cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

တိုင်ထောင်ပဲစိုက်ပျိုးနည်း

. Cultivation Methods
အမျိုးအစား

ပဲထောင့်ရှည်တွင် အပင်ပုမျိုးနှင့် အပင်ရှည်မျိုးဟူ၍ ၂ မျိုးခွဲခြားထားပါသည်။ အပင်ရှည်မျိုးကို တိုင်ထောင်၍ စိုက်ပျိုးကြသည်။ အတောင့်အရောင်မှာ အစိမ်းနု၊ အစိမ်းရင့်၊ အနီရောင်ဟူ၍ အမျိုးမျိုးကွဲပြားသည်။ အစေ့အရောင်မှာ အဖြူရောင်၊ အနက်ရောင်၊ အနီရောင်နှင့် အဖြူအနီ ရောနှောသော အရောင်ဟူ၍ အမျိုးမျိုးရှိပါသည်။

  •  ရေမြေရာသီဥတု

    သဲမြေမှ မြေစေးအထိ မြေအမျိုးမျိုးတွင် စိုက်ပျိုး၍ ရသည်။ အလွန်ချဉ်သော မြေတွင် ကောင်းစွာ မဖြစ်ထွန်းချေ။ စိုက်ပျိုးရန် အကောင်းဆုံး မြေအချဉ်ငန်ဓာတ်မှာ ပီအိပ်ချ် (၆) မှ (၇) အတွင်းဖြစ်သည်။ အပူချိန် (၁၀) ဒီဂရီ ဆဲလ်စီးယပ် အောက်တွင် သီးပွင့်မှုကို နှောင့်နှေးစေသည်။ အလွန်ပူသော ရာသီ (သို့) မိုး အလွန်များပါကလည်း အပွင့်အသီးကို ကြွေစေသည်။ အသင့်တော်ဆုံး အပူချိန်မှာ (၁၅) ဒီဂရီ ဆဲလ်စီးယပ် မှ ၂၂ ဒီဂရီ ဆဲလ်စီးယပ် အတွင်းဖြစ်သည်။

    မျိုးစေ့နှုန်းထား

     ချုံပုတ်မျိုး (၄၀-၄၅) ကီလိုဂရမ်/တစ်ဧက တိုင်ထောင်မျိုး (၁၂-၁၅) ကီလိုဂရမ်/တစ်ဧက

     မြေပြုပြင်ခြင်း

     ထယ် (၂) စပ်၊ ထွန် (၂) စပ်နှင့် ထွန်ရေးအသင့်အတင့်ရလျှင် စိုက်နိုင်သည်။ ရေမဝပ်သော မြေကို ရွေးချယ်ရမည်။

     မြေသြဇာနှုန်းထား

    တစ်ဧကအတွက် နွားချေးလှည်း (၅-၁၀) စီး၊ ယူရီးယား (၁၀၀) ကီလို၊ တီစူပါ (၅၀)ကီလို၊ ပိုတက်နှင့် ယူရီးယား (၅၀) ကီလိုကို ပေါင်းလိုက်၊ မြေဆွချိန်တွင် ထည့်သွင်းပေးရမည်။ လုပ်အားတတ်နိုင်ပါက မျိုးစေ့ချစိုက်ချိန်တွင် ဓါတ်မြေဩဇာများကို အစေ့ပတ်လည် (၃) လက်မခန့်အကွာတွင် ချပေးပါ။ မဂ္ဂနီဆီယမ်နှင့် သွပ်ဓာတ်များ ချို့တဲ့ပါကအသီးတွင် ပရိုတင်းဓာတ်ပါဝင်မှုကို လျော့နည်းစေသည်။ မဂ္ဂနီဆီယမ်ဓါတ်လိုအပ်ပါက အပင်အောက် ပိုင်းအရွက်တို့၏ နှုတ်ခမ်းပတ်ပတ်လည်တွင် ဝါလာသည်ကို တွေ့ရသည်။

