cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

သင်္ကြန်ကာလ ထန်းလျက်ရောင်းအား ကိုဗစ်မတိုင်မီကာလထက် ထက်ဝက်ခန့် ကျဆင်းနေ

. Market Price
အရောင်းအဝယ်က ပုံမှန်ထက်တော့ ပြန်တက်လာပါတယ်။ရန်ကုန်စျေးက မတ်လကုန်ထဲက ပိုမှာလာတယ်။ဒါပေမဲ့လည်း အရင် ကိုဗစ်မတိုင်မီအခြေအနေကိုတော့ မမီဘူးပေါ့။
  • အခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ကာလမှာ ထန်းလျက်စျေးကွက်အတွင်း အရောင်းအဝယ်အခြေအနေမှာ ပုံမှန်ကာလထက် ရောင်းအားအနည်းငယ်တက်လာပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီ အခြေအနေနဲ့ နှိုင်းယှဉ်ရင်တော့ ထက်ဝက်ခန့် ကျဆင်းနေတယ်လို့ ကျောက်ပန်းတောင်းဒေသ ထန်းလျက်အရောင်းအဝယ်ပြုလုပ်သူတချို့ထံက သိရပါတယ်။

    အညာထန်းလျက်တွေရဲ့ စျေးကွက်ဟာ မြန်မာ့ရိုးရာပွဲတော်ရက်တွေမှာ အရောင်းအဝယ်ကောင်းလေ့ရှိပြီး ပျော်ပွဲရွှင်ပွဲ၊ အလှူပွဲတွေအတွင်း ထန်းလျက်တွေကို ထည့်သွင်းအသုံးပြုကြတာလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်း ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားချိန်ကစလို့ သင်္ကြန်ပွဲတော်အတွင်း ပွဲလမ်းသဘင်ပြုလုပ်မှု နည်းပါးသွားတာနဲ့အတူ ထန်းလျက်ရောင်းအားလည်း ကျဆင်းခဲ့ပြီး အခုနှစ်မှာလည်း ပုံမှန်ထက် ရောင်းအားတက်ပေမယ့် ကပ်ရောဂါမတိုင် မီနှစ်များနဲ့ နှိုင်းယှဉ်ရင်တော့ ကျဆင်းနေတာလို့ ဆိုပါတယ်။

    “အရောင်းအဝယ်က ပုံမှန်ထက်တော့ ပြန်တက်လာပါတယ်။ရန်ကုန်စျေးက မတ်လကုန်ထဲက ပိုမှာလာတယ်။ဒါပေမဲ့လည်း အရင် ကိုဗစ်မတိုင်မီအခြေအနေကိုတော့ မမီဘူးပေါ့။အရင်က သင်္ကြန်ကာလအတွက် ပိသာချိန် အချိန် ၃၀၀ လောက်ရောင်းရင် အခုက ၂၅၀ လောက်ပဲ ရောင်းရတယ်” လို့ ကျောက်ပန်းတောင်းဒေသ ထန်းလျက်အရောင်းအဝယ်ပြုလုပ်သူတစ်ဦးက ပြောပါတယ်။

    သင်္ကြန်ကာလအတွင်း မုန့်လုပ် ထန်းလျက်စျေးနှုန်းကတော့ အနည်းငယ်မြင့်တက်လာပါတယ်။မတ်လကုန်ပိုင်းက မုန့်လုပ်ထန်းလျက် တစ်ပိဿာကို လက်ကားစျေးအနေနဲ့ ၂၅၀၀ ကျော်ရှိတာကနေ အခုအခါမှာတော့ ၄၀၀၀ ကနေ ၇၀၀၀ အထိ ရှိနေတယ်လို့ သိရပါတယ်။

    အခြားတစ်ဖက်မှာတော့ အထက်အညာဒေသရဲ့ အခုနှစ် ထန်းလျက်ထုတ်လုပ်မှုဟာ ပြည်တွင်းအခြေအနေတွေကြောင့် လျော့ကျမှုတွေရှိနေတယ်လို့ သိရပါတယ်။

    005

    ဤဆောင်းပါးကို Opinion Leaders မှကူးယူဖော်ပြပါသည်။

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes5comments0
views939