cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ပုစွန်ချဉ်ပြုလုပ်နည်း

. Cultivation Methods
လိုအပ်သောပစ္စည်းများမှာ အဝကျယ်ဇလုံ၊ အသားကြိတ်စက်၊ ချိန်ခွင်နှင့် ထုပ်ပိုးရန်ငှက်ပျောဖတ် (သို့မဟုတ်) ဓနိဖက်နှင့် လတ်ဆတ်သောပုစွန်၊ ထမင်းနှင့် ဆားတို့ဖြစ်ပါသည်။
  • ပထမလတ်ဆတ်သော ပုစွန်ကိုရေဖြင့်ဆေးပါ။ ထို့နောက်ပုစွန်အား ခေါင်းနှင့်အခွံကိုခွာပါ။ ပုစွန်အသားကိုသာ ရယူပါ။ ပုစွန်ချဉ်ပြုလုပ်ရန်အတွက် ပုစွန်အသားတစ်ပိသာလျှင် ထမင်းအေး (၃၀)ကျပ်သား၊ ဆား (၇)ကျပ်သား အချိုးအစား မှန်ကန်စွာ ချိန်တွယ်ပါ။ ထို့နောက် ပုစွန်အသားနှင့် ထမင်းကို သီးခြားကြိတ်ပါ။ ကြိတ်ပြီးသား ပုစွန်အသား၊ ထမင်းနှင့် ဆားတို့ကို ရောစပ်ပြီး ထပ်မံကြိတ်ပါ။ ထွက်ရှိလာသော ပစ္စည်းများကို အလေးချိန် ဆတူမျှပြီး (ဥပမာ ၂၀ကျပ်သား၊ ၂၅ကျပ်သား) ခွဲခြားပြီး ငှက်ပျောဖက်ဖြင့် ဖြစ်စေ၊ ဓနိဖက်ဖြင့်ဖြစ်စေ ထုပ်ပြီး အလေးဖြင့်ဖိထားပေးပါ။ (၃)ရက်ကြလျှင် ပုစွန်ချဉ် ဖြစ်လာပါသည်။ ပုစွန်ချဉ်၏ အရောင်သည် ပန်းရောင်ဖြစ်ပြီး ကြာရှည်စွာ ထားလိုလျှင် အအေးခံပြီး ထားနိုင်ပါသည်။

    Post-harvest Fishery On-Job Training, Trainee Manual, NAG မှကူးယူဖော်ပြထားပါသည်။

     


  • article
likes
10
comments
0
views
2172