cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ရေကျိုငါးပိပြုလုပ်ခြင်း

. Fish Technical Guideline
ရေကျိုငါးပိပြုလုပ်ရန် သေးငယ်သော ငါးကိုသာ အသုံးပြုရပါမည်။ ငါးမျိုးစုံကို ရောနှောအသုံးပြုနိုင်ပါသည်။

  • ရေကျိုငါးပိပြုလုပ်ရန် ငါးများကို ခေါင်းဖြတ်ခြင်း၊ ကလီစာ ထုတ်ခြင်းကို ဦးစွာပြုလုပ်ပါ။ ထို့နောက်ရေဖြင့် စင်ကြယ်စွာ‌ ဆေးပါ။ ရေဆေးပြီး ရေစစ်ထားပေးပါ။ ရေစစ်လျှင် ငါးအလေးချိန်နှင့် ဆားအလေးချိန်ကို (၁၀၀ : ၂၀) ဖြင့် သမအောင် ရောနယ်ပေးပါ။ ငါးနှင့်ဆားအရောကို တစ်ညအိပ်ထားရမည်။ ငါးနှင့်ဆားရောသမထားသောအိုး (သို့မဟုတ်) ခွက်ကို ယင်မနားစေရန် အဖုံးကိုလုံအောင် ဖုံးထားရမည်။ နောက်တစ်နေ့တွင် နေပူပူတွင် တစ်နေ့နေလှန်းရမည်။ မခြောက်တစ်ခြောက် အခြေအနေသို့ ရောက်ရှိလာပါမည်။ ထို့နောက် ငရုတ်ဆုံတွင် ထောင်းပါ။ ငါးအသားများ မကျေစေရပါ။ ထောင်းထားပြီးသော ငါးများကို စဉ့်အိုးတွင်သိပ်ပြီး ရေနွေးဖြင့် ဆားရေဖျော်ပြီး ငါးများမြုပ်သည်အထိ ဆားရေလောင်းထည့်ပေးပါ။ (၃)လ (၄)လကြာလျှင် ရေကြိုငါးပိအဖြစ် စားသုံးနိုင်သည်။ စဉ့်အိုးဖြင့် ရေကျိုငါးပိထည့်လျှင် ယင်ကောင်မဝင်စေရန် သတိပြုရမည်။

    Post-harvest Fishery On-Job Training, Trainee Manual, NAG မှကူးယူဖော်ပြထားပါသည်။

     


  • article
likes14comments0
views1845