     စိုက်ပျိုးခြင်း

     မျိုးစေ့ချရာတွင် အစိုဓါတ်များလွန်းပါက ပုပ်သွားတတ်သည်။ တိုင်ထောင်ပဲကို အများအားဖြင့် တစ်တန်းနှင့် တစ်တန်း (၃) ပေခြား၍ တစ်ပင်နှင့် တစ်ပင် (၉-၁၂) လက်မခွာ၍စိုက်ပျိုးသည်။ စိုက်ပျိုးပြီး အပင် ၂ ပတ်သား တွင် (၇)ပေခန့်ရှည်သော ဝါးတိုင် (သို့) ကိုင်းတန်းများကို အပင်အခြေတွင် တွယ်တက်နိုင်ရန် ထောင် ပေးသည်။ ဝါးရှားသောအရပ်ဒေသတွင် တိုင်ထောင်ပဲကို သက်ကြီးပြောင်းဖူးမျိုးနှင့် ရော၍စိုက်ကြသည်။ ချုံပုတ်ပဲမျိုးကို တစ်တန်းနှင့် တစ်တန်း (၁.၅-၂) ပေခြား၍ တစ်ပင်နှင့် တစ်ပင် (၁) ပေခွာ၍ စိုက်သည်။ ရာသီဥတုတင့်သင့်သော ဒေသတွင် ရေရရှိက ပဲနှစ်မျိုးလုံးကို တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်။

     အပင်ပြုစုခြင်း

     အပင်ပေါက်စုံသည်နှင့် ပေါင်းမြက်များကို နှိမ်နင်းပေးရမည်။ အထူးသဖြင့် တိုင်ထောင်ပဲသည် သက်တမ်း ပိုရှည် သောကြောင့် ပေါင်းကိုကြိုတင်၍ မနှိမ်ထားပါက နောက်ပိုင်းတိုင်ထောင်ပြီးလျှင် ပေါင်းလိုက်ရခက်သည်။ ပဲပင်များ၏အမြစ်တွင် နိုက်ထရိုဂျင်ဖမ်းယူနိုင်သော ဘက်တီးရီးယားများရှိသဖြင့် အမြစ်များကို မထိခိုက်အောင် သတိပြုပါ။

    ရေသွင်းခြင်း

     ပဲပင်တို့သည် ခြောက်သွေ့သောရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိသော်လည်း ရက်ရှည်ခြောက်သွေ့နေပါက ရေသွင်း ပေးရန်လိုအပ်သည်။ မိုးရာသီစိုက်ပျိုးပါက ရေနုတ်မြောင်း ပြုလုပ်ထားရမည်။

    ခူးဆွတ်ခြင်း

     ပဲသီးများကို ပန်းပွင့်ပြီး (၇-၁၀)ရက်အကြာတွင် စတင်ဆွတ်ခူးနိုင်သည်။ တစ်ဧကလျှင် သီးတောင့် (၁၅၀၀၀၀-၂၀၀၀၀၀) ထွက်ရှိနိုင်သည်။

    မျိုးစေ့ထုတ်လုပ်ခြင်း

     မျိုးစေ့ထုတ်လုပ်ရန်အတွက် ရိတ်သိမ်းချိန် မိုးလွတ်လျှင် အကောင်းဆုံးဖြစ်သည်။ အပင်ပေါ်တွင် အသီးများ ခြောက်လာမှ ဆွတ်ခူးရမည်။ မိုးရာသီတွင် မျိုးစေ့ထုတ်လိုပါက အစေ့ကို ကြိုတင်ခြွေ၍ ဆက်လက်နေလှန်းပြီးမှ သိမ်းဆည်းသည်။ ပဲမျိုးစေ့များသည် ပိုးထိုးတတ်သောကြောင့် ထုံးနှင့်ရောမွှေပြီး သိမ်းဆည်းသင့်သည်။

    Source - စိုက်ပျိုးရေးဦးစီးဌာန 


  • article
likes
14
comments
0
views
1493