဆန်ပြည့်ဝစေခြင်း၊ အထွက်နှုန်းကောင်းစေခြင်း၊ အရည်အသွေးကောင်းမွန်စေခြင်းနှင့် တစ်ဧကကုန်ကျစရိတ်ကို လျော့ချနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည်။

    Source - စိုက်ပျိုးရေးသုတေသနဦးစီးဌါန


  • article
likes
20
comments
1
views
2639