အပင်တွေအချင်းချင်း ဘယ်လိုဆက်သွယ်ကြသလဲ
- အပင်များဟာ ပေါက်ရောက်နေတဲ့နေရာမှ ရွေ့လျားသွားလာမှုမပြုနိုင်တဲ့ အခြေ - အနေကြောင့် ဖြစ်ပေါ်လာတဲ့ ပတ်ဝန်းကျင်အခြေအနေအပေါ် တုံ့ပြန်နိုင်ဖို့ လိုက်လျောညီထွေရှိနေစေနိုင်မယ့် နည်းလမ်းများကို ဆင့်ကဲဖြစ်စဉ်များနဲ့ တိုးတက်ပြောင်းလဲ ဖြစ်ပေါ်လာစေပါတယ်။ ဒါကို အပင်များရဲ့ အမူအကျင့်လို့ ခေါ်နိုင်မယ်ထင်ပါတယ်။ - အပင်များရဲ့အမူအကျင့်ဟာ ရှုပ်ထွေးပြီး ပတ်ဝန်းကျင်မှာရှိတဲ့ အပင်များရဲ့ အချက်ပေးမှုပေါ် မူတည်ကာ ဖြစ်ပေါ်လာစေကြောင်းကိုလည်း တွေ့ရပါတယ်။ ဂေဟဗေဒသီဝရီအရ အပင်များဟာ ပတ်ဝန်းကျင်ရဲ့ အချက်ပေးမှုပေါ် မူတည်ကာ အကောင်းဆုံး တုံ့ပြန်ဆောင်ရွက်မှုကို ဖြစ် - စေပါတယ်။ အချက်ပေးစနစ်အနေနဲ့ ပတ်ဝန်းကျင်အနီးအနားရှိ အပင်များကြောင့် အလင်းရောင်ရရှိမှုနဲ့ အလင်းရောင်အရည်အသွေးပြောင်းလဲမှု၊ အသံကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာများ ဖြစ်ပေါ်မှု၊ ထိတွေ့ပွတ်တိုက်မှုကဲ့သို့သော လှုပ်ရှားမှုများ၊ အမြစ်များ၊ အညွန့်များကထုတ်လုပ်ပေးလိုက်တဲ့ ဓာတုပစ္စည်းများကဲ့သို့သော ဇီဝဓာတုပစ္စည်းများ စသဖြင့် အမျိုးမျိုးတွေ့ရပါတယ်။ - အမြစ်များမှ ဓာတုပစ္စည်းများစွာ ထုတ်လွှတ်ပေးကြရာ ထိုထုတ်လွှတ်ပေးလိုက်တဲ့ ဓာတုပစ္စည်းများဟာ အနီးအနားမှာရှိနေတဲ့ အပင်များနဲ့ ပြိုင်ဆိုင်နိုင်ရေးအတွက် စုံစမ်းနိုင်မယ့် အချက်ပေးစနစ်ဖြစ်လာစေပါတယ်။ သုတေသနပြု လေ့လာဖော်ထုတ်ခဲ့မှုများအရ အမြစ်များမှထုတ်လွှွတ်လိုက်တဲ့ ဓာတုပစ္စည်းများဟာ ပတ်ဝန်းကျင်ရှိ အပင်တွေဟာ မျိုးတူအပင်များ သို့မဟုတ် မျိုးခြားအပင်များဆိုတာကို ဖော်ပြပေးနိုင်ကြတယ်လို့ ပြောပါတယ်။ ထိုအချက်ပေးစနစ်ပေါ် မူတည်ကာ အပင်များဟာ ဇီဝပစ္စည်းများ ထုတ်လုပ်ခြင်း၊ ခွဲဝေပျံ့နှံ့ပေးခြင်းစသည်တို့ကို ဆုံးဖြတ်ပေးစေနိုင်ကြောင်း တွေ့ရပါတယ်။ - အပင်များဟာ ပတ်ဝန်းကျင်ရဲ့ ထိတွေ့ပွတ်တိုက်လှုံ့ဆော်မှုများစွာကို