မုန့်လုံးရေပေါ် (Glutinus Rice Ball)
ပြုလုပ်နည်းမှာလွယ်ကူပြီး မုန့်နှစ်အချိုးမှာ ပုံစံနှစ်မျိုးပြုလုပ်လေ့ရှိပါ တယ်။ ကောက်ညှင်းချည်းသီးသန့်လုပ်နိုင်သလို အချို့မှာအစေးဓာတ်လျော့ နည်းစေရန် ဆန်မှုန့်လေးချိုးတစ်ချိုးရောပြီး ပြုလုပ်ကြပါတယ်။ ဆိုဖီယာရဲ့ လုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
ကောက်ညှင်းမှုန့် – ၄၀ဝ ဂရမ်
ဆား – လက်ဖက်ဇွန်း တစ်ဝက်
ထန်းလျက် – ၁၅၀ ဂရမ်
အုန်းသီးဆံ – တစ်ပန်းကန်
ပြုလုပ်နည်းအဆင့်ဆင့်
၁။ ကောက်ညှင်းမှုန့်ကို ဆားထည့်ပြီး ရေဖြည်းဖြည်းချင်းထည့်ကာ မုန့်နှစ်လုံးလို့ရသော အနေထားထိနယ်ပေးပါ။
၂။ ပြီးလျှင်အဖုံးအုပ်ပြီး မိနစ်၃၀ခန့်နှပ်ထားပေးပါ။
၃။ ထန်းလျက်ကိုအခဲသေးသေးလေးများ စိတ်ထားပါ။ အုန်းသီးခြစ်ထားပါ။ ရေနွေး အိုးအဆင်သင့်တည်ထားပါ။ ရေအေးတစ်ဇလုံအသင့်ထားပါ။
၄။ အားလုံးအသင့်ဖြစ်ပါက မုန့်လုံးစတင်လုံးနိုင်ပါပြီ။
၅။ မုန့်နှစ်ကိုအနေတော်အလုံးလေးများပြုလုပ်ပြီး အနည်းငယ်ဖိပြားပြီး ထန်းလျက် ခဲထည့်ကာလုံအောင်ပြန်ပိတ်ပြီး လုံးပေးပါ။
၆။ ရေနွေးအိုးပွက်ပါကလုံးထားပြီးသား မုန့်လုံးလေးများကိုထည့်ပြုတ်ပါ။ ယောက်မ ဖြင့်တစ်ချက်မွှေပေးပါ။
၇။ ပြန်လည်ဆူပွက်ပြီး မုန့်လုံးလေးများ ရေပေါ်ပေါ်လာပါကမုန့်လုံးကျက်ပြီးဖြစ်၍ ဆယ်ယူပြီး ရေဆေးဇလုံတွင် စိမ်ထားပေးပါ။
၈။ အေးသွားသောမုန့်လုံးကို ဆယ်ယူရေစစ်ပြီး အုန်းသီးဆံဖြင့် လူးကာတည်ခင်းသုံး ဆောင်နိုင်ပါပြီ။
Credit - Sofia


NewsFeed
Communities
Explore
Inbox
Me
Market Price