cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ပါရာကွက် ပေါင်းသတ်ဆေးအကြောင်း

. Weeds Management
ပါရာကွက်သည် ဆားအမျိုးအစား ပေါင်းသတ်ဆေး တစ်မျိုးဖြစ်ပြီး ကမ္ဘာပေါ်တွင် ပေါင်းသတ်ဆေးအဖြစ် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလျက်ရှိသော အမျိုးအစား ဖြစ်သည်။ အပင်အစိတ်အပိုင်းများကို ထိတွေ့သောအခါ အစိမ်းရောင်အပင်တစ်ရှူးများကို ထိတွေ့အာနိသင်( Content Action ) ဖြင့် သတ်ပေးသော ပေါင်းသတ်ဆေးဖြစ်သည်။ အပင်သတ်ရာတွင် အလွန်လျင်မြန်သောသတ္တိရှိသည့် ရွေးချယ်မဲ့ ပေါင်းသတ်ဆေးဖြစ်သည်။
  •       

          ပါရာကွက်ပေါင်းသတ်ဆေးကို ၁၈၈၂ ခုနှစ်တွင် စတင်သိရှိလာခဲ့ကြသော်လည်း ပေါင်းသတ်ဆေးအဖြစ် ၁၉၉၅ ခုနှစ်အထိ ပေါင်းသတ်နိုင်သည့်အာနိသင် နှင့် အသုံးကို သတိမထားမိခဲ့ကြချေ။

          ၁၉၆၂ ခုနှစ်အစောပိုင်းတွင် အိုင်စီအိုင်(ICI)ကုမ္ပဏီမှ စတင်ထုတ်လုပ်ရောင်းချခဲ့သည်။ ပါရာကွက် ပေါင်းသတ်ဆေး၏ အခြားပေါင်းသတ်ဆေးများနှင့် မတူကွဲပြားခြားနားချက်များမှာ-

    တစ်နှစ်ခံမြက်မျိုး အတော်များများနှင့် ရွက်ပြန့်ပေါင်းများကိုသော်လည်းကောင်း၊ နှစ်ရှည်ခံပေါင်းပင်များ၏ အပင်များ၊အရွက်ဖျားများကိုသော်လည်းကောင်း ကျယ်ကျယ်ပြန့်ပြန့်သတ်ပေးနိုင်ခြင်း။

    အပင်များကို သတ်ရာတွင် လျင်မြန်သော အာနိသင်ိရှခြင်း။

    ဆေးဖြန်းပြီးမိနစ်ပိုင်းအနည်းငယ်အတွင်း မိုးရွာဒါဏ်ခံနိုင်ခြင်း။

    မြေကြီးပေါ်ဆေးကျရောက်ပါကလည်း မြေဆီလွှာအပေါ် ပြဿနာမရှိခြင်းတို့ ဖြစ်ပါသည်။

          ထို့ကြောင့် ပါရာကွက်ပေါင်းသတ်ဆေးများကို ကျယ်ပြန့်စွာ အသုံးပြုလာကြသည်။ ထို့ကြောင့်လည်း ထွန်ယက်ခြင်းမပြုဘဲ စိုက်ပျိုးသောစနစ်များ(Zero Tillage) နှင့် အံဝင်ခွင်ကျဖြစ်သည်။ ပါရာကွက်ပေါင်းသတ်ဆေးကို အမေရိကန်ပြည်ထောင်စုတွင် သတိထားသုံးစွဲရမည့် ပေါင်းသတ်ဆေးအဖြစ် သတ်မှတ်ထားပြီး၊ ဥရောပတိုက်တွင် ပါရာကွက်ပေါင်းသတ်ဆေးအသုံးပြုခွင့်ကို ၂၀၀၇ ခုနှစ် ကတည်းက တားမြစ်ခဲ့သည်။

           ပါရာကွက်သည် အစာချက်လုပ်ခြင်းကို အဟန့်အတားဖြစ်စေပြီး အပင်ကို သတ်ပေးသော ပေါင်းသတ်ဆေးဖြစ်သည်။ ထိသောပေါင်းသတ်ဆေးဖြစ်သဖြင့် အစိမ်းရောင်ကလိုဖီးလ်များကို သတ်ပေးပြီး အစာမချက်လုပ်နိုင်တော့ဘဲ အပင်သေစေခြင်းဖြစ်သည်။

           ဂလိုင်ဖိုဆိတ်ကို နှစ်ပေါင်းများစွာ အသုံးပြုလာသော နေရာများတွင် အချို့သောပေါင်းများ မသေတော့ဘဲ ဖြစ်လာတတ်သဖြင့် ပါရာကွက်ပေါင်းသတ်ဆေးဖြင့် အလှည့်ကျသုံးစွဲပေးပါက ပို၍ကောင်းသည်။

           ဥပမာ ဩစတျေးလီးယားနိုင်ငံတွင် ဂလိုင်ဖိုဆိတ် နှင့် ပါရာကွက်ကို နှစ်ပြန်သတ်စနစ်(Double Nock)ဖြင့် အသုံးပြုလေ့ရှိကြသည်။ သီးနှံတစ်ခုမစိုက်ပျိုးမီ စိုက်ပျိုးမြေကို ပထမ ဂလိုင်ဖိုဆိတ်ဖြင့် ပက်ဖြန်းပြီး နောက်(၇) ရက်မှ (၁၀) ရက်အကြာတွင် ပါရာကွက်ကို ဒုတိယအကြိမ်ပက်ဖြန်း၍ ပေါင်းသတ်လေ့ရှိကြသည်။

          ပါရာကွက်ပေါင်းသတ်ဆေးကို ပထမဦးစွာ မြက်သတ်ဆေးအဖြစ် ဂရမ်မိုဇုန်း(Gramozone)အမည်ဖြင့် ကျော်ကြားခဲ့သည်။လမ်းဘေးဝဲယာများ၊ရထားသံလမ်းဘေးတစ်လျှောက်များတွင်ပေါက်ရောက်သောမြက်များနှင့် ရွက်ပြန့်ပေါင်းများကိုသတ်ရန် အများဆုံးအသုံးပြုခဲ့ကြသည်။

           ပါရာကွက်ပေါင်းသတ်ဆေး၏အားနည်းချက်မှာထိသေပေါင်းသတ်ဆေးဖြစ်သဖြင့် အပင်၏မြေပေါ်အစိတ်အပိုင်းများ၊ဆေးဖြင့်ထိသောအပင်များသာသေနိုင်သည်။မြေအောက်အစိတ်အပိုင်းများကို မသတ်နိုင်သဖြင့် ဆေးဖြန်းပြီး မိုးပြန်ရွာသည့်အခါ အပင်မြေအောက်ပိုင်း အစိတ်အပိုင်းများမှာ အပင်သစ်များ ပြန်ထွက်လာနိုင်သဖြင့် တစ်ကြိမ်ဖြန်းရုံဖြင့်မလုံလောက်ပါ။

    ကောင်းမှန်-ကံမြင့်

    ပေါင်းနှင့် ပေါင်းသတ်ဆေး စာအုပ်မှ ကူးယူဖော်ပြအပ်ပါသည်။

     


  • article
likes15comments0
views1996