cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

သီးနှံပင်များတွင် မဂ္ဂနီးချို့တဲ့မှုလက္ခဏာများ

. Nutrient Deficiency
(၁) ပဲပုပ်

လက္ခဏာမှာ ရွက်ကြောကြီးများအကြား ပုံမမှန်သော အစိမ်းရောင်ဖျော့ အကွက်များ တွေ့ရသည်။ အချိန်ကြာလာသည်နှင့်အမျှ ရောဂါကျရောက်သော ဧရိယာသည် အညိုရောင်သို့ ပြောင်းသွားသည်။
  • (၂) အာလူး

    ရွက်ညှာတံ၏ အခြေရင်းအောက်ပိုင်းပင်စည်တွင် အညိုရင့်ရောင် အစင်းကြောင်းများ တွေ့ရသည်။ အောက်ပိုင်းအရွက်များ၏ ရွက်ကြောကြားတွင် အစိမ်းရောင်ပျက်များတွေ့ရပြီး ရွက်ကြောများစိမ်းနေသည်။

    (၃) ပန်းမုန်လာ

    အလယ်ပိုင်းအရွက်များနှင့် အရွက်ရင့်များ အပေါ်ဘက်သို့ ကွေးပြီး ခွက်ပုံဖြစ်နေသည်။ အရွက်နားမှစ၍ အရောင်ဖျော့လာပြီး တဖြည်းဖြည်း ရွက်ကြောကြီးများကြားသို့ ပျံ့နှံ့သွားသည်။ အရွက်အရောင်ဖျော့နေသော နေရာများတွင် အညိုပျောက် တွေ့ရသည်။ အရွက်နားနှင့် ရွက်ကြောများကြားတွင် တွန့်လိမ်မှုများ တွေ့ရသည်။

    (၄) ခါချက်ဥ နှင့် ဆလတ်

    အပင်ပုပြီး အရွက်များ အရောင်ဖျော့သည်။ ရွက်နား တစ်လျှောက် အဝါရောင်များ တွေ့ရသည်။ ခါချက်ဥ၏အရွက်တွင် ကြေးနီရောင်အစက်အပျောက်နှင့် ရွက်နားလောင်သည်ကို တွေ့ရသည်။

    (၅) ဆေးရွက်ကြီး

    အရွက်နုများ အရောင်ဖျော့နေသည်။ ရွက်ကြောများကြားရှိ တစ်ရှူးများသည် အစိမ်းရောင်မှ အဖြူရောင် ဖြစ်ရပြီး ရွက်ကြောများစိမ်းနေသည်။ ရွက်ကြောများစိမ်းပြီး ရွက်ကြောများအကြားတွင် အရောင်မညီကွက်ကြား ဖြစ်ပေါ်သည်။ ရွက်ကြောများကြားတွင် တစ်သျှူး သေနာ ကွက်များတွေ့ရသည်။ အပင်လည်း ပုနေသည်။

    (၆) နှံစားသီးနှံ

    အရွက်နုများ၏ အခြေတွင် မီးခိုးရောင်အကွက်များ တွေ့ရသည်။ တဖြည်းဖြည်း ဧရိယာကျယ်လာပြီး အဝါရောင်၊လိမ္မော်ရောင်များလည်း တွေ့ရသည်။

    (၇) ပဲမျိုးစုံ

    ရွက်ကြောများစိမ်းနေပြီး ရွက်ကြောကြားဧရိယာ အဝါရောင် ဖြစ်နေသည်။ ရွက်ကြောနှင့်အပြိုင် အဝါစင်းများ တွေ့ရသည်။ သီးနှံကြီးထွားစဉ်အတွင်း မြေဆီလွှာအတွင်း MnSO4 ထည့်ခြင်းသည် မထိရောက်ပေ။ MnSO4 ကို တစ်ဧက ၁၀-၁၂ ပေါင် အရွက်မှဖျန်းပေးရမည်။ ရေ ငါးဂါလန်တွင် MnSO4 တစ်ပေါင်ထက် (၂ ရာခိုင်နှုန်း) ပိုမများသင့်ပေ။

    ဒေါက်တာကြည်မြင့်

    သီးနှံများ ကြီးထွားရေးအတွက် မရှိမဖြစ် အာဟာရဓါတ်များ- စာအုပ်မှ ကူးယူဖော်ပြအပ်ပါသည်။ 


  • article
likes
15
comments
0
views
3038