cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

စျေးကျနေသည့်ပြောင်း ဘတ်စျေးနှင့်ငွေလဲနှုန်း တက်လာသောကြောင့် စျေး ပြန်တက်လာ

. Market Price
ပြောင်း ဘတ်စျေးနှင့် ငွေလဲနှုန်းတက်လာသည့် အတွက် ပြောင်းစျေး ပါ လိုက်လံ မြင့်တက် လာ ကြောင်း ကုန်သည်များထံမှ သိရသည်။
  • လက်ရှိတွင် ပြောင်းကို မြ၀တီနယ်စပ်ကုန်သွယ်ရေး မှ တစ်ဆင့်ထိုင်းနိုင်ငံ သို့အဓိက ထား တင်ပို့​ နေခြင်းဖြစ် ပြီး ထိုင်းနိုင်ငံ တွင် ပြောင်းစျေး တက်နေသည့် အပြင် မြန်မာငွေစျေး ကျကာ ထိုင်းဘတ်ငွေ မြင့်တက်နေသည့် အတွက် ပြည်တွင်းပြောင်းစျေးမှာ မြင့်တက်လာခြင်း ဖြစ်သည်။


    “ ပြောင်းစျေး တက်လာပါတယ်။ အဓိက သုံးချက်ကြောင့် စျေးတက်လာတာ။နံပါတ်တစ် ထိုင်းနိုင်ငံမှာလဲ ပြောင်းစျေး တက်နေတယ်။ ငွေလဲနှုန်းလဲ တက်နေ တယ်။နောက်ပြီး ထိုင်းက ဝယ်လိုအားများနေတယ် ။ ဒါကြောင့် စျေးတက်လာတယ်။” ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဂုဏ်ထူးဆောင် နရက ဉီးမင်းခိုင်ထံ မှ သိရသည်။


    ပြီးခဲ့သည့် လ က ရန်ကုန်စျေး ပြောင်း တစ်ပိဿာလျှင် ၁၁၇၀ ကျပ်သာ ရှိခဲ့ ပြီး လက်ရှိ ပြောင်းတစ်ပိဿာ လျှင် ၁၂၀၀ ကျော် ထိတက်လာ ကြောင်းသိရသည်။


    ထို့အပြင် ထိုင်းနိုင်ငံတွင် ပြောင်း ၁၅ကီလို တစ်ပုံး လျှင် ၁၇၀ဘတ်ကျော်ထိပေါက်စျေးရှိနေကြောင်း သိရသည်။


    “ ထိုင်းနိုင်ငံ မှာက ၁၅ကီလို တစ်ပုံး ကို ၁၇၀ကျော်တယ်။ဒါပေမဲ့ တိတိကျကျမရှိဘူး ။ကြိုက်စျေး နဲ့ ရောင်းတာများတယ်။နောက်ပြီး မြဝတီမှာ မြန်မာငွေနဲ့ ရောင်းနေတာတွေလည်းရှိတယ် ။အပြင် စျေးဆိုပြီး စျေး သပ်သပ်ရှိတယ်။ ”ဟု ပြောင်း exporter တစ်ဦး ကပြောသည်။  


    ပြီးခဲ့နှစ်က မြဝတီသို့ ပြောင်းတန်ချိန် သုံးသိန်းထိ တင်ပို့နိုင်ခဲ့ကြောင်းသိရပြီး ယခုနှစ် မြဝတီသို့ ပြောင်းတင်ပို့မူ မှာ ပြီးခဲ့သည့် နှစ်ကာလတူ နှင့် ယှဉ်ပါက တင်ပို့မှု မှာ လျော့ကျနေကြောင်း သိရသည်။


    ထိုင်းနိုင်ငံသို့ နယ်စပ်မှ ပြောင်း တင်ပို့မည်ဆိုပါက တင်ပို့မည့် ကား နံပါတ် ၊ ကားအမျိုးစား ၊ဘယ်ဂိုဒေါင် မှ တန်ချိန်ဘယ်လောက်ဖြင့်မည်သည့်နယ်စပ်ဂိတ်ကို ဖြတ်မည့် စသော အချက်အလက်များ ကို တင်ပြနေရပြီး တင်ပို့ခွင့်ပြန်ကျ လာမှ သာ တင်ပို့ခွင့် ရမည်ဖြစ်သောကြောင့် ကားငှါးရသည့် ရက် ကြာမြင့်ကာ ကုန်ကျစရိတ်များနေကြောင်းအချို့ကုန်သည်တချို့ထံမှသိရသည်။


    ပြီးခဲ့ သည့်လ က မြဝတီနယ်စပ်မှ တဆင့် တင်ပို့ရတွင် ထပ်တိုးမူဝါဒများ ကြောင့် စျေးကွက်မတည်ငြိမ်ဖြစ်ကာ ပြည်တွင်းပြောင်းစျေးနှုန်းများ ကျဆင်းခဲ့ ခြင်းဖြစ်သည်။


    ပြည်တွင်းမှ ပြောင်းစေ့များ ကိုထိုင်းနိုင်ငံ သို့ အကောက်ခွန်သက်သာခွင့် သုညရာခိုင်နှုန်း ဖြင့် တင်သွင်းခွင့် ပေးထာခြင်းဖြစ် ကြောင်း သိရသည်။ 


    နှစ်စဉ် ပြည်တွင်းမှာ စိုက်ပျိုးထုတ်လုပ်သည့် ပြောင်းတန်ချိန် တစ်နှစ်ကို ၂သန်းခွဲ၀န်းကျင်ရှိ သိရပြီး ထိုင်း နှင့်တရုတ်သို့ညအဓိကတင်ပို့ကာ ပင်လယ်ရေ ကြောင်း မှ တဆင့် normal trade အနေဖြင့် အိန္ဒိယ နှင့်ဗိယမ်နမ် ဘက်သို့အနည်းငယ် သာ တင်ပို့နေကြောင်း လည်း သိရသည်။


    အက္ခရာ ( AMIA)

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes
8
comments
0
views
1745