cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ပဲသိမ်းချိန်ကာလ သတိပြုစရာများ

. Post Harvest Management
🔹မကြာမီကာလတွင် ဆောင်းရာသီ ပဲမျိုးစုံသီးနှံ ရိတ်သိမ်းချိန်ရောက်ရှိပြီဖြစ်သည်။ ရိတ်သိမ်းချိန်ရောက် ပြန်လျှင် ရိတ်သိမ်းချိန်နောက်ပိုင်းကာလ သတိပြုစရာများကို ဂရုပြုရပေမည်။ ပဲမျိုးစုံ သီးနှံရိတ်သိမ်းချိန်တွင် နည်းပညာအားနည်းမှုကြောင့် ပဲအထွက်၏ ၁၅%အထိ ထုတ်လုပ်မှုထိခိုက်နိုင်ပါသည်။ပဲစိုက်ပျိုးသူများအတွက် (၁)ရိတ်သိမ်း၊ ( ၂)ခြွေလှေ့၊ (၃)သိုလှောင် ဟူသည့်လုပ်ငန်းစဉ်သုံးရပ်ကို ရိတ်သိမ်းချိန် နှင့် ရိတ်သိမ်းချိန်လွန် ကာလတွင်မဖြစ်မနေလုပ်ဆောင်ရပါသည်။
  • 🔹ပဲမျိုးစုံရိတ်သိမ်းရာတွင် ပဲမျိုးအလိုက်ရိတ်သိမ်းချိန်မှန်ကန်ရသည်။ပဲတီစိမ်းကိုသီးတောင့်များဝါညိုရောင်ပြောင်းလဲချိန်တွင်ဆွတ်ခူးပါ။ မတ်ပဲကိုသီးတောင့်များမာချိန်သိမ်းပါ။ ပဲစဉ်းငုံမှ အပင်နှင့်အရွက် သီးတောင့်များဝါလာချိန်၊ ညှိုးလာချိန်သိမ်းပါ။ ကုလားပဲကိုသီးတောင့်များ ကောက်ရိုးခြောက်ရောင် ပြောင်းလဲချိန်သိမ်းပါ။ ပဲပုပ်ကိုသီးတောင့်များ ရွှေဝါရောင် ပြောင်း၍စိုက်ခင်း၏ ၉၅% အသီးများရင့်မှည့်ချိန်၊ အရွက်များတစ်ပင်လုံးဝါ၍ ညှိုးငိုက်ကျချိန် သိမ်းကြရသည်။ 

     

    🔹 ခူးဆွတ် ရိတ်သိမ်းချိန်မှန်ကန်မှသာ သိုလှောင်ချိန်၌ပဲ၏အရည်အသွေးတက်လာမည်။ ပိုးမွှားနှင့်အပင်ရောဂါ ကျရောက်မှုသက်သာမည်။ မျိုးအဖြစ်ထားနိုင်ပြီး ပြန်လည်စိုက်ပျိုးချိန်တွင်လည်း အပင်ပေါက်အားကောင်းမည်။ 

     

    🔹နုတ်သိမ်းပြီးလျှင်နောက်တစ်ဆင့် ချွေလှေ့ရမည်။ရိတ်ခြွေမှုကြောင့်ပဲသီး၊ ပဲစေ့ဆုံးရှုံးထိခိုက်ရသည်။ တလင်းအတွင်းပဲခြွေရာ၌ နွားဖြင့်နင်းခြင်း၊ စက်ဖြင့်နယ်ခြင်းများပြုလုပ်စဉ် လေလွင့်ဆုံးရှုံးမှုများကိုနည်းနိုင်သမျှ နည်းအောင်ဂရုပြုရပါမည်။ 

     

     

    🔹ခြွေပြီးလျှင်အဖျင်း အမှော်ဖယ်ရမည်။ကျောက်ခဲ၊ သဲ၊ အရွက်ခြောက်၊ ကိုင်းခြောက်၊ ပေါင်းစေ့၊ မြေကြီးခဲ၊ အမှိုက်များဖယ်ရှင်းရသည်။ သန့်စင်မှုရှိလေ ဈေးကောင်းရလေဖြစ်သည်။ သန့်စင်ပါမှ သိုလှောင်ချိန် တွင် ပျက်စီးမှုနည်းမည်။ကြိတ်ခွဲလျှင်လည်းလေလွင့်ဆုံးရှုံးမှု သက်သာသည်။ နယ်လှေ့ရာတွင်စနစ်တစ်ကျ ပြုလုပ်မှသာ ဈေးကွက်၌ပဲသန့်ပြီးဈေးကောင်းရသည်။ ပဲမျိုးအလိုက်သီးသန့်ခွဲခြားခြွေလှေ့ ၊ နယ်လှေ့ရသည်။ 

     

     

     🔹ထို့နောက်အဖျင်းအမှော် ဖယ်ရှင်း၊ နယ်လှေ့ပြီးပဲများကို အရည်အသွေးအရ အဆင့်ခွဲခြားရသည်။စက်ဖြင့် အဆင့်ခွဲခြားပြုလုပ်ပေးနိုင်လျှင် လုံးရွယ်တူညီသည်များ သီးခြားခွဲထွက်လာသည်။ သီးနှံအခြောက်ခံစက်များ ကိုပါအသုံးပြုနိုင်ပါက ပဲဈေးကွက်တွင် သိသိသာသာဈေးကောင်းရမည့် အရည်အသွေးရှိလာမည်။ ပဲမျိုးစုံ ပြည်ပဈေးကွက်တန်းဝင်လာမည်။ ပုံမှန်အားဖြင့် ပဲမျိုးစုံကို မျက်မှန်းဖြင့်ခွဲခြားခြင်း၊ နေလှန်းအခြောက်ခံခြင်းကို ပြုလုပ်‌ပေးရမည်။ အရွယ်အစားနှင့် အရည်အသွေး သန့်စင်ပြီး၊ အခြောက်ခံပြီး ပဲများကိုသာ လိုအပ်သလို သိုလှောင် သင့်ပါသည်။ 

     

     

     🔹သို့သော်ရိတ်သိမ်းချိန်နောက်ပိုင်းနည်းပညာ ချို့တဲ့မှုကြောင့် စပါးအပါအဝင် ပဲမျိုးစုံ ၊ဆီထွက်သီးနှံ၊ ရော်ဘာမှ အစ အောက်ဈေးဖြင့် ရောင်းနေကြရသည်။ ဈေးကွက်တွင်အဆင့်ခွဲခြားရောင်းချနိုင်လျှင် အရည်အသွေးကောင်း သောသီးနှံမှန်သမျှဈေးကောင်းရပါသည်။ သီးနှံအရည်အသွေးမြင့်မားရန်လည်းလိုအပ်ပါသည်။ ထို့ကြောင့် သီးနှံစိုက်ပျိုးမှုတွင် ဂရုပြုခဲ့ကြသကဲ့သို့ ရိတ်သိမ်း၊ ခြွေလှေ့၊ သိုလှောင်သန့်စင်ရာတွင်လည်း ဂရုပြုဆောင်ရွက် ကြရန်လိုအပ်ပါသည်။ 

     

     

     မြန်မာတောင်သူကြီးများဂျာနယ်။ 

     


  • article
likes
22
comments
0
views
3966