cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ပန်းနှမ်းစိုက်ပျိုးနည်း

. Cultivation Methods
ပန်းနှမ်းပင်သည် သမပိုင်းသီးနှံဖြစ်ပြီး ရေကြမ်း၊ မြေကြမ်း၊ ရာသီကြမ်းကိုခံနိုင်သည်။ ရေငတ်ခံနိုင်သဖြင့် မိုးနည်း ရေရှား၊ မိုးခေါင်ဒေသများနှင့် ကိုက်ညီသည်။မြေပြန့်မှာ စိုက်ကြသကဲ့သို့ ပင်လယ်ပြင်မှာ အမြင့်ပေ ၈,၀၀၀ ကျော်တွင်လည်း ဖြစ်ထွန်းပြန်သေးသည်။

  • တစ်ရာသီပင် အမျိုးအစား၊ ကိုင်းခွများသော ပင်ထောင်မျိုး၊ ရေငတ်ဒဏ်ခံနိုင်သော မျိုး ဖြစ်သဖြင့် အရွက်တွင် အမွှေးများ ထူထပ် စွာပါရှိသည်။ ထို့ကြောင့် ရေငတ်ခံနိုင်ခြင်းဖြစ်သည်။

    မြေအမျိုးအစား

    စိုက်သင့်သော အကောင်းဆုံးမြေမှာ မြေစေးပါသော နုန်း မြေ၊ သဲနုန်းမြေဖြစ်သည်။မြေမရွေးစိုက်နိုင်သော်လည်း၊ မြေစေ(စနယ်မြေ)နှင့် သိပ်မ ကိုက်ပေ။ မြေချဉ်ငံဓါတ် ၅ .၂ မှ ၆. ၅ အတွင်း၊ အပူအအေးမျှတသော ၁၈ ဒီဂရီစင် တီဂရိတ်မှ ၂၃ ဒီဂရီစင်တီဂရိတ်အတွင်း ကောင်းသည်။ ပူလွန်းပါက ၃၀ ဒီဂရီစင်တီဂရိတ် ကျော်လျှင် ပန်းပွင့်မှုနည်းပြီး ကြီးထွားမှုကျသည်။

    စိုက်ပျိုးချိန်

    ပန်းနှမ်းမျိုးအများစုသည် အလင်း ရောင်တုံ့ပြန်သောမျိုးများဖြစ်၍ စိုက်ပျိုးချိန်နောက်ကျ၍မရ။ ပန်းပွင်းနည်းမည်၊ အပင်ကြီးထွားမှု ထိခိုက်သည်။ အစေ့အဆံမ အောင်ဖြစ်မည်။ ထို့ကြောင့် တောင်တန်း ဒေသသြဂုတ်လမှ စက်တင်ဘာလကုန်ထိ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်း စက်တင်ဘာလလယ်မှ အောက်တို ဘာလလယ်အောက် မြန်မာပြည်ဒေသ၊ နိုဝင်ဘာ လ၊ ဒီဇင်ဘာလလယ်ထိ စိုက်သင့်သည်။အရေးကြီးသည်မှာ စိုက်ချိန်၌ မြေ အစိုဓာတ်ရှိရမည်။

    မျိုးစေ့နှုန်းထား

    တစ်ဧကမျိုးစေ့ နှစ်ပြည်၊ သီးညှပ်စိုက်လျှင် မျိုးစေ့ တစ်ပြည်၊ ပုလဲဓာတ် မြေသြဇာ ၅၆ ပေါင်၊ တီစူပါ ၅၆ ပေါင်၊ မြေဆွေးလှည်း ခြောက်စီးကို မြေခံမှာ ကတည်းက ထည့်သုံးသင့်သည်။ နောက်ပိုင်းတွင် ပိုတက်ချ်ကိုလည်းထည့်ပေးသင့်သည်။

    တန်းကြား၁၄ လက်မမှ ၁၈ လက်မနှင့် ပင်ကြားလေးလက်မမှ ခြောက်လက်မ စိုက်သင့်သည်။

    ပန်းနှမ်းစေ့သည် သေးငယ်ပြီး ပေါ့ပါးသည်။ ရှည်ရှည်သေးသေးဖြစ်၍ မျိုးစေ့ချ လျှင် ညီညာစေရန် သဲ၊ ပြာတို့နှင့် ရောနှော၍ စိုက်သင့်သည်။ တချို့က ကြဲပက်စိုက်ကြသည်။

    ပန်းနှမ်းသည် တောင်သူအကြိုက် သီးနှံဖြစ်သည်။ ရေငတ်ခံမှုမြေကြမ်းစိုက် နိုင်မှု၊ ပိုးမွှားနှင့် အပင်ရောဂါကျရောက်မှု သိသိသာသာ နည်းပါးမှုတို့ကြောင့် စရိတ် လဲမကုန်၊ ဆီလဲရသဖြင့် တောင်သူအများစု ကြိုက်နှစ်သက်ကြသည်။ ထိုထက်ပိုပြီး တောင်သူကြိုက်သည်မှာ မစိုက်ခင် မြေပြု ပြင်စဉ် ပေါင်းမြက်ကို သေချာရှင်းထားပါက စိုက်ခင်း၌ အနည်းအပါးပေါက်လာ သော ပေါင်းပင်ကို ပန်းနှမ်းပင်က ယှဉ်ပြိုင်ကြီးထွားနိုင်စွမ်းရှိသည်။

    အပင်မြင့် လေး လက်မတွင် ပေါင်းတစ်ကြိမ် အဖူးစချိန် ပေါင်းတစ်ကြိမ်ရှင်းလျှင် ပိုကောင်းသည်။ စိုက်ခင်း၌ ပန်းနှမ်းပင်များ ကိုင်းဖြာကိုင်းခွ၍ တစ်ခင်းလုံးပိတ်သွားချိန် ပေါင်းလုံး၀ မပေါက်နိုင်တော့ပေ။ အစိုဓာတ် ရေဓာတ်များသော်လည်း ခံနိုင်မှုမှာ ဆီထွက်သီးနံှများထဲ၌ ထူးခြားသည့် သီးနှံဖြစ်သည်။

    အထွက်နှုန်း

    တစ်ဧက ခုနစ်တင်းခန့်ထွက်သည်။ ဆီထွက်လည်း အစေ့အလေးချိန်၏ ၄၅ ရာခိုင်နှုန်းခန့်ထိ စားသုံးဆီရသဖြင့် ဆီ ထွက်သီးနှံများထဲတွင် ဆီထွက်ကောင်းသော သီးနှံဖြစ်သည်။ အစေ့တစ်တင်းမှဆီ ငါးပိဿာခွဲ၊ ခြောက်ပိဿာရရှိသဖြင့် တစ်ဧကပန်းနှမ်းစိုက်ခင်းမှ ဆီပိဿာ ၄၀ ခန့် ရနိုင်သည်။

    References 1. IIOR 2. ကိုရဲ (စိုက်ပျိုးရေး)

    ----



  • article
likes
16
comments
0
views
4097