cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ပဲတီစိမ်းတွင်ကျရောက်တတ်သော ဖားဥမှိုရောဂါ

. Diseases
ဖားဥမှိုရောဂါသည် Erysiphe polygoni မှိုကြောင့်ဖြစ်ပွားတဲ့ မှိုရောဂါဖြစ်ပါသည်။

  • ပဲတီစိမ်းအရွက်တွေပေါ်မှာ ပေါင်ဒါမှုန့်များ ဖြူးထားသကဲ့သို့ ထင်ရှားသည့်လက္ခဏာရှိပါသည်။

    ရောဂါကူးစက်မှုသည် ပဲတီစိမ်းအရွက်များကို တွန့်လိမ်၍ပုံပျက်စေကာ အရွက်များ၏အလင်းမှီအစာချက်လုပ်နိုင်စွမ်းကို ဟန့်တားသောကြောင့် အပင်ကြီးထွားသန်မာမှုကို ကျဆင်းစေပါသည်။ ပဲတီစိမ်းအထွက်နှုန်းကိုလည်း သေချာပေါက်လျော့ကျစေပါသည်။

    ရောဂါဖြစ်စေသော မှိုစပိုးများသည် ရောဂါရပင်ကြွင်းပင်ကျန်များမှာ ခိုအောင်းနေနိုင်ပြီး လေမှတဆင့်ကူးစက်နိုင်ပါသည်။ ထို့အပြင် မိုးရာသွန်းမှုကြောင့် မှိုစပိုးများလွင့်စင်ပြီးလည်း တစ်ပင်မှတစ်ပင်ကူးစက်နိုင်ပါသည်။ ယခုလို ပူတဲ့ရာသီမှာ မှိုစပိုးများပေါက်ပွားမှုကို အားပေးသောကြောင့် နွေပဲတီစိုက်တောင်သူများ အထူးသတိထားသင့်သောရောဂါဖြစ်ပါသည်။ ပဲတီစိမ်းပင်များကြီးထွားလာချိန် စိုက်ခင်းထဲမှာ စိုထိုင်းစမြင့်ပြီး၊ လေဝင်လေထွက်မကောင်းတော့ချိန်သည် ဖားဥမှိုရောဂါကျရောက်ဖို့အားပေးသည့် အခြေအနေပင်ဖြစ်ပါသည်။ ရောဂါစတင်ကူးစက်သည်မှ စ၍ တစ်ပါတ်အတွင်း ပဲတီစိမ်းအရွက်တွေရဲ့ အပေါ်အောက်မျက်နှာပြင်နှစ်ခုလုံးမှာ ပေါင်ဒါမှုန့်များဖြူးထားသလို လက္ခဏာကို စတင်ပြသပါသည်။ ရောဂါပြင်းထန်ပါက ပဲတီစိမ်းအရွက်များ ဝါ၍ကြွေကျခြင်း၊အပင်များပုခြင်း၊ပန်းပွင့်နည်းခြင်း၊အသီးတောင့်နည်းခြင်း၊အသီးတောင့်သေးခြင်းများ ဖြစ်စေပြီး အထွက်နှုန်းသိသိသာသာ ကျဆင်းစေပါသည်။

    ကာကွယ်ခြင်း

    -ရောဂါဒဏ် ခံနိုင်ရည်ရှိသော မျိုးစိုက်ခြင်း။

    -စိုက်ခင်းလေဝင်လေထွက် ကောင်းစေရန် ပင်ကြားတန်းကြားကျယ်ကျယ်စိုက်ခြင်း။

    -ရောဂါရပင်ကြွင်းကျန်များ ဖယ်ရှားခြင်း။

    -လေဝင်လေထွက်ကောင်းပြီး လောင်းရိပ်မကျနိုင်သော စိုက်ကွင်းနေရာရွေးချယ်စိုက်ပျိုးခြင်း။

    -မျိုးရင်းမတူသော သီးနှံများနှင့် သီးလှည့်စိုက်ပျိုးခြင်း။

    -ရောဂါကျနေသည့် အခင်းထဲမှ အခြားအခင်းများဆီသို့ သွားလာခြင်းများ လျှော့ချခြင်း။

    -ရေပေးသွင်းမှုမများစေရန် ဂရုပြုခြင်း။

    -အပင်အာဟာရစုံလင်စွာ ပုံမှန်ကျွေးခြင်း။(ပုလဲ ခေါ် နိုက်ထရိုဂျင်တစ်မျိုးတည်းကျွေးခြင်း ရှောင်ကြဉ်ပါ)

    အသုံးပြုနိုင်သော မှိုသတ်ဆေးများ

    -ဆာ(လ)ဖာ ပါသောမှိုသတ်ဆေးကို အသုံးပြု၍ကာကွယ်နိုင်ပါသည်။

    -အဇိုဇီစထရိုဘင်+ဒိုင်ဖီနိုကိုနာဇိုး ဆေးအဆိပ်များပါတဲ့ မှိုသတ်ဆေးကို အသုံးပြုနှိမ်နင်းနိုင်ပါသည်။

    Reference:https://www.greenlife.co.ke/powdery-mildew-of-green-grams/


  • article
likes9comments0
views2338