cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

မြန်မာနိုင်ငံမှ ဆန်တန်ချိန်အများအပြား အင်ဒိုနီးရှား ဝယ်ယူမည်

. Market Price
ဆန်တင်ပို့မယ့် နိုင်ငံတွေနဲ့ အရောင်းအဝယ် စာချုပ်တွေကို လက်မှတ်ရေးထိုးသွားမှာဖြစ်ပြီး ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်ခွဲတမ်းကို ဦးစွာ ချိန်ညှိမယ်
  • အင်ဒိုနီးရှားအစိုးရပိုင် နိုင်ငံတော်အဆင့် စားနပ်ရိက္ခာဝယ်ယူသိုမှီးရေးအဖွဲ့ (Bulog) က မြန်မာအပါအဝင် နိုင်ငံ ၅ နိုင်ငံကနေ ဆန်တန်ချိန် (၃) သန်း ဝယ်ယူတင်သွင်းဖို့ ရည်မှန်းထားကြောင်း အင်ဒိုနီးရှားသတင်းဌာနတွေက ရေးသားဖော်ပြပါတယ်။

    ဝယ်ယူသွားမယ့် နိုင်ငံတွေအဖြစ် ၂၀၂၂ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံထံ ဆန်တင်ပို့ရောင်းချခဲ့တဲ့ မိတ်ဖက်နိုင်ငံတွေ ဖြစ်တယ်လို့ သိရှိရပြီး အဲ့ဒီအထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေပါတယ်။

    ‘‘ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု အားကောင်းတဲ့ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း၊ ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံတွေကနေ တင်သွင်းမှာ ဖြစ်ပါတယ်’’လို့ Bulog ဥက္ကဋ္ဌဖြစ်သူ ဘူဒီ ဝါဆဲဆိုက ပြောပါတယ်။

    ဆန်တင်ပို့မယ့် နိုင်ငံတွေနဲ့ အရောင်းအဝယ် စာချုပ်တွေကို လက်မှတ်ရေးထိုးသွားမှာဖြစ်ပြီး ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်ခွဲတမ်းကို ဦးစွာ ချိန်ညှိမယ်လို့ ၎င်းက ဆိုပါတယ်။

    Bulog က အစိုးရအဖွဲ့ ခွင့်ပြုချက်နဲ့ ဆန်တန်ချိန် (၂) သန်း ကနဦးဝယ်ယူဖို့ ခွင့်ပြုမိန့် ပါမစ်ရရှိထားပြီး ပြည်တွင်းဆန်လက်ကျန်အပေါ် မူတည်ကာ တစ်သုတ်ပြီး တစ်သုတ် တင်သွင်းသွားမှာပါ။

    မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံတွေထံ ဆန်/ဆန်ကွဲ တန်ချိန် (၂.၅) သန်း ရောင်းချနိုင်ဖို့ ရည်မှန်းထားပြီး အဲ့ဒီကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ (၁) ဘီလီယံ ရရှိဖို့ မျှော်လင့်ထားပါတယ်။

    သတင်း - BETV Business

    ---

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes
9
comments
0
views
2063