cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ထိုင်းနယ်စပ်နှင့်တရုတ်နယ်စပ်မှ တင်ပို့နိုင်ခြင်းမရှိတာကြောင့် ပြည်တွင်းပြောင်းပေါက်ဈေး ကျဆင်းနေ

. Market Price
သင်္ကြန်ကာလအပြီး နောက် ပိုင်းမှာ ပြောင်းဈေးကောင်းလာမယ် မျှော်လင့်ပေမယ့် မြ၀တီနယ်စပ်မှာ လမ်းပန်းဆက်သွယ်ရေးလုံခြုံရေး မကောင်းတာကြောင့် ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့နိုင်ခြင်းမရှိဘဲ ပြည် တွင်းအစာစက်ရုံများ၏ ဝယ်လို အားသာရှိနေတာပါ။
  • သင်္ကြန်ကာလနောက်ပိုင်း နယ်စပ်မှတစ်ဆင့် ပြောင်းတင်ပို့မှု ပိုမိုကောင်းလာနိုင်ရန် မျှော်လင့်ထား သော်လည်း လမ်းပန်းဆက်သွယ် ရေးလုံခြုံမှုနှင့် ပို့ကုန်အခွန်ကိစ္စရှင်း လင်းမှုမရှိသေးတာကြောင့် ပြည် တွင်းပြောင်းပေါက်ဈေးမြင့်တက် မလာဘဲ ကျဆင်းနေခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံပြောင်းစိုက်ပျိုး ထုတ်လုပ်ရောင်းဝယ်သူများအသင်း ဥက္ကဋ္ဌ ဦးနေဝင်းစိုးက ပြောသည်။

    {{သင်္ကြန်ကာလအပြီး နောက် ပိုင်းမှာ ပြောင်းဈေးကောင်းလာမယ် မျှော်လင့်ပေမယ့် မြ၀တီနယ်စပ်မှာ လမ်းပန်းဆက်သွယ်ရေးလုံခြုံရေး မကောင်းတာကြောင့် ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့နိုင်ခြင်းမရှိဘဲ ပြည် တွင်းအစာစက်ရုံများ၏ ဝယ်လို အားသာရှိနေတာပါ။ ရန်ကုန်ဆိပ် ကမ်းအရောက် ပြောင်းတစ်ပိဿာ မှာ ငွေကျပ် ၁၂၂၀ သာပေါက်ဈေး ရှိပါတယ်။ ဒီပေါက်ဈေးကို ရောင်း သူမရှိလို့ FဥB တင်ပို့နိုင်ခြင်းမရှိ ပါဘူး။ ပုံမှန်ပေါက်ဈေးက ပြောင်း တစ်ပိဿာ ငွေကျပ် ၁၂၅၀ ပေါက် ဈေးခန့်ဖြစ်သင့်သော်လည်း လက် ရှိမှာ ဈေးကျဆင်းနေပါတယ်။ ပြည် တွင်းမှာ ပြောင်းစိုက်တောင်သူအနေ နဲ့လည်း ပြောင်းပေါက်ဈေးလျော့ ကျနေပါတယ်}}ဟု ၎င်းက ပြော သည်။

    လက်ရှိပြောင်းပေါက်ဈေးကျ ဆင်းနေရခြင်းမှာ ထိုင်းနယ်စပ်သို့ မတင်ပို့နိုင်ခြင်း၊ တရုတ်နိုင်ငံနှင့် Gဗဃဃ သဘောတူညီမှုရရှိထား သည့် ပို့ကုန်ကုမ္ပဏီများလည်း တရုတ်နိုင်ငံမှ တိကျသည့်အခွန် သတ်မှတ်ချက်မရရှိသေးတာကြောင့် တင်ပို့နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

    လာမည့် ပြောင်းရာသီမှာ မျိုး မြေဆီ ဈေးနှုန်းအနည်းငယ်ကျဆင်း မှုရှိသော်လည်း ပြောင်းစိုက်တောင် သူများအနေဖြင့် အခြားလုပ်သား စရိတ်၊ စက်သုံးဆီစရိတ်များ၊ သယ် ယူပို့ဆောင်စရိတ်များ ဈေးမြင့် တက်နေတာကြောင့် စိုက်ပျိုး စရိတ်မြင့်တက်လာသည်။ ထိုသို့ စိုက်ပျိုးစရိတ်မြင့်တက်လာသော် လည်း ပြည်တွင်းပြောင်းပေါက် ဈေးမှာ ငွေကျပ် ၁၂၀၀ ဝန်းကျင် သာရှိသဖြင့် တောင်သူများ အကျိုး အမြတ်နည်းပါးကြောင်း သိရ သည်။

    ဧပြီ ၂၀ ရက်တွင် ရန်ကုန် ပြောင်းပေါက်ဈေး တစ်ပိဿာ ငွေ ကျပ် ၁၂၂၀၊ မန္တလေးဈေး ၅၄ ပိဿာတစ်အိတ်ငွေကျပ် ၆၁၅၀၀ ပေါက်ဈေးသာရှိကြောင်း သိရ သည်။

    ရွှေမန်း

    ဤဆောင်းပါးကိုမကွေးဂျာနယ်မှကူးယူဖော်ပြပါသည်။

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes
14
comments
1
views
3456