တောင်သူအသိပညာပေးအစီအစဥ်
“ပုံစံ (၇) ရှိပြီးနောက် လယ်ယာမြေလုပ်ငန်းလုပ်ကိုင်သည့်အခါ ကန့်သတ်ချက်များကို သိရှိပါသလား?
--------------------------------------------------------------
- ခွင့်ပြုချက်မရပါဘဲ အခြားနည်းသုံးစွဲခြင်း လုံးဝ ပြုလုပ်လို့မရပါ။
- ရွှေ့ပြောင်းတောင်ယာမြေက လွဲပြီးတော့ (၂)နှစ်ဆက်တိုက် မြေကိုလှပ်ထားခြင်းမပြုရပါ။
- အငြင်းပွားမှုဖြစ်နေတဲ့ ကာလအတွင်းမှာ လယ်ယာမြေကိုရောင်းချခြင်းတွေ၊ ပေါင်နှံခြင်းတွေ၊ ငှားရမ်းခြင်းတွေ၊ လဲလှယ်ခြင်းတွေ၊ ပေးကမ်းခြင်းတွေ ပြုလုပ်လို့မရပါ။
- သက်ဆိုင်ရာလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့အဆင့်ဆင့်က ဥပဒေနဲ့အညီ ချမှတ်ထားတဲ့ တာဝန်နှင့် စည်းကမ်း အမိန့်များကို လိုက်နာရပါမည်။
- လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ(၇) အားလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးခွင့်ပြုချက်မရှိဘဲ ဘယ်နိုင်ငံခြားသား (သို့မဟုတ်) နိုင်ငံခြားသားပါဝင်တဲ့ အဖွဲ့အစည်းတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးပဲဖြစ်စေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်းတွေ လုံးဝပြုလုပ်လို့မရပါ။
- #တောင်သူပညာပေးအစီအစဥ်ဖြစ်ပါသောကြောင့် သင့်အနေဖြင့်လွတ်လပ်စွာမျှဝေနိုင်ပြီး GRO အနေဖြင့် Like,Share and comments များကို ကျေးဇူးတင်ဝမ်းမြောက်စွာကြိုဆိုပါသည်။
ဤ ပညာပေးအစီအစဥ်ဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးသူများအားအထူးကျေးဇူးတင်ရှိပါသည်။