ခံစားရပါတယ်။ ဥပမာ- လေတိုက်ခတ်မှုကြောင့် အရွက်များ လှုပ်ရှားသွားစေမှု၊ အရွက်များ ရွေ့လျားမှု၊ အလင်းရောင်ရှိရာသို့ ညွတ်ကိုင်းစေမှုစသည်တို့ဟာ ထင်ရှားတဲ့ ထိတွေ့ပွတ်တိုက် လှုပ်ရှားမှုများ ဖြစ်ပါတယ်။ ထိုထိတွေ့ပွတ်တိုက် လှုပ်ရှားမှုများဟာ အနီးပတ်ဝန်းကျင်မှာအပင်များရှိနေမှုကို အချက်ပေးလိုက်တာ ဖြစ်ပါတယ်။ - အပင်တစ်ပင်ရဲ့ အဝန်းအဝိုင်းဟာ အနီးမှာရှိနေတဲ့အပင်ရဲ့ အဝန်းအဝိုင်းနဲ့ ထိစပ်ဖို့လာသော် အပင်ရဲ့ အဝန်းအဝိုင်းကြီးထွားမှု ရပ်တန့်သွားမှုဟာ ထင်ရှားတဲ့ထိတွေ့မှုအချက်ပေးစနစ် ဖြစ်ပါတယ်။ တွေ့ရှိထားမှုအရအပင်ရဲ့အရွက်များကို တို့ထိပေးခြင်းဖြင့် အပင်မှ အစာအာဟာရများဖြန့်ဝေမှု မဟာဗျူဟာကို ပြောင်းလဲစေကာ ထုတ်လွှတ်လိုက်တဲ့ ဓာတ်ပေါင်းမှာ ဓာတုပစ္စည်းများရဲ့ ပါဝင်ပေါင်းစပ်မှုကိုလည်း ပြောင်းလဲသွားစေတာကို တွေ့ရပါတယ်။ - အပင်များ ဖိစီးမှုဒဏ် ကြုံလာရတဲ့အခါ အနီးအနားမှာရှိနေတဲ့ အပင်များ သိရှိစေရန် မြေအောက်ဆက်သွယ်မှုစနစ်ကို အသုံးပြုကြောင်းသုသေသီများ တွေ့ရှိခဲ့ပါတယ်။ ဒါဟာ စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်း ဆန်နေပေမယ့် အမှန်တကယ်ပင် အပင်များဟာ အချင်းချင်း အမြစ်များမှတစ်ဆင့် မြေအောက် အချက်ပြမှုများဖြင့် ဆက်သွယ်ကြတာကို တွေ့ရပါတယ်။ အပင်တစ်ပင်ကိုထိတွေ့ပွတ်သပ်ပေးခြင်းဖြင့် အပင်ကို ဖိစီးမှုဖြစ်ပေါ်လာတဲ့သဘော ဖြစ်လာစေကာ အနီးပတ်ဝန်းကျင်ရှိ အပင်များကို တစ်ခုခုဖြစ်ပေါ်နေကြောင်း အချက်ပေးသတင်းပို့တယ်လို့ ပြောပါတယ်။ - အချက်ပြစနစ်မှာ ပါဝင်တာကတော့ အမြစ်များကထုတ်လုပ်ပေးတဲ့ ဓာတုပစ္စည်းများဖြစ်ကာ အနီးရှိအပင်များကို တစ်ခုခုနဲ့ထိတွေ့မှုရှိနေကြောင်း ပြောတဲ့သဘောဖြစ်ပါတယ်။ အနီးပတ်ဝန်းကျင်ရှိ အပင်များဟာ မျိုးနီးစပ်မှုရှိနေသော် ဘယ်လိုကြီးထွားမှုကိုပြောင်းလဲလုပ်ဆောင်နိုင်ကြရန် လမ်းညွှန်မှုပေးတဲ့သဘော ဖြစ်နိုင်ကြောင်း သုတေသီများက