cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဆန်ချော/ဆန်ကြမ်းဈေး အတက်ကြမ်းနေ

. Market Price
ဆန်ကြမ်းအုပ်စုဝင် ရက် - ၉၀ ဆန်တစ်အိတ်ဆိုရင် ကျပ် (၆၇,၀၀၀) အထိ (၇၀၀၀) ကျပ်ခန့် မြင့်တက်သွားခဲ့ပြီး လက်လီ သို့မဟုတ် ဆန်ဆိုင်ဈေးတွေဆိုရင် ယခုထက် ပိုမိုမြင့်တက်နိုင်ချေ ရှိပါတယ်။
  • ယခုရက်ပိုင်းအတွင်း ရန်ကုန်ဈေးကွက်ကို ဆန်ဝင်ရောက်မှု လျော့နည်းလာတာကြောင့် ပြည်တွင်း စားသုံးမှုများတဲ့ ဆန်ချောတွေအပြင် ပြည်ပဈေးကွက်ဝင် ဆန်ကြမ်းတွေပါ အတက်ကြမ်းနေတယ်လို့ သိရှိရပါတယ်။

    ပြည်တွင်း/ပြည်ပရဲ့ ဝယ်လိုအားရှိနေချိန် ရုတ်တရက် မြင့်တက်လာတာမျိုးဖြစ်နိုင်ပြီး ဆန်ကုန်စည်ဒိုင်တွေကို ပုံမှန်ဝင်ရောက်တဲ့ ပမာဏအောက် အိတ်ရေ ၁၅၀၀၀ ခန့် လျော့ကျသွားခြင်းနဲ့ ဆက်နွယ်မှုရှိတယ်လို့ ပြောဆိုကြပါတယ်။

    ဆန်ဝင်ရောက်မှု လျော့ကျနေချိန်မှာ အရောင်းအဝယ် ကောင်းနေတယ်လို့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက ထုတ်ပြန်ပြောဆိုပါတယ်။

    အသင်းကနေ ယနေ့ထုတ်ပြန်ခဲ့တဲ့ ဈေးကွက်အချက်အလက်တွေမှာ ရွှေဘိုပေါ်ဆန်းတစ်အိတ်က ကျပ် (၁၀၅,၀၀၀) အထိ နှစ်ရက်အတွင်း ကျပ် ၈၀၀၀ ခန့် မြင့်တက်သွားကြောင်း ဖော်ပြထားပါတယ်။

    ဆန်ကြမ်းအုပ်စုဝင် ရက် - ၉၀ ဆန်တစ်အိတ်ဆိုရင် ကျပ် (၆၇,၀၀၀) အထိ (၇၀၀၀) ကျပ်ခန့် မြင့်တက်သွားခဲ့ပြီး လက်လီ သို့မဟုတ် ဆန်ဆိုင်ဈေးတွေဆိုရင် ယခုထက် ပိုမိုမြင့်တက်နိုင်ချေ ရှိပါတယ်။

    လက်ရှိအခြေအနေမှာ လျှပ်စစ်မီး လိုအပ်ချက်ကြောင့် ဆန်စက်တွေရဲ့ ပုံမှန်ထုတ်လုပ်နိုင်မှုအောက် ကျဆင်းနေပြီး တဖက်မှာလည်း ဆန်ဝင်ရောက်မှုနည်းပါးလာချိန် ဈေးကစားသူတွေကြောင့်လည်း ဖြစ်နိုင်ချေရှိကြောင်း သုံးသပ်ကြပါတယ်။

    သတင်းနှင့်ပုံ - BETV Business

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes
14
comments
0
views
1474