ဂျင်းစိုက်ပျိုးနည်း(စ-ဆုံး)
ကာဗွန်ပာိုက်ဒရိတ် ၁၇.၇၇ %၊
သကြား ၁.၇% ၊
အမျှင်ဓါတ် ၂% ၊
ပရိုတင်း ၁.၈၂ %
အဆီ ဝ.၇၅% ပါဝင်ပါတယ်...။
=================
ဂျင်းမျိုး
ရှမ်းဂျင်း
ဂျင်းဖြူ (ပြည်ပမျိုး)
ဒေသအခေါ် ဂျင်းဖြူမျိုးသည် အနံ့မွှေး၊ အမျှင်နည်း၊ ရှမ်းဂျင်း ထက်ပိုနူးညံ့သည်၊ ပို၍ ဆတ်သည်၊ ဆေးဖက်ဝင်သည်၊ မျိုးထားမည့်ဂျင်းကို သက်တမ်း(၇)လမှ (၈)လရှိပြီး ရင့်ချိန် အပင်ရွက်များ ချသည့် အခါ ဖော်ရမည်။
စိုက်မဲ့ဂျင်းတက်များသည် တစ်လက်မခွဲနှစ်လက်မအရွယ်၊ အလေးချိန် (3) ကျပ်သား ရှိရမည်။ အောက်ဆုံးချင်းတက်များသည် ပို၍ရင့်သဖြင့် မျိုးထားရန် အကောင်းဆုံးဖြစ်သည်။
စိုက်ရမည့်အချိန်
မတ် အေပြီလတွင် ထွန်ရေးစပြီး တစ်ထပ် နှစ်ထပ် မြေလှန်ထားပါ။ မေလ မြေလည်းစို မိုးလည်းကျမှ သုံးသွား
ထွန် တစ်စပ်ထိုးပါ။ ဇွန်လမှာ ငါးသွားထွန်တစ်စပ်ထိုးပါ။ စိုက်ဘောင်လုပ်ပါ။ မြေကြီးထဲမှာ အတက်ပွားရမှာမို့ အပေါ်ယံ မြေလွှာ (12) လက်မခန့် ထူပွရွရပါမည်။ရေသွင်း ထုတ်မြောင်းများထားပါ။ ပေါင်းမြက်များရှင်းလင်းပြီး စိုက်လို့ရပါပြီ။
စိုက်နည်း
မြေထဲသို့ တလက်မခွဲ နှစ်လက်မမြုပ်ပါ။ စိုက်တန်းတခုနှင့်တခု (10)လက်မခွာပါ။ တပင်နှင့်တပင် (10)လက်မခြားပြီး သုံးပွင့်ဆိုင်စိုက်ပါ။ အစိုဓာတ်ထိမ်းအောင် ကောက်ရိုးဖုံးပါ။ ရေလိုအပ်ပါက မိုးအကုန် အောက်တိုဘာ၊ နိုဝင်ဘာလတွေမှာ ရေသွင်းပေးပါ။ မလိုလျှင်မသွင်းရ။သဘာဝမြေဆွေး မြေသြဇာထည့်ပါ။ ကွန်ပေါင်းမြေသြဇာထည့်လည်းရပါတယ်။
ဂျင်းမျိုးကိုတိုက်ရိုက်ဖဲ့ပြီးစိုက်ပျိုးခြင်း
ဂျင်းကို တိုက်ရိုက်စိုက်ပျိုးမည်ဆိုပါက မျက်စေ့(၁)စေ့မှ(၂)စေ့ ပါဝင်ပြီး (၂)ကျပ်သားခန့်ရှိ ဂျင်းတက်ကို တိုက်ရိုက်မြေချ စိုက်ပျိုး နိုင်ပါသည်။ ၎င်းအပြင် ဂျင်းတက်မှ မျက်စေ့ပါသော ဂျင်းတက်ဖုကို လက်ဖြင့်ဖဲ့၍ ဂျင်း မျက်စေ့ အား အပေါ်ဘက်ထားပြီး မြေတွင် ၁↔ခန့် တိုက်ရိုက်မြုပ်၍လည်း စိုက်ပျိုးနိုင်သည်။
ဂျင်းတက်ဖဲ့သည့် အခါ အစေးများထွက်ပြီး ၎င်းအစေးကြောင့် မှိုရောဂါဝင်ပြီး ဂျင်း ပုပ်တတ်ပါသည်။
သို့ပါ၍ ဂျင်းကို အတက်ဖဲ့ပြီး (၂)နာရီခန့် လေသလပ်ခန်ပြီး အစေးခြောက်ပါက ဘောင်စနစ်ဖြင့် လည်းကောင်း၊ဝါးပေါက်ခြင်း ဘောင်ခတ် စနစ်ဖြင့်လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။
ဂျင်းမျိုးကိုမျိုးညှောင့်ဖောက်ပြီးစိုက်ပျိုးခြင်း
ဧပြီလတွင် မျိုးညှောင့်ဖောက်လျှင် အကောင်းဆုံးဖြစ်ပါသည်။ -အရိပ်အောက်တွင် မြေကြီးပေါ်၌ သဲပါးပါး ခင်းပါ။