သုံးသပ်ကြပါတယ်။ ဆွီဒင်စိုက်ပျိုးရေးတက္ကသိုလ်မှ Velemir Ninkovic ဦးဆောင်တဲ့ သုတေသီအဖွဲ့က အစေ့ထုတ်ပြောင်း အပင်ပေါက်ရဲ့ အရွက်များကို ထိတွေ့ပွတ်တိုက်ပေးခြင်းဖြင့် အပင်များ ဖိစီးမှုခံစားစေပါတယ်။ - အဲဒီနောက် အနီးပတ်ဝန်းကျင်ရှိ အပင်များ ဘယ်လိုကြီးထွားကြသလဲဆိုတာကို စောင့်ကြည့်ကြပါတယ်။ အပင်အချင်းချင်းမြေအောက်ပိုင်းဆက်သွယ်မှုကို မြေပေါ်ပိုင်း လှုပ်ရှားမှုက ပြုပြင်ပေးနိုင်ကြောင်းတွေ့ရပါတယ်။ အပင်တွေမှာထိတွေ့မှုနဲ့ လှုံ့ဆော်ပေးမှုဟာ ပုံမှန်ဖြစ်နေကျ ဖြစ်စဉ်ဖြစ်ကာ အပင်ရဲ့ ရုပ်ဗီဇပြောင်းလဲမှုကိုလည်း ပြောင်းလဲမှုဖြစ်စေနိုင်ပါတယ်။ အပင်များ အချင်းချင်း နီးကပ်စွာပေါက်ရောက်နေကြရာ ထိတွေ့မှုဟာ အပင်အချင်းချင်း ပြိုင်ဆိုင်မှုအလားအလာရှိကြောင်း ရှာဖွေဖော်ထုတ်နိုင်စေဖို့ အချက်ပေးမှုဖြစ်နိုင်ပါတယ်။ - အချက်ပေးစနစ်ဟာ ပတ်ဝန်းကျင်မှာ တခြားအပင်များ ရှိနေမှုကို ဖော်ပြပေးသကဲ့သို့ အနီးမှာရှိနေတဲ့ အပင်ရဲ့ အထောက်အထား၊ အချက်အလက်များကိုလည်း ပေးပါတယ်။ သုတေသီအဖွဲ့ဟာ အစေ့ထုတ်ပြောင်းပင်ပေါက်များကို အာဟာရရည်မှာစိုက်ပျိုးကာ အရွက်ကိုထိ - တွေ့ ပွတ်တိုက်ပေးထားတဲ့ အပင်နဲ့ ထိတွေ့ပွတ်တိုက်မှု မရှိတဲ့ အပင်တို့ကို သီးခြားခွဲပျိုးထောင်ပါတယ်။ ထို့နောက် အပင်ငယ်များ ပျိုးထောင် စိုက်ပျိုးထားတဲ့ အာဟာရရည်များကို သီးခြားထည့်ထားပြီး အစေ့သစ်မှ အပင်ဖောက်ထားတဲ့ အစေ့ထုတ်ပြောင်း အပင်ပေါက် - အမြစ်ကို အာဟာရရည်နှစ်မျိုးထဲမှာ ယှဉ်ပြိုင်ပျိုးထောင် စမ်းသပ်ပါတယ်။ - ပျိုးပင်သစ်များရဲ့ အမြစ်ဟာ အရွက်များကို ထိတွေ့ပွတ်တိုက်ထားတဲ့အပင်ရဲ့ အာဟာရရည်မှာ ရှည်ထွက်ကြီးထွားမှုမရှိပဲ ဖိစီးမှု မရှိတဲ့ ပျိုးပင်ရဲ့ အာဟာရရည်မှာမူ ရှည်ထွက်ကြီးထွားတာကို တွေ့ရပါတယ်။ မြေအောက်ပိုင်း အချက်ပေးမှုမှာ အမြစ်များရဲ့ ရှုပ်ထွေးတဲ့ ကြီးထွားမှု အမူအကျင့်များကိုလည်း တွေ့ရပါတယ်။ အမြစ်များဟာအနီးမှာရှိနေတဲ့ အပင်ရဲ့ ဇီဝကမ္မပြောင်းလဲမှုကို ပေးပို့လိုက်တဲ့ အချက်ပေးမှုမှတစ်ဆင့် ဖော်ထုတ်နိုင်ကြပါတယ်။ ဖိစီးမှုမခံရတဲ့ အပင်များဟာ ဖိစီးမှုခံရတဲ့အပင်က ပေးပို့ရရှိတဲ့ အချက်ပေးမှုအရ ရှိနေတဲ့ရင်းမြစ်များကို အရွက်များ ပိုမို ကြီးထွားစေရန် အသုံးပြုကြပြီး အမြစ်ကြီးထွားမှုအတွက် အသုံးပြုမှုနည်းစေတာကို တွေ့ရပါတယ်။ - အပင်များရဲ့ ပတ်ဝန်းကျင်အခြေအနေ ပြောင်းလဲမှုကို လျင်မြန်စွာ ရှာဖွေဖော်ထုတ်နိုင်မှုစွမ်းရည်ဟာ အပင်များ ဆက်လက်ရှင်သန်နိုင်ရေးအတွက် အခြေခံ လိုအပ်ချက် ဖြစ်ပါတယ်။ အစေ့ထုတ်ပြောင်းပင်ပေါက်များဟာ ထိတွေ့ပွတ်တိုက်မှုခံရတဲ့ အပင်ရဲ့ မြေအောက်အချက်ပေးမှုကြောင့် ပျော့ပျောင်းမှုမြင့်မားလာတဲ့ လက္ခဏာနဲ့ ဖော်ပြတာကို တွေ့ရပါတယ်။ - ထိတွေ့ပွတ်တိုက်ခြင်းဖြင့် အပင် အချင်းချင်း အားပြိုင်မှုရှိလာစေနိုင်ကြောင်း အချက်ပေးလိုက်တဲ့ သဘောကြောင့် အနီးရှိအပင်များဟာမြေပေါ်ပိုင်းအစိတ်အပိုင်းများ ကြီးထွားမှုပိုမိုများပြားစေကာ အမြစ် ကြီးထွားမှု နည်းစေတာဖြစ်နိုင်တယ်လို့သုံးသပ်ကြပါတယ်။ အပင်များ - ထိတွေ့ ပွတ်တိုက်မှုကြောင့် ရွက်ရိုးများ ရှည်ထွက်လာစေကာ အရိပ်ကျမှုမှ ရှောင်ရှားခြင်းဖြစ်စဉ်ဟာလည်း ထိတွေ့ပွတ်တိုက်မှုရဲ့အချက်ပေးမှုကြောင့် ဖြစ်ပါတယ်။ ထိတွေ့ပွတ် တိုက်မှုမှာ အပင်ကိုစားသုံးတဲ့ တိရစ္ဆာန်များနဲ့ တခြားသော ပတ်ဝန်းကျင်ဖိစီးမှုများစတဲ့ - အချက်ပေးမှုများကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ထိတွေ့ပွတ်တိုက်မှု ဖြစ်ခြင်းကြောင့် အပင်များဟာ ဖိစီးမှုခံရတဲ့ တစ်သျှူးများဆီသို့ဇီဝထုထည်ပိုမိုရောက်ရှိစေရန်၊ အစာခွဲဝေပေးခြင်း စတဲ့ ရုပ်သွင်ရော၊ ဇီဝကမ္မပိုင်းများပါ ထိန်းညှိမှုများကို ဆောင်ရွက်ပေးပါတယ်။ - ထိတွေ့ပွတ်တိုက်လှုံ့ဆော်ပေးမှုကြောင့် အပင်များဟာ ဓာတုပစ္စည်းများ ပေါင်းစပ်ဖြစ်ပေါ်မှုဖြစ်စဉ်များ ပြောင်းလဲစေကာ အချက်ပေးလိုက်ခြင်းဖြင့် အနီးရှိအပင်များအတွက် အရေးပါတဲ့ သတင်းပေးမှုကို ဖြစ်စေပါတယ်။ ပတ်ဝန်းကျင်ရှိ အပင်မှ သတင်းအချက်ပေးမှုကြောင့် - အပင်များ ရုပ်သွင်ပိုင်းနဲ့ ဇီဝကမ္မပိုင်းဆိုင်ရာများ ပြုပြင်ပြောင်းလဲပေးနိုင်ခြင်းဟာ မျိုးဆက်ရှင်သန်ရေးအတွက် မျိုးပွားများပေးနိုင်ရေးနဲ့ ဖြစ်ပေါ်နေတဲ့ ပတ်ဝန်းကျင်အခြေအနေနဲ့ လိုက်လျောညီထွေ ဖြစ်နေစေရန်အတွက်လည်း အခြေခံလိုအပ်ချက် ဖြစ်ပါတယ်။ ပဲပင်မှာပျပိုးကျရောက်နေမှုကြောင့် ဇီဝကမ္မပိုင်းဆိုင်ရာ ပြောင်းလဲမှု ဖြစ်လာပါတယ်။ - ထိုပြောင်းလဲမှုကို အနီးပတ်ဝန်းကျင်ရှိ ပျပိုးမကျသေးတဲ့ ပဲပင်များကို အမြစ်များအချင်းချင်း အပြန်အလှန် တုံ့ပြန်ဆက်သွယ်မှုဖြစ်စေကာပျပိုးများ ပိုမိုပျံ့နှံ့သွားစေနိုင်တာဖြစ်ကြောင်းကိုလည်း တွေ့ရပါတယ်။ ထိတွေ့ပွတ်တိုက်မှုခံရတဲ့ အပင်ရဲ့အမြစ်က ထုတ်လုပ်လိုက်တဲ့ - ဓာတုပစ္စည်းအချက်ပေးမှုကြောင့် အနီးပတ်ဝန်းကျင်ရှိအပင်များရဲ့ အမြစ်များ အချင်းချင်း အပြန်အလှန်တုံ့ပြန်မှုပြုပြီး ဝေးလံတဲ့အပင်များဆီသို့ ပျံ့နှံ့ရောက်ရှိသွားစေနိုင်ကြောင်းသုတေသီများက ယူဆကြပါတယ်။ အပင်ရဲ့မြေပေါ်ပိုင်းရှိ အရွက်များကို ထိတွေ့ပွတ်တိုက်ခြင်းဖြင့်အမြစ်များဆီသို့ သတင်းအချက် ရောက်ရှိသွားစေပြီး အနီးရှိ အပင်များရဲ့ အမြစ်များနဲ့ အချင်းချင်း အပြန်အလှန်ဆက်သွယ်စေမှုဖြင့် ဖိစီးမှုမခံရသေးတဲ့ အပင်များဟာ ရုပ်သွင်ပိုင်းနဲ့ ဇီဝကမ္မပိုင်းဆိုင်ရာများမှာ ပြောင်းလဲမှုဖြစ်ပေါ်လာစေကာ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်စေပြီးဆက်လက်ရှင်သန်နိုင်စေတာ ဖြစ်ပါတယ်။ သို့သော် အပင်အချင်းချင်း အပြန်အလှန်ဆက်သွယ်နိုင်မှုများမှာ ရှုပ်ထွေးတဲ့ဖြစ်စဉ်တွေရှိနေကြတဲ့အတွက် ဆက်လက်သုတေသနပြုလုပ် ဖော်ထုတ်ကြဖို့ လိုအပ်ပါကြောင်း အဆိုပြုထားပါတယ်။ - - ဒေါက်တာ စိန်လှဗိုလ် - မြန်မာတောင်သူကြီးများ ဂျာနယ် 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
