cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပဲတီစိမ်းမတ်ပဲသံချေးရောဂါ

. Diseases
ပဲတီစိမ်း၊မတ်ပဲ ကို နွေရာသီမှာ ရေသွင်းစိုက်ပျိုးကြတဲ့ တောင်သူဦးကြီးများ သတိပြုမိစေရန်အတွက်

သံချေးရောဂါ လက္ခဏာ
  • - ရောဂါကျရောက်မှု ကနဦးအဆင့်တွင် ရွက်ကြောများအောက်တွင် အဖြူရောင် အစက်အပြောက် မှိုလေးများနှင့် သံချေးရောင် အဖုအထစ်လေးများကို တွေ့ရတတ်ပါသည်။

    - ထိုအဖုအထစ်လေးများကို အဓိကအားဖြင့် အရွက်၏ အောက်ဘက်မျက်နှာပြင်များတွင် တွေ့ရလေ့ရှိပြီး တဖြည်းဖြည်း အဝါရောင် ရေစိုနာကွက်များအဖြစ် ပြောင်းလဲ သွားတတ်ပါသည်။

    - ညိုပုပ်နေသော ရေစိုနာကွက်များကိုလည်း အရွက်များပေါ်တွင် မြင်ရတတ်ပါသည်။

    - သီးတောင့်များ၊ ပင်စည်များနှင့် ရိုးတံများတွင်လည်း အဖုလေးများ ပေါ်လာတတ်ကာ ၎င်းတို့သည် နောက်ပိုင်းတွင် မည်းသွားတတ်ပြီး အများအားဖြင့် အရွက်ရင့်များပေါ်တွင် ဖြစ်လေ့ရှိပါသည်။

    သံချေးရောဂါ ကာကွယ်နှိမ်နှင်းခြင်း

    - သံချေးရောဂါကို ကာကွယ်ရန်အတွက် အရည်အသွေးမြင့် မျိုးစေ့များကို အစဉ်အမြဲ အသုံးပြုသင့်ပါသည်။

    - အပင်ငယ်စဉ် ရေပေးသွင်းမှု မများအောင် ဂရုပြုရပါမည်။

    - မြေဆီကျွေးရာတွင် ပုလဲ(ခ) နိုက်ထရိုဂျင် တစ်မျိုးတည်း ကျွေးခြင်းကို မပြုလုပ်သင့်ပါ။

    - သံချေးရောဂါ ဖြစ်ပွားမှုမှ လျော့ချနိုင်ရန် ပြောင်းပင်များကို သီးညှပ်ရောစိုက်ပေးပါ။

    - စိုက်ပျိုးနေစဉ် ကာလအတွင်း စိုက်ခင်းအတွင်း ပုံမှန် ကြည့်ရှုစစ်ဆေးပေးပါ။

    - ခံနိုင်ရည်ရှိသည့် မျိုးများကို စိုက်ပျိုးပေးပါ။

    သံချေးရောဂါမှ ကာကွယ်ရန် ဖော်ပြပါ မှိုသတ်ဆေးများကို အသုံးပြုနိုင်ပါသည်။

    ၁။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် တဗျူကိုနာဇိုး စားပွဲတင်ဇွန်း ၁-၂ ဇွန်းနှုန်း

    ၂။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ဒိုင်ဖန်နိုကိုနားဇိုး ၁၀% ဒဗလျူဂျီ စားပွဲတင်ဇွန်း ၁-၂ ဇွန်းနှုန်း

    ၃။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် အဇိုဆီစထရိုဘင် စားပွဲတင်ဇွန်း ၃ ဇွန်း

    သို့မဟုတ် စျေးကွက်အတွင်း ဝယ်ယူရရှိနိုင်သာ မှိုသတ်ဆေးထုတ်များတွင် ပါရှိသည့် မြန်မာစာအညွှန်းအတိုင်း အသုံးပြုနိုင်ပါသည်။ (မြန်မာစာဆေးညွှန်းကို သေချာဖတ်ပြီး လိုက်နာဆောင်ရွက်ပါ)

     


  • article
likes
17
comments
0
views
1959