-မြေဆွေး (သို့မဟုတ်) နုံးမြေပါးပါးဖြင့် ဖုံးပါ။ အစိုဓါတ်မပြတ်စေရန် လိုအပ်လျှင် ရေလောင်း ပေးပါ။ -(၁၀) ရက်ခန့်ကြာလျှင် မျက်စေ့အဖုများမှာ အစိမ်းနုရောင် သန်းသော အညှောင့်ကလေးများ ထွက် လာသည်။ ၎င်းအစိမ်းနုရောင် မျက်စေ့ဖုများ၏ ပတ်ပတ်လည် လက်မဝက်ခန့် ချန်၍ ဓါးထက်ထက်ဖြင့် လှီး ဖြတ်ပါ။
-ဂျင်းမျိုး မျက်စေ့ဖုများ ရရှိလာပါသည်။
၎င်းဂျင်းမျိုးများကိုအစေးခြောက်သွားစေရန် (၂)နာရီခန့်လေသလပ်ခံပါ။ အစေးများခြောက်သွားပါက ဘောင်စနစ်ဖြင့် လည်းကောင်း၊ ခြင်းစနစ်ဖြင့် လည်းကောင်း၊ ဝါးပေါက်ခြင်း ဘောင်ခတ်စနစ်ဖြင့် လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။
အိတ်ဖြင့်စိုက်လျှင်မြေစာစပ်နည်း
-နုန်းမြေ (4) ဆ
-နွားချေးဆွေး (1) ဆ
-သစ်ရွက်ဆွေး (1) ဆ
-သဲကြမ်း (1)ဆ
-မီးဖိုပြာ (အနည်းငယ်)
-မဖောက်ထုံး (အနည်းငယ်)
-ငါးအမိုင်နိုအား ဖြန်းပေးနိုင်သည်။
(နုန်းမြေနုပါက သဲကြမ်း နှစ်ဆထည့်ပါ)
ကျရောက်သောရောဂါပိုးများ
(1) ရွက်စားခူ
(2) ပျပိုးခေါင်ညွှန့်ထိုးပိုး
(3) လှေပိုး
(4) နှံကောင်
(5) ရွက်ပျောက်ရောဂါ
(6) မှိုရောဂါ
..................
အထွက်နှုန်း
တဧက ပိသာ (2000)ကျော် ထွက်ရှိနိုင်ပြီး ကာလမှာ (7-8)လဖြစ်ပါသည်။ မျိုးထည့်ရမည့် နှုန်းမှာ တစ်ဧက (300-350) ပိသာဝန်းကျင် ရှိပါမည်။
ထားသိုနည်း
ဂျင်းကိုအချို့တောင်သူများသည် (2-3)နှစ် ကြာမှဖော်ရောင်းကြပါသည်။ ပထမနှစ်ထွက်သော ဂျင်းကို နောက်နှစ် ထွက်သော အတက်မှတွယ်ကပ်နေရာ နှစ်ထပ်ဂျင်း အဖြစ်ရောင်းကြပါသည်။ ဂျင်းကို ဖော်ပြီးပြီးခြင်း အစိမ်းလိုက် ရောင်းရသည်။ ခြောက်သွေ့သွားလျှင် အလေးချိန်မလျော့ အောင် အောက်မှသဲခံပြီး အရိပ် အောက်တွင် ထားသိုနိုင်ပါသည်။
ကြိုက်နှစ်သက်သောဒေသရာသီ
မိုးများဒေသ မြစ်ချောင်းပေါသောဒေသ သဲနုန်းမြေ၊ နုန်းမြေ၊ မြေနီသဲဝန်းမြေ ရေသွင်းရေထုတ်ကောင်းသောမြေ
မစိုက်သင့်သောမြေ
မာကြောသောမြေ၊ မြေစီး ကျောက်တုံး ထူထပ်မြေများတွင် မစိုက်သင့်ပါ။
အရိပ်ကြိုက်သောအပင်မျိုးဖြစ်သဖြင့် နှစ်ရှည်အပင်ကြီးများအောက်တွင် ဖြစ်စေ စင်တင်စိုက်သော အပင်များအောက်တွင် ဖြစ်စေ စိုက်ပျိုးနိုင်ပါသည်။ အရိပ်ကောင်းလေ အထွက်ကောင်းလေ ဖြစ်ပါသည်။
ဂျင်း သည် မရှိမဖြစ်အသုံးပြုသော သီးနှံဖြစ်ခြင်း။ ပြည်ပပို့ကုန်ဖြစ်ခြင်းကြောင့် စီးပွားဖြစ်စိုက်ပျိုးသင့်သော သီးနှံတစ်မျိုး ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။
Source- ဦးအောင်သိန်း (ဥယျာဉ်စိုက်ပျိုးခြင်းပညာ)
ဦးမြင့်ဆွေ (စိုက်ပျိုးရေးရာသိမှတ်စရာ)
ဦးမျိုးသန့် (ခေတ်မီဘက်စုံစိုက်ပျိုးနည်းပညာ)
နည်းသစ်စွယ်စုံဂျာနယ်