cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

WorldFish Myanmar နောက်ဆုံးရသတင်း

. All News
USAID မှ ရန်ပုံငွေပံ့ပိုးသော ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်း

  • WorldFish "ဝင်ငွေတိုးငါးမွေးမြူရေး" စီမံကိန်းကို USAID (၂၀၁၉-၂၀၂၄) က ရန်ပုံငွေပံ့ပိုးပေးပြီး ရေရှည်ဖွံ့ဖြိုးသည့် ငါးမွေးမြူရေးလုပ်ငန်းများ တိုးတက်ဖော်ဆောင်ခြင်းဖြင့် ဝင်ငွေတိုးခြင်း၊ အာဟာရပြည့် အစားအစာများရရှိခြင်း၊ ဆင်းရဲ နွမ်းပါးမှု လျော့နည်းခြင်းစသော အကျိုးကျေးဇူးများကို အထူးသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများမှ အမျိုးသမီးများနှင့် ကလေးသူငယ်များခံစားနိုင်ရန် ရည်ရွယ်ချက်နှင့်အညီ စီမံကိန်း၏ ၂၀၂၃ ခုနှစ် ပထမ သုံးလပတ် အာဟာရဆိုင်ရာလှုပ်ရှားမှုများကို ဂုဏ်ယူစွာဖြင့် မျှဝေပါသည်။

    လှုပ်ရှားမှုများ

    မိတ်ဖက်အဖွဲ့အစည်းများရှိ ဝန်ထမ်းများအား “ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင် နှင့် (၂ မှ ၅) နှစ်အရွယ် ကလေးငယ်များအတွက် အာဟာရမျှတ၍ကျန်းမာစေရန်စားသောက်နည်းလမ်းညွှန်” သင်တန်းပေးခြင်း ကျန်းမာခြင်းနှင့် အာဟာရပြည့်ဝသောအစားအစာများ စားသောက်ခြင်း ဆိုင်ရာလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းသည် ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်း၏ အဓိကကျသော အစိတ်အပိုင်းများမှ တစ်ခု အပါအဝင်ဖြစ်သည်။ ဤသင်တန်းကို မကွေး၊ မန္တလေး၊ ညောင်ရွှေ၊ မြစ်ကြီးနား နှင့် ကျိုင်းတုံ မြို့များတွင် ကျင်းပခဲ့ပြီး၊ ဝန်ထမ်းစုစုပေါင်း ၄၇ ဦး (ကျား=၂၆၊ မ=၂၁) တက်ရောက်ခဲ့သည်။ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာ ရပ်ရွာဒေသများတွင် အစားအစာအမျိုးမျိုးစားသောက်ခြင်းသည် အရေးပါကြောင်း စသည့် ဗဟုသုတများတိုးပွားစေရန် ရည်ရွယ်ပါသည်။ သင်တန်းတွင် အာဟာရမျှတသည့် အစားအစာအုပ်စုများအားအခြေခံ၍ စားသောက်ခြင်းဆိုင်ရာလမ်းညွှန်များ၊ အစားအစာဘေးကင်းလုံခြုံရေးနှင့် တကိုယ်ရည်သန့်ရှင်းရေးအလေ့အကျင့်ကောင်းများ နှင့်အတူ ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင် နှင့် (၂-၅) နှစ်အရွယ် ကလေးများအတွက် အစားအစာပြင်ဆင်ပုံများကို ပို့ချခဲ့သည်။ ရပ်ရွာများတွင် မျှတ၍ အာဟာရပြည့်ဝသော အစားအစာများစားသောက်ခြင်း ဆိုင်ရာ ရှင်းလင်းပြည့်စုံသည့်သတင်းစကားတိုများကို ပြန်လည်ဝေငှာပေးရန် ဤသင်တန်းမှ ကွင်းဆင်းဝန်ထမ်းများအား သင်ကြားပေးခဲ့သည်။

    ၂၀၂၃ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ၂၀၂၃ မတ်လ ၈ ရက်နေ့တွင် ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်းမှ

    “ကျား/မ တန်းတူညီမျှဖို့ ဒစ်ဂျစ်တယ် နည်းပညာဖြင့် ဆန်းသစ်တီထွင်စို့” ဟူသော နိုင်ငံတကာဆောင်ပုဒ်နှင့်အညီ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားကို ကျင်းပခဲ့သည်။ မကွေးတိုင်း၊ စလင်းမြို့နယ်၊ ငွေတောင်ရပ်ရွာမှ အမျိုးသမီး စုစုပေါင်း ၂၀ ဦး ပါဝင်တက်ရောက်ခဲ့ပြီး၊ ၎င်းတို့၏ အတွေးအမြင်များ၊ အတွေ့အကြုံများနှင့်အတူ အမြန်အဆန်ပြောင်းလဲလာသည့် မိမိပတ်ဝန်းကျင်တွင် ဒစ်ဂျစ်တယ် နည်းပညာအသုံးပြုမှုများအပေါ် ကောင်းကျိုး၊ ဆိုးကျိုး နှင့် အားနည်းချက်များကို ဆွေးနွေးခဲ့ကြသည်။

     


  • article
likes
8
comments
0
views
2030