cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

သင်္ကြန် အပြီး ပဲစျေးများ မြင့်တက်နေ

. Market Price
သင်္ကြန် မတိုင်ခင်က မတ်ပဲ တစ်တန်လျှင် ယက သိန်း၂၀နှင့် ၅သောင်းထိ သာရှိခဲ့ ပြီးလက်ရှိ တွင် သိန်း၂၀ နှင့် ၆သောင်း ၃ထောင် အထိ ပြန်တက်လာခြင်း ဖြစ်ကြောင်းသိရသည်။
  • သင်္ကြန် အပြီး ပြည်ပ လိုအပ်ချက် ရှိနေသည့် အတွက် ပဲစျေးများ မြင့်

    တက်နေ ကြောင်း စျေးကွက် မှ သိရပါသည်။


    လက်ရှိ အိန္ဒိယနိုင်ငံတွင် ပဲအထွက်နှုန်း နည်း ခဲ့ ကာ လိုအပ်ချက်ရှိ နေသည့် အပြင် ပြည်တွင်း တွင်လည်းပဲ အထွက်နှုန်း နည်းနေသည် အတွက် သကြင်္န် အပြီး ပဲ အရောင်းအဝယ် ဖြစ်ကာ စျေးနှုန်း မြင့်လာ ကြောင်း သိရသည်။


    “ ကုန်စည်ဒိုင်တွေ တော့ ပိတ်ထားဆဲပါ။ အဓိက အိန္ဒိယလိုအပ်ချက် ရှိလို့

    စျေးတက်တာပါ။ အိန္ဒိယမှာ ပဲ အထွက်နှုန်း နည်းနေတယ် ။ ဒါကြောင့် စျေးက ထပ်တက်ဖို့လည်းရှိတယ်။” ဟု အောင်လံ မြို့ ကုန်စည်ဒိုင်မှ ပဲကုန်သည် ဦးအောင်မိုး ကပြောသည်။


    သင်္ကြန် မတိုင်ခင်က မတ်ပဲ တစ်တန်လျှင် ယက သိန်း၂၀နှင့် ၅သောင်းထိ သာရှိခဲ့ ပြီးလက်ရှိ တွင် သိန်း၂၀ နှင့် ၆သောင်း ၃ထောင် အထိ ပြန်တက်လာခြင်း ဖြစ်ကြောင်းသိရသည်။


    ထို့အ ပြင်လက်ရှိ ပဲစိမ်းငုံ တစ်တန်လျှင် ၂၄သိန်း အထိ ပေါက်စျေးရှိ ကြောင်းသိရသည်။

    လက်ရှိ အိန္ဒိယ က ပဲတင်သွင်းကို အခွန်ကင်းလွတ်ခွင့်ပေးထားခြင်း ဖြစ်ကြောင်းကုန်သည်များ ကပြောသည်။


    ပြည်ပ ပေါက်စျေး FOB အနေဖြင့် မတ် ပဲ တစ်တန်လျှင် ဒေါ်လာ ၉၀၀ ကျော် ထိ ရှိပြီး ပဲစိမ်းငုံ တစ်တန်လျှင် ဒေါ်လာ ၁၀၀၀ ကျော် ထိရှိကြောင်း သိရသည်။

    အကြောင်းအမျိုးမျိုးကြောင့်ပြည်ပသို့ ပဲ တင်ပို့မူ ယခင်နှစ်များ နှင့်ယှဉ်ပါက ထက်ဝက်ကျဆင်းလျက်ရှိကြောင်း ပဲကုန်သည်များထံ မှ သိရသည်။

    ယခုနှစ် တွင် ပဲစင်းငုံ တန်ချိန် ငါးသောင်း ၊ တစ်သိန်း ခန့် နှင့်

    မတ်ပဲ တန်ချိန် နှစ်သိန်းခန့် သာ တင်ပို့နိုင်မည်၍ ပြီးခဲ့သည့် နှစ်များ နှင့်ယှဉ်ပါက ၅၀ရာခိုင်နှုန်း ခန့် ကျဆင်းနိုင်ကြောင်း ကုန်သည်များက သုံးသပ်ကြသည်။


    ယခုနှစ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ၂၀၂၂ခုနှစ် ဧပြီလ ၁ရက် မှ ၂၀၂၃ ခုနှစ် မတ်လ ၁၇ ရက်နေ့ အထိ ပင်လယ်ရေကြောင်းမှ တဆင့် ပဲမျိုးစုံ ၁၅၄၃၄၄၁.၂၉၄ တန် အထိ တင်ပို့ထား ကြောင်း သိရသည်။


    ဖိုးချဲ (AMIA)

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes8comments0
